၂၀၂၂ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရဖို့ နောက်ဆုံး ၅ နေရာသာ ကျန်

ပြီးခဲ့အင်္ဂါညခြေစစ်ပွဲတွေအပြီးမှာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက်

ခြေစစ်ပွဲအောင် အသင်း ၇ သင်းထပ်မံပေါ်ထွက်လာပါတယ်။

သူတို့တွေက ဥရောပဇုန်က ၂ သင်းနဲ့ အာဖရိကဇုန်က ၅ သင်းတို့ဖြစ်ကာ

ပေါ်တူဂီ၊ ပိုလန်၊ ဂါနာ၊ ဆီနီဂေါ၊ မော်ရိုကို၊ တူနီးရှားနဲ့ ကင်မရွန်းတို့ပါ။

ဒါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းအရေအတွက်ဟာ

အိမ်ရှင်ကာတာအပါအဝင် စုစုပေါင်း ၂၇ သင်း ရှိသွားခဲ့တယ်။

ဒီထဲမှာ အိမ်ရှင်အပါအဝင် ဥရောပဇုန်က ၁၂ သင်း၊ တောင်အမေရိကဇုန်က

၄ သင်း၊ အာရှဇုန်က ၄ သင်းနဲ့ အာဖရိကဇုန်က ၅ သင်းနဲ့

ကွန်ကာကပ်ဖ်ဇုန်က ၁ သင်းတို့ပါဝင်တာပါ။

တစ်နည်းအားဖြင့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားအတွက်

လက်ကျန် ၅ နေရာသာ ရှိပါတော့တယ်။

အဲဒီလက်ကျန် ၅ နေရာမှာ ၂ နေရာက ကွန်ကာကပ်ဖ်ဇုန်က

တိုက်ရိုက် ၂ နေရာဖြစ်ပြီး အဲဒီအတွက် အမေရိကန်နဲ့ မက္ကဆီကိုတို့ဟာ

ခြေစစ်ပွဲအောင်လုအောင်ခင်ဖြစ်နေကြတာပါ။ ကျန်ရှိတဲ့ ၃ နေရာကတော့

ဥရောပဇုန် play-off တစ်နေရာနဲ့ တိုက်အချင်းချင်းကြား play-off ပွဲတွေက

ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ဥရောပ play-off တစ်နေရာမှာ ဗိုလ်လုပွဲတက်သွားတဲ့

ဝေးလ်က စကော့တလန်နဲ့ယူကရိန်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့

လာမယ့်ဇွန်လရောက်မှ ကစားရမှာပါ။ တိုက်အချင်းချင်းကြား play-off

၂ ပွဲမှာတော့ တစ်ပွဲက တောင်အမေရိကဇုန်မှာ အဆင့် ၅ ရတဲ့ ပီရူးဟာ

အာရှဇုန်က သြစတြေးလျနဲ့ယူအေအီးတို့ရဲ့ပွဲကနေ အနိုင်ရတဲ့အသင်းနဲ့

ကစားရမှာဖြစ်တယ်။ play-off နောက်တစ်ပွဲမှာတော့ ကွန်ကာကပ်ဖ်ဇုန်က

အဆင့် ၄ အသင်းနဲ့ သမုဒ္ဒရာပိုင်းဇုန်မှာ အနိုင်ရတဲ့အသင်းတို့ကစားရမှာပါ။

zawgyi

၂၀၂၂ ကမာၻ႔ဖလားယွဥ္ၿပိဳင္ခြင့္ရဖို႔ ေနာက္ဆုံး ၅ ေနရာသာ က်န္

ၿပီးခဲ့အဂၤါညေျခစစ္ပြဲေတြအၿပီးမွာ ၂၀၂၂ ကမာၻ႔ဖလားအတြက္

ေျခစစ္ပြဲေအာင္ အသင္း ၇ သင္းထပ္မံေပၚထြက္လာပါတယ္။

သူတို႔ေတြက ဥေရာပဇုန္က ၂ သင္းနဲ႔ အာဖရိကဇုန္က ၅ သင္းတို႔ျဖစ္ကာ

ေပၚတူဂီ၊ ပိုလန္၊ ဂါနာ၊ ဆီနီေဂါ၊ ေမာ္႐ိုကို၊ တူနီးရွားနဲ႔ ကင္မ႐ြန္းတို႔ပါ။

ဒါေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားပါဝင္ယွဥ္ၿပိဳင္ခြင့္ရတဲ့အသင္းအေရအတြက္ဟာ

အိမ္ရွင္ကာတာအပါအဝင္ စုစုေပါင္း ၂၇ သင္း ရွိသြားခဲ့တယ္။

ဒီထဲမွာ အိမ္ရွင္အပါအဝင္ ဥေရာပဇုန္က ၁၂ သင္း၊ ေတာင္အေမရိကဇုန္က

၄ သင္း၊ အာရွဇုန္က ၄ သင္းနဲ႔ အာဖရိကဇုန္က ၅ သင္းနဲ႔

ကြန္ကာကပ္ဖ္ဇုန္က ၁ သင္းတို႔ပါဝင္တာပါ။

တစ္နည္းအားျဖင့္ ၂၀၂၂ ကာတာကမာၻ႔ဖလားအတြက္

လက္က်န္ ၅ ေနရာသာ ရွိပါေတာ့တယ္။

အဲဒီလက္က်န္ ၅ ေနရာမွာ ၂ ေနရာက ကြန္ကာကပ္ဖ္ဇုန္က

တိုက္႐ိုက္ ၂ ေနရာျဖစ္ၿပီး အဲဒီအတြက္ အေမရိကန္နဲ႔ မကၠဆီကိုတို႔ဟာ

ေျခစစ္ပြဲေအာင္လုေအာင္ခင္ျဖစ္ေနၾကတာပါ။ က်န္ရွိတဲ့ ၃ ေနရာကေတာ့

ဥေရာပဇုန္ play-off တစ္ေနရာနဲ႔ တိုက္အခ်င္းခ်င္းၾကား play-off ပြဲေတြက

ျဖစ္ပါတယ္။ က်န္ရွိတဲ့ ဥေရာပ play-off တစ္ေနရာမွာ ဗိုလ္လုပြဲတက္သြားတဲ့

ေဝးလ္က စေကာ့တလန္နဲ႔ယူကရိန္းတို႔ပြဲက အႏိုင္ရတဲ့အသင္းနဲ႔

လာမယ့္ဇြန္လေရာက္မွ ကစားရမွာပါ။ တိုက္အခ်င္းခ်င္းၾကား play-off

၂ ပြဲမွာေတာ့ တစ္ပြဲက ေတာင္အေမရိကဇုန္မွာ အဆင့္ ၅ ရတဲ့ ပီ႐ူးဟာ

အာရွဇုန္က ၾသစေၾတးလ်နဲ႔ယူေအအီးတို႔ရဲ႕ပြဲကေန အႏိုင္ရတဲ့အသင္းနဲ႔

ကစားရမွာျဖစ္တယ္။ play-off ေနာက္တစ္ပြဲမွာေတာ့ ကြန္ကာကပ္ဖ္ဇုန္က

အဆင့္ ၄ အသင္းနဲ႔ သမုဒၵရာပိုင္းဇုန္မွာ အႏိုင္ရတဲ့အသင္းတို႔ကစားရမွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*