၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းဟောင်းရဲ့ အီမရိတ်စ်ကွင်းကို ခြေပြန်ချခဲ့တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးဟာ ၂၀၁၈၊ မေလနောက်ပိုင်း ပထမဆုံး

အကြိမ်အဖြစ် အသင်းဟောင်းရဲ့ ပွဲကို လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ အီမရိတ်စ်မှာ
ယှဉ်ပြိုင်ကစားခဲ့ပြီး အာစင်ဝင်းဂါးက အသင်းနဲ့လမ်းခွဲပြီးနောက်ပိုင်း အီမရိတ်စ်
ကွင်းကို ပထမဆုံးအကြိမ် ခြေပြန်ချခဲ့တာဖြစ်ပါတယ်။

ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးကိုယ်တိုင် လာကြည့်တဲ့ပွဲမှာ အာဆင်နယ်တို့
ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ဝက်စ်ဟမ်းကို (၃-၁)ဂိုးနဲ့အနိုင်ကစားခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်

အဓိကပြိုင်ဘက် မန်စီးတီးအသင်းထက် (၁)ပွဲကစား၊ (၈)မှတ်အထိ ဖြတ်ထားနိုင်သလို
အဆင့်(၂)နေရာက နယူးကာဆယ်ကိုလည်း (၇)မှတ်ဖြတ်နိုင်ခဲ့ပါပြီ။

အာဆင်နယ်အသင်းနည်းပြအာတီတာအနေနဲ့ အာစင်ဝင်းဂါးနောက်ပိုင်း အသင်းအတွက်
ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နိုင်ဖို့
မျှော်လင့်ချက်ရှိလာပါတယ်။

အာဆင်နယ်အသင်းကို ၁၉၉၆ ကနေ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့သူ အာစင်ဝင်းဂါးဟာ
အာဆင်နယ်နည်းပြဘ၀ (၂၂)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား
(၇)ကြိမ်၊ ကွန်မြူနတီဒိုင်း (၇)ကြိမ်ရရှိခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုအဖြစ် ၂၀၀၃-၀၄
ရာသီက ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ရွှေဖလားဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ကစားသမားဘဝတုန်းက အာဆင်နယ်အသင်းမှာ အာစင်ဝင်းဂါးနဲ့ လက်တွဲခဲ့ဖူးတဲ့
အာတီတာဟာ အခု နည်းပြဘဝမှာလည်း သူ့ဆရာဟောင်းလို အောင်မြင်မှုရယူနိုင်ဖို့

နီးစပ်နေပြီး ၂၀၀၄ နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို
ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

[Zawgyi]

အာဆင္နယ္ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါးဟာ ၂၀၁၈၊ ေမလေနာက္ပိုင္း ပထမဆုံး
အႀကိမ္အျဖစ္ အသင္းေဟာင္းရဲ႕ ပြဲကို လာေရာက္ၾကည့္ရႈအားေပးခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္စ္ဟမ္းနဲ႔ အီမရိတ္စ္မွာ
ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အာစင္ဝင္းဂါးက အသင္းနဲ႔လမ္းခြဲၿပီးေနာက္ပိုင္း အီမရိတ္စ္
ကြင္းကို ပထမဆုံးအႀကိမ္ ေျချပန္ခ်ခဲ့တာျဖစ္ပါတယ္။

ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါးကိုယ္တိုင္ လာၾကည့္တဲ့ပြဲမွာ အာဆင္နယ္တို႔
ေျခစြမ္းေကာင္းျပသႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းကို (၃-၁)ဂိုးနဲ႔အႏိုင္ကစားခဲ့ပါတယ္။

အခုႏိုင္ပြဲေၾကာင့္ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္
အဓိကၿပိဳင္ဘက္ မန္စီးတီးအသင္းထက္ (၁)ပြဲကစား၊ (၈)မွတ္အထိ ျဖတ္ထားႏိုင္သလို
အဆင့္(၂)ေနရာက နယူးကာဆယ္ကိုလည္း (၇)မွတ္ျဖတ္ႏိုင္ခဲ့ပါၿပီ။

အာဆင္နယ္အသင္းနည္းျပအာတီတာအေနနဲ႔ အာစင္ဝင္းဂါးေနာက္ပိုင္း အသင္းအတြက္
ပရီးမီးယားလိဂ္ခ်န္ပီယံဆု ရယူေပးႏိုင္တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္းဝင္ႏိုင္ဖို႔
ေမွ်ာ္လင့္ခ်က္ရွိလာပါတယ္။

အာဆင္နယ္အသင္းကို ၁၉၉၆ ကေန ၂၀၁၈ ခုႏွစ္အထိ ကိုင္တြယ္ခဲ့သူ အာစင္ဝင္းဂါးဟာ
အာဆင္နယ္နည္းျပဘ၀ (၂၂)ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္(၃)ႀကိမ္၊ FA ဖလား
(၇)ႀကိမ္၊ ကြန္ျမဴနတီဒိုင္း (၇)ႀကိမ္ရရွိခဲ့ၿပီး သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ ၂၀၀၃-၀၄

ရာသီက ရႈံးပြဲမရွိစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ေ႐ႊဖလားဆုကို ပိုင္ဆိုင္ခဲ့ပါတယ္။

ကစားသမားဘဝတုန္းက အာဆင္နယ္အသင္းမွာ အာစင္ဝင္းဂါးနဲ႔ လက္တြဲခဲ့ဖူးတဲ့

အာတီတာဟာ အခု နည္းျပဘဝမွာလည္း သူ႔ဆရာေဟာင္းလို ေအာင္ျမင္မႈရယူႏိုင္ဖို႔
နီးစပ္ေနၿပီး ၂၀၀၄ ေနာက္ပိုင္းကတည္းက ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို
ျပန္လည္ပိုင္ဆိုင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။