၂၀၁၇ နောက်ပိုင်း ဥရောပပြိုင်ပွဲ ရှုံးထွက်အဆင့်တွေမှာ စပိန်ကလပ်တွေကို ရှုံးပြီး ထွက်ခဲ့ရတဲ့ မှတ်တမ်းဆိုး ရပ်တန့်နိုင်အောင် ယူနိုက်တက် ကြိုးပမ်းရမယ် . .

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်း

အဆင့် ပထမအကျော့အဖြစ် ဘက်တစ်အသင်းကို ဒီည(မြန်မာစံတော်ချိန်
သောကြာမနက် ၂:၃၀)မှာ အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပါတယ်။

လိဂ်ဖလားချန်ပီယံဆုရယူပြီး ဖလား(၄)လုံးမျှော်လင့်ချက်ထဲက
ပထမဆုံးဆုဖလားဆွတ်ခူးခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့
တစ်ပတ်က လီဗာပူးလ်ကို (၇-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ မဖြစ်နိုင်တော့ဘဲ လက်ကျန်ပြိုင်ပွဲ(၂)ခု
ဖြစ်တဲ့ FA ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေမှာ ဗိုလ်စွဲအောင် ကြိုးစား

ရတော့မှာပါ။

ယူနိုက်တက်နဲ့ ဘက်တစ်တို့ဟာ ဥရောပပြိုင်ပွဲတွေမှာ တစ်ခါမှ မတွေ့ဖူးဘဲ

အခုမှ ပထမဆုံးအကြိမ် ရင်ဆိုင်ကြမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ
ဘာစီလိုနာကို ကျော်ဖြတ်ပြီး အခုအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့်
စပိန်ကလပ်တွေနဲ့ ရှုံးထွက်အဆင့်တွေမှာ ဆုံတွေ့ရင် မှတ်တမ်းသိပ်မကောင်း
တာကြောင့် ဘက်တစ်ကို အထင်သေးလို့ မရပါဘူး။

ယူရိုပါလိဂ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း
ယူနိုက်တက်တို့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်တွေမှာ
စပိန်ကလပ်တွေကို ရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

၂၀၁၇-၁၈ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းမှာ ဆီဗီလာ၊ ၂၀၁၈-၁၉ ချန်ပီယံလိဂ်
ကွာတားဖိုင်နယ်မှာ ဘာစီလိုနာ၊ ၂၀၁၉-၂၀ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဆီဗီလာ၊

၂၀၂၀-၂၁ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ဗီလာရီးယဲလ်၊ ၂၀၂၁-၂၂ ချန်ပီယံလိဂ်
ရှုံးထွက်(၁၆)သင်းအဆင့်မှာ အက်သလက်တီကိုအသင်းတွေကို ရှုံးနိမ့်ခဲ့တာ
ဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္း
အဆင့္ ပထမအေက်ာ့အျဖစ္ ဘက္တစ္အသင္းကို ဒီည(ျမန္မာစံေတာ္ခ်ိန္
ေသာၾကာမနက္ ၂:၃၀)မွာ အိမ္ကြင္းပြဲ လက္ခံကစားရမွာျဖစ္ပါတယ္။

လိဂ္ဖလားခ်န္ပီယံဆုရယူၿပီး ဖလား(၄)လုံးေမွ်ာ္လင့္ခ်က္ထဲက
ပထမဆုံးဆုဖလားဆြတ္ခူးခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့
တစ္ပတ္က လီဗာပူးလ္ကို (၇-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္

ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ လက္က်န္ၿပိဳင္ပြဲ(၂)ခု
ျဖစ္တဲ့ FA ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြမွာ ဗိုလ္စြဲေအာင္ ႀကိဳးစား
ရေတာ့မွာပါ။

ယူႏိုက္တက္နဲ႔ ဘက္တစ္တို႔ဟာ ဥေရာပၿပိဳင္ပြဲေတြမွာ တစ္ခါမွ မေတြ႕ဖူးဘဲ
အခုမွ ပထမဆုံးအႀကိမ္ ရင္ဆိုင္ၾကမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ
ဘာစီလိုနာကို ေက်ာ္ျဖတ္ၿပီး အခုအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္ဆိုေပမယ့္
စပိန္ကလပ္ေတြနဲ႔ ရႈံးထြက္အဆင့္ေတြမွာ ဆုံေတြ႕ရင္ မွတ္တမ္းသိပ္မေကာင္း

တာေၾကာင့္ ဘက္တစ္ကို အထင္ေသးလို႔ မရပါဘူး။

ယူ႐ိုပါလိဂ္မွာ ေနာက္ဆုံးဗိုလ္စြဲခဲ့တဲ့ ၂၀၁၆-၁၇ ရာသီေနာက္ပိုင္း

ယူႏိုက္တက္တို႔ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ၊ ရႈံးထြက္အဆင့္ေတြမွာ
စပိန္ကလပ္ေတြကို ရႈံးနိမ့္ၿပီးေတာ့ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။

၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ ရႈံးထြက္(၁၆)သင္းမွာ ဆီဗီလာ၊ ၂၀၁၈-၁၉ ခ်န္ပီယံလိဂ္
ကြာတားဖိုင္နယ္မွာ ဘာစီလိုနာ၊ ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္မွာ ဆီဗီလာ၊
၂၀၂၀-၂၁ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက ဗီလာရီးယဲလ္၊ ၂၀၂၁-၂၂ ခ်န္ပီယံလိဂ္
ရႈံးထြက္(၁၆)သင္းအဆင့္မွာ အက္သလက္တီကိုအသင္းေတြကို ရႈံးနိမ့္ခဲ့တာ
ျဖစ္ပါတယ္။