၂၀၁၇ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ လိဂ်ဖလားချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက် ပိုရှိလာတဲ့ ယူနိုက်တက်

လိဂ်ဖလားကွာတားဖိုင်နယ်ပွဲတွေအပြီးမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့

မန်စီးတီးတို့ မထင်မှတ်ပဲ ရှုံးပွဲကြုံခဲ့တာကြောင့် မန်ချက်စတာ
ယူနိုက်တက်အသင်းရဲ့ လိဂ်ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ရေး
မျှော်လင့်ချက် ပိုပြီး အားကောင်းလာပါတယ်။

လိဂ်ဖလားချန်ပီယံဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၊ ၂၀၂၀-၂၁
(၄)ရာသီဆက်တိုက် ဆွတ်ခူးခဲ့တဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက
စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရသလို ဒီနှစ်မှာလည်း ဆောက်သမ်တန်ကို
အံ့အားသင့်စရာကောင်းအောင် (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့်

ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

၂၀၁၆-၁၇ ရာသီတုန်းက လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရယူခဲ့ပြီး

နောက်ပိုင်းကတည်းက ဖလားလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်အသင်းဟာ
ဒီရာသီ လိဂ်ဖလားချန်ပီယံဆုကို ပစ်မှတ်ထားနေပြီး အခု အဓိကပြိုင်ဘက်
မန်စီးတီးလည်း မရှိတော့တဲ့အတွက် ချန်ပီယံဖြစ်ဖို့ အခြေအနေ
ကောင်းသွားပါပြီ။

ယူနိုက်တက်အသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ နော်တင်ဟမ်ဖော်ရက်စ်နဲ့
ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဗိုလ်လုပွဲတက်ဖို့ ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။
လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားရမှာ

ဖြစ်ပြီး ဇန်နဝါရီ(၂၃)ရက်မှာ ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖော်ရက်စ်ရဲ့
အိမ်ကွင်း City Ground မှာ သွားရောက်ကစားရမှာဖြစ်သလို ဇန်နဝါရီ
(၃၀)မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဒုတိယအကျော့အဖြစ် လက်ခံကစားရမှာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာလ
ကုန်ခါနီးမှာ နော်တင်ဟမ်ဖော်ရက်စ်နဲ့ ဆုံတွေ့ခဲ့ပြီး (၃-ဝ)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် လိဂ်ဖလားပြိုင်ပွဲတစ်လျှောက် နော်တင်ဟမ်ဖော်ရက်စ်နဲ့ စုစုပေါင်း(၃)ကြိမ်
ဆုံတွေ့ခဲ့တာမှာ ယူနိုက်တက်တို့ ပွဲတိုင်းအနိုင်ရခဲ့ပြီး ၁၉၈၂-၈၃ ကွာတားဖိုင်နယ်မှာ

(၄-ဝ)ဂိုး၊ ၁၉၉၁-၉၂ ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုး၊ ၁၉၉၈-၉၉ စတုတ္ထအဆင့်မှာ (၂-၁)ဂိုးတွေနဲ့
အနိုင်ရခဲ့ပါတယ်။

[Zawgyi]

လိဂ္ဖလားကြာတားဖိုင္နယ္ပြဲေတြအၿပီးမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့
မန္စီးတီးတို႔ မထင္မွတ္ပဲ ရႈံးပြဲႀကဳံခဲ့တာေၾကာင့္ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းရဲ႕ လိဂ္ဖလားခ်န္ပီယံဆု ဆြတ္ခူးႏိုင္ေရး
ေမွ်ာ္လင့္ခ်က္ ပိုၿပီး အားေကာင္းလာပါတယ္။

လိဂ္ဖလားခ်န္ပီယံဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀၊ ၂၀၂၀-၂၁
(၄)ရာသီဆက္တိုက္ ဆြတ္ခူးခဲ့တဲ့ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက
စတုတၳအဆင့္ကေန ထြက္ခဲ့ရသလို ဒီႏွစ္မွာလည္း ေဆာက္သမ္တန္ကို

အံ့အားသင့္စရာေကာင္းေအာင္ (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္
ကြာတားဖိုင္နယ္ကေန လွည့္ျပန္ခဲ့ရပါတယ္။

၂၀၁၆-၁၇ ရာသီတုန္းက လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြ ရယူခဲ့ၿပီး
ေနာက္ပိုင္းကတည္းက ဖလားလက္မဲ့ျဖစ္ေနတဲ့ ယူႏိုက္တက္အသင္းဟာ
ဒီရာသီ လိဂ္ဖလားခ်န္ပီယံဆုကို ပစ္မွတ္ထားေနၿပီး အခု အဓိကၿပိဳင္ဘက္
မန္စီးတီးလည္း မရွိေတာ့တဲ့အတြက္ ခ်န္ပီယံျဖစ္ဖို႔ အေျခအေန
ေကာင္းသြားပါၿပီ။

ယူႏိုက္တက္အသင္းဟာ လိဂ္ဖလားဆီမီးဖိုင္နယ္မွာ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔
ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ဗိုလ္လုပြဲတက္ဖို႔ ရာခိုင္ႏႈန္းမ်ားေနၿပီျဖစ္ပါတယ္။

လိဂ္ဖလားဆီမီးဖိုင္နယ္ပြဲေတြကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့ကစားရမွာ
ျဖစ္ၿပီး ဇန္နဝါရီ(၂၃)ရက္မွာ ယူႏိုက္တက္အသင္းဟာ ေနာ္တင္ဟမ္ေဖာ္ရက္စ္ရဲ႕
အိမ္ကြင္း City Ground မွာ သြားေရာက္ကစားရမွာျဖစ္သလို ဇန္နဝါရီ
(၃၀)မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ဒုတိယအေက်ာ့အျဖစ္ လက္ခံကစားရမွာပါ။

ယူႏိုက္တက္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ၿပီးခဲ့တဲ့ဒီဇင္ဘာလ
ကုန္ခါနီးမွာ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ ဆုံေတြ႕ခဲ့ၿပီး (၃-ဝ)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။
ဒါ့အျပင္ လိဂ္ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ စုစုေပါင္း(၃)ႀကိမ္

ဆုံေတြ႕ခဲ့တာမွာ ယူႏိုက္တက္တို႔ ပြဲတိုင္းအႏိုင္ရခဲ့ၿပီး ၁၉၈၂-၈၃ ကြာတားဖိုင္နယ္မွာ
(၄-ဝ)ဂိုး၊ ၁၉၉၁-၉၂ ဗိုလ္လုပြဲမွာ (၁-ဝ)ဂိုး၊ ၁၉၉၈-၉၉ စတုတၳအဆင့္မွာ (၂-၁)ဂိုးေတြနဲ႔
အႏိုင္ရခဲ့ပါတယ္။