(၂)နှစ်ကျော်အကြာမှာ အသင်းဟောင်း PSG ကို တစ်ကျော့ပြန်ရောက်လာဖို့ရှိနေတဲ့ တူချယ်လ်

PSG အသင်းဟာ နည်းပြဟောင်းတူချယ်လ်ကို နည်းပြအဖြစ်

ပြန်လည်ခန့်အပ်ဖို့ အံ့အားသင့်စရာ ပြင်ဆင်နေတယ်ဆိုတဲ့
သတင်းတွေ ထွက်ပေါ်လာပါတယ်။

PSG အသင်းဟာ အခုလောလောဆယ် ပြင်သစ်လီဂူးမှာ အဆင့်
(၂)နေရာက မာဆေးလ်ကို (၅)မှတ်ဖြတ်ပြီးတော့ ထိပ်ဆုံးကနေ
ဦးဆောင်နေပေမယ့် ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့
ရသလို အဓိကအရေးပါဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်
တက်ဖို့ ရုန်းကန်နေရပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အိမ်ကွင်းပွဲမှာ
PSG တို့ ဘိုင်ယန်မြူးနစ်ကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့်မတ်လ

(၈)ရက်ကျရင် ဒုတိယအကျော့အဖြစ် အဝေးကွင်းပွဲ သွားရောက်
ကစားရမှာဖြစ်လို့ ရလဒ်ကောင်းမယူနိုင်ရင်တော့ လက်ရှိနည်းပြ
ဂယ်လ်တီယာရဲ့ အနာဂတ်က မသေချာပါဘူး။

အခု လန်ဒန်အခြေစိုက် နာမည်ကျော်သတင်းစာ Evening Standard က
PSG အသင်းဟာ သူတို့ရဲ့နည်းပြဟောင်းတူချယ်လ်ကို ပြန်ခေါ်ဖို့ အသင့်
ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ
PSG အသင်းကို ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး
သူ့လက်ထက်မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်

၂၀၁၈-၁၉ ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်နိုင်
ခဲ့ပေမယ့် ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

အဲဒီနောက် ရလဒ်ဆိုးတွေကြောင့် ၂၀၂၀၊ ခရစ္စမတ်ကာလအတွင်း PSG
အသင်းဟာ တူချယ်လ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အဲဒီနောက်ပိုင်း
တူချယ်လ်က ချယ်လ်ဆီးကို,ကိုင်တွယ်ခဲ့သလို ချယ်လ်ဆီးနည်းပြဘဝမှာ
ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီအစပိုင်းမှာ အသင်းရဲ့ ရလဒ်တွေ မတည်ငြိမ်ခဲ့တာကြောင့်
ပိုင်ရှင်သစ် တော့ဒ်ဘိုလေက တူချယ်လ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး
အခုလောလောဆယ် တူချယ်လ်ဟာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

[Zawgyi]

PSG အသင္းဟာ နည္းျပေဟာင္းတူခ်ယ္လ္ကို နည္းျပအျဖစ္
ျပန္လည္ခန႔္အပ္ဖို႔ အံ့အားသင့္စရာ ျပင္ဆင္ေနတယ္ဆိုတဲ့

သတင္းေတြ ထြက္ေပၚလာပါတယ္။

PSG အသင္းဟာ အခုေလာေလာဆယ္ ျပင္သစ္လီဂူးမွာ အဆင့္

(၂)ေနရာက မာေဆးလ္ကို (၅)မွတ္ျဖတ္ၿပီးေတာ့ ထိပ္ဆုံးကေန
ဦးေဆာင္ေနေပမယ့္ ျပင္သစ္ရႈံးထြက္ဖလားၿပိဳင္ပြဲကေန ထြက္ခဲ့
ရသလို အဓိကအေရးပါဆုံးျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္
တက္ဖို႔ ႐ုန္းကန္ေနရပါတယ္။

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့အိမ္ကြင္းပြဲမွာ
PSG တို႔ ဘိုင္ယန္ျမဴးနစ္ကို (၁-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး လာမယ့္မတ္လ
(၈)ရက္က်ရင္ ဒုတိယအေက်ာ့အျဖစ္ အေဝးကြင္းပြဲ သြားေရာက္

ကစားရမွာျဖစ္လို႔ ရလဒ္ေကာင္းမယူႏိုင္ရင္ေတာ့ လက္ရွိနည္းျပ
ဂယ္လ္တီယာရဲ႕ အနာဂတ္က မေသခ်ာပါဘူး။

အခု လန္ဒန္အေျခစိုက္ နာမည္ေက်ာ္သတင္းစာ Evening Standard က
PSG အသင္းဟာ သူတို႔ရဲ႕နည္းျပေဟာင္းတူခ်ယ္လ္ကို ျပန္ေခၚဖို႔ အသင့္
ရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသက္(၄၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂ်ာမန္လူမ်ိဳးနည္းျပတူခ်ယ္လ္ဟာ
PSG အသင္းကို ၂၀၁၈ ကေန ၂၀၂၀ ခုႏွစ္အထိ ကိုင္တြယ္ခဲ့ၿပီး
သူ႔လက္ထက္မွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္
၂၀၁၈-၁၉ ရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ ပို႔ေဆာင္ႏိုင္

ခဲ့ေပမယ့္ ဒုတိယနဲ႔သာေက်နပ္ခဲ့ရပါတယ္။

အဲဒီေနာက္ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၂၀၊ ခရစၥမတ္ကာလအတြင္း PSG

အသင္းဟာ တူခ်ယ္လ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး အဲဒီေနာက္ပိုင္း
တူခ်ယ္လ္က ခ်ယ္လ္ဆီးကို,ကိုင္တြယ္ခဲ့သလို ခ်ယ္လ္ဆီးနည္းျပဘဝမွာ
ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလားေတြ ရယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီရာသီအစပိုင္းမွာ အသင္းရဲ႕ ရလဒ္ေတြ မတည္ၿငိမ္ခဲ့တာေၾကာင့္
ပိုင္ရွင္သစ္ ေတာ့ဒ္ဘိုေလက တူခ်ယ္လ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး
အခုေလာေလာဆယ္ တူခ်ယ္လ္ဟာ အသင္းလက္မဲ့ျဖစ္ေနပါတယ္။