၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ ပထမဆုံးအကြိမ်ထွက်လိုက်ရတဲ့ ဘယ်လ်ဂျီယံ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာရခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ အခုနှစ်မှာတော့

မယုံနိုင်လောက်အောင်ပဲ အုပ်စုအဆင့်ကနေ စောစောစီးစီးထွက်သွားရပါပြီ။ ပြီးခဲ့တဲ့ပွဲတုန်းက
မော်ရိုကိုအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် အခု ခရိုအေးရှားနဲ့ပွဲမှာ မဖြစ်မနေ
အနိုင်ရဖို့ လိုအပ်ပေမယ့် သရေသာကစားနိုင်ခဲ့လို့ ဘယ်လ်ဂျီယံရဲ့ ကမ္ဘာ့ဖလား
မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။

ခရိုအေးရှားအသင်းဟာ ဘယ်လ်ဂျီယံကို သရေကစားနိုင်ရင်ပဲ နောက်တစ်ဆင့်တက်နိုင်မှာ
ဖြစ်ပေမယ့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အပိုင်အခွင့်အရေးတွေ ရပေမယ့်
ဘယ်လ်ဂျီယံဂိုးသမား ကော်တွာ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။

ဒုတိယပိုင်းမှာ လူကာကူ၊ သော်ဂန်ဟာဇက်တို့ ဝင်လာပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ
ကစားအားတက်လာပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား

လူကာကူ မယုံနိုင်လောက်အောင် လွဲချော်ခဲ့တာကြောင့် အခုလိုအဖြစ်ဆိုးနဲ့
ရင်ဆိုင်လိုက်ရတယ်လို့ပြောရမှာပါ။

လက်ကျန်မိနစ်တွေမှာ ဘယ်လ်ဂျီယံတို့ တိုက်စစ်မြှင့်ကစားပေမယ့် ခရိုအေးရှားခံစစ်က
အမှားအယွင်းမရှိ ထိန်းချုပ်ပြီး လိုအပ်တဲ့ သရေပွဲရယူသွားတာကြောင့် နောက်တစ်ဆင့်ကို
တက်လှမ်းနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ
ပထမဆုံးထွက်ခဲ့ရသလို ၂၁ ရာစုအတွင်း အဓိကပြိုင်ပွဲကြီး (၂)ရပ်ဖြစ်တဲ့ ယူရို၊ ကမ္ဘာ့ဖလား
ပြိုင်ပွဲတွေမှာ အုပ်စုက ပထမဆုံးအကြိမ်ထွက်ခဲ့ရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။

လူကာကူ၊ ဒီဘရိုင်းနား၊ ဟာဇက်တို့နဲ့အတူ ရွှေရောင်မျိုးဆက်တစ်ခု ပိုင်ဆိုင်ခွင့်ရခဲ့ပေမယ့်
ဘယ်လ်ဂျီယံအသင်းဟာ ကြီးမားတဲ့အောင်မြင်မှု မရယူနိုင်ခဲ့ဘဲ အခုအချိန်မှာတော့
ရွှေရောင်မျိုးဆက်တွေရဲ့ နေဝင်ချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

[Zawgyi]

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တတိယေနရာရခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းဟာ အခုႏွစ္မွာေတာ့
မယုံႏိုင္ေလာက္ေအာင္ပဲ အုပ္စုအဆင့္ကေန ေစာေစာစီးစီးထြက္သြားရပါၿပီ။ ၿပီးခဲ့တဲ့ပြဲတုန္းက

ေမာ္႐ိုကိုအသင္းကို မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ အခု ခ႐ိုေအးရွားနဲ႔ပြဲမွာ မျဖစ္မေန
အႏိုင္ရဖို႔ လိုအပ္ေပမယ့္ သေရသာကစားႏိုင္ခဲ့လို႔ ဘယ္လ္ဂ်ီယံရဲ႕ ကမာၻ႔ဖလား
ေမွ်ာ္လင့္ခ်က္ေတြ အဆုံးသတ္ခဲ့ရပါတယ္။

ခ႐ိုေအးရွားအသင္းဟာ ဘယ္လ္ဂ်ီယံကို သေရကစားႏိုင္ရင္ပဲ ေနာက္တစ္ဆင့္တက္ႏိုင္မွာ
ျဖစ္ေပမယ့္ ပြဲစကတည္းက တိုက္စစ္ဖြင့္ကစားခဲ့ၿပီး အပိုင္အခြင့္အေရးေတြ ရေပမယ့္
ဘယ္လ္ဂ်ီယံဂိုးသမား ေကာ္တြာ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရခဲ့တာပါ။

ဒုတိယပိုင္းမွာ လူကာကူ၊ ေသာ္ဂန္ဟာဇက္တို႔ ဝင္လာၿပီးေနာက္ပိုင္း ဘယ္လ္ဂ်ီယံ
ကစားအားတက္လာၿပီး အခြင့္အေရးေတြရခဲ့ေပမယ့္ အသင္းရဲ႕ သြင္းဂိုးအမ်ားဆုံးကစားသမား
လူကာကူ မယုံႏိုင္ေလာက္ေအာင္ လြဲေခ်ာ္ခဲ့တာေၾကာင့္ အခုလိုအျဖစ္ဆိုးနဲ႔

ရင္ဆိုင္လိုက္ရတယ္လို႔ေျပာရမွာပါ။

လက္က်န္မိနစ္ေတြမွာ ဘယ္လ္ဂ်ီယံတို႔ တိုက္စစ္ျမႇင့္ကစားေပမယ့္ ခ႐ိုေအးရွားခံစစ္က

အမွားအယြင္းမရွိ ထိန္းခ်ဳပ္ၿပီး လိုအပ္တဲ့ သေရပြဲရယူသြားတာေၾကာင့္ ေနာက္တစ္ဆင့္ကို
တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ၁၉၉၈ ေနာက္ပိုင္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကေန
ပထမဆုံးထြက္ခဲ့ရသလို ၂၁ ရာစုအတြင္း အဓိကၿပိဳင္ပြဲႀကီး (၂)ရပ္ျဖစ္တဲ့ ယူ႐ို၊ ကမာၻ႔ဖလား
ၿပိဳင္ပြဲေတြမွာ အုပ္စုက ပထမဆုံးအႀကိမ္ထြက္ခဲ့ရတဲ့ မွတ္တမ္းဆိုး ပိုင္ဆိုင္ခဲ့ပါတယ္။

လူကာကူ၊ ဒီဘ႐ိုင္းနား၊ ဟာဇက္တို႔နဲ႔အတူ ေ႐ႊေရာင္မ်ိဳးဆက္တစ္ခု ပိုင္ဆိုင္ခြင့္ရခဲ့ေပမယ့္
ဘယ္လ္ဂ်ီယံအသင္းဟာ ႀကီးမားတဲ့ေအာင္ျမင္မႈ မရယူႏိုင္ခဲ့ဘဲ အခုအခ်ိန္မွာေတာ့
ေ႐ႊေရာင္မ်ိဳးဆက္ေတြရဲ႕ ေနဝင္ခ်ိန္ကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။