၁၉၉၈ = တတိယ၊ ၂၀၁၈ = ဒုတိယ၊ ၂၀၂၂ = ??? . . ခရိုအေးရှား . .

၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ ခရိုအေးရှားအသင်းဟာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့

အောင်မြင်မှုအများဆုံး ဘရာဇီးလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး
ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။

ဒီပွဲမှာ မိနစ်(၉၀)ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပို မိနစ်(၃၀)
ဆက်ကစားခဲ့ရပြီး အချိန်ပို ပထမပိုင်းပြီးခါနီးမှာ အဓိကတိုက်စစ်ကစားသမား နေမာက
ကွင်းလယ်လူ ပါကွယ်တာနဲ့ One Two ရိုက်ပြီးတော့ ဂိုးသမားလီဗာကိုဗစ်ရှ်ကို
ကျော်ဖြတ်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့လည်း (၁၁၆)မိနစ်မှာ အော်ဆစ်ပေးတာကနေ ခရိုအေးရှားတိုက်စစ်ကစားသမား
ပက်ကိုဗစ်က ပယ်နယ်တီဧရိယာထိပ်နားက အပိုင်ကန်သွင်းပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
မိနစ်(၃၀)ပြည့်တဲ့အထိ (၁-၁)ဂိုးစီ သရေကျနေတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်

ခံယူခဲ့ရပြီး ဘရာဇီးလ်အသင်းအတွက် အဖွင့်ပယ်နယ်တီကို ရိုဒရီဂို ကန်သွင်းခဲ့ပေမယ့်
ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ်က လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းက ဗလာဆစ်၊ မိုင်ယာ၊ မိုဒရစ်၊ အော်ဆစ်တို့ရဲ့ ကန်ချက်တွေအားလုံး
ဂိုးဝင်ခဲ့ပြီး ဘရာဇီးလ်အသင်းရဲ့ အဆုံးအဖြတ်ပယ်နယ်တီကို နောက်ခံလူ မာကွင်ဟို့စ်
ကန်သွင်းတာ တိုင်ထိထွက်ခဲ့တာကြောင့် ခရိုအေးရှားတို့ (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ခရိုအေးရှားအသင်းအတွက် အံ့အားသင့်စရာ စွမ်းဆောင်ရည်က ခရိုအေးရှားနာမည်နဲ့
ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ၁၉၉၈ ကနေ အခု ပြိုင်ပွဲအထိ အုပ်စုက
တက်ခွင့်ရတဲ့ (၃)ကြိမ်စလုံး အနိမ့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိခဲ့တာပါပဲ။ ၁၉၉၈
ကမ္ဘာ့ဖလားမှာ တတိယ၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားတို့ ဒီတစ်ကြိမ်မှာ

ပထမနေရာကိုများ မယုံနိုင်လောက်အောင် ရယူနိုင်မလားဆိုတာကတော့ . . .

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲမွာ ခ႐ိုေအးရွားအသင္းဟာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့

ေအာင္ျမင္မႈအမ်ားဆုံး ဘရာဇီးလ္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး
ဆီမီးဖိုင္နယ္အဆင့္ တက္ေရာက္ခြင့္ရရွိသြားပါတယ္။

ဒီပြဲမွာ မိနစ္(၉၀)ျပည့္တဲ့အထိ ဂိုးမရွိသေရက်ေနတာေၾကာင့္ အခ်ိန္ပို မိနစ္(၃၀)
ဆက္ကစားခဲ့ရၿပီး အခ်ိန္ပို ပထမပိုင္းၿပီးခါနီးမွာ အဓိကတိုက္စစ္ကစားသမား ေနမာက
ကြင္းလယ္လူ ပါကြယ္တာနဲ႔ One Two ႐ိုက္ၿပီးေတာ့ ဂိုးသမားလီဗာကိုဗစ္ရွ္ကို
ေက်ာ္ျဖတ္သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့လည္း (၁၁၆)မိနစ္မွာ ေအာ္ဆစ္ေပးတာကေန ခ႐ိုေအးရွားတိုက္စစ္ကစားသမား
ပက္ကိုဗစ္က ပယ္နယ္တီဧရိယာထိပ္နားက အပိုင္ကန္သြင္းၿပီး ေခ်ပဂိုး ျပန္သြင္းခဲ့ပါတယ္။
မိနစ္(၃၀)ျပည့္တဲ့အထိ (၁-၁)ဂိုးစီ သေရက်ေနတဲ့အတြက္ ပယ္နယ္တီအဆုံးအျဖတ္

ခံယူခဲ့ရၿပီး ဘရာဇီးလ္အသင္းအတြက္ အဖြင့္ပယ္နယ္တီကို ႐ိုဒရီဂို ကန္သြင္းခဲ့ေပမယ့္
ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ရွ္က လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းက ဗလာဆစ္၊ မိုင္ယာ၊ မိုဒရစ္၊ ေအာ္ဆစ္တို႔ရဲ႕ ကန္ခ်က္ေတြအားလုံး
ဂိုးဝင္ခဲ့ၿပီး ဘရာဇီးလ္အသင္းရဲ႕ အဆုံးအျဖတ္ပယ္နယ္တီကို ေနာက္ခံလူ မာကြင္ဟို႔စ္
ကန္သြင္းတာ တိုင္ထိထြက္ခဲ့တာေၾကာင့္ ခ႐ိုေအးရွားတို႔ (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းအတြက္ အံ့အားသင့္စရာ စြမ္းေဆာင္ရည္က ခ႐ိုေအးရွားနာမည္နဲ႔
ပထမဆုံးအႀကိမ္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ ၁၉၉၈ ကေန အခု ၿပိဳင္ပြဲအထိ အုပ္စုက
တက္ခြင့္ရတဲ့ (၃)ႀကိမ္စလုံး အနိမ့္ဆုံးအျဖစ္ ဆီမီးဖိုင္နယ္အဆင့္ေရာက္ရွိခဲ့တာပါပဲ။ ၁၉၉၈
ကမာၻ႔ဖလားမွာ တတိယ၊ ၂၀၁၈ ကမာၻ႔ဖလားမွာ ဒုတိယရခဲ့တဲ့ ခ႐ိုေအးရွားတို႔ ဒီတစ္ႀကိမ္မွာ

ပထမေနရာကိုမ်ား မယုံႏိုင္ေလာက္ေအာင္ ရယူႏိုင္မလားဆိုတာကေတာ့ . . .