၁၉၃၆ တုန်းကလို တုန်လှုပ်ရလိမ့်မယ်လို့ တန်းဟတ်ကို Dad’s Army နဲ့တင်စားပြီး The Sun သတိပေး

ရာသီသစ် ပထမဆုံးနိုင်ပွဲရှာဖို့ ဘရန့်ဖို့ဒ်ကွင်းကို ချီတက်ရတော့မယ် မန်ယူအသင်းနည်းပြ အဲရစ်တန်းဟတ်ကို ခေတ်ဟောင်းဟာသရုပ်သံဇာတ်လမ်း Dad’s Army နဲ့တင်စားပြီး The Sun သတင်းစာက သတိပေးလိုက်ပါတယ်။ အဲဒီရုပ်သံဇာတ်လမ်းမှာ

အင်္ဂလိပ်မင်းသားကြီး ကလေ့ဒန်းရဲ့သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတာကြောင့် ဇာတ်ကောင် ကော်ပိုရယ်ဂျူံးစ်လို့တောင် နာမည်ပြောင်ရသွားခဲ့တာပါ။ ဗြိတိသျှအင်ပါယာရဲ့စစ်ပြန်တစ်ယောက် စိတ်ကူးယဉ်အိမ်စောင့်တပ်ရဲ့

တပ်ကြပ်ကြီးကော်ပိုရယ်ဂျူံးစ် ပြောလေ့ရှိတာက “ မထိတ်လန့်ပါနဲ့ ” ဖြစ်ပါတယ်။ ရုတ်တရက် ထိန်းမနိုင်သိမ်းမရလောက်အောင် တပ်သားတွေကြောက်စိတ်ဝင်နေရင် အထိတ်တလန့်မဖြစ်နဲ့လို့ အမြဲပြောလေ့ရှိပါတယ်။ ကော်ပိုရယ်ဂျုံးစ်လိုပဲ

တန်းဟတ်ကလည်း မန်ယူမှာရှိတဲ့သူတိုင်းကို မထိတ်လန့်ပါနဲ့လို့ ပြောနေပြန်ပြီလို့ ခိုင်းနှိုင်းလိုက်တာပါ။ အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာရှုံးပြီး မဟာအရှက်တော်ကွဲထားပေမယ့် နယ်သာလန်သားနည်းပြကတော့

“ မန်ယူလိုအသင်း ခြေစွမ်းမပြနိုင်တဲ့အခါ နိုင်ပွဲမရတဲ့အခါ အဲဒါကပုံမှန်ပါပဲ။ ငါတို့အနိုင်ရမှာဖြစ်တာကြောင့် ထိတ်လန့်မှုမရှိတဲ့အခါ ကျွန်တော်ပိုပြီး ထိတ်လန့်နေမှာပါ။ ထိတ်လန့်ခြင်းဆိုတာ မှန်ကန်တဲ့စကား မဟုတ်ပါဘူး။ တောက်ပမှုတွေကိုတွေးပြီး

မှန်ကန်မှုတွေကို လုပ်ရမယ် ” လို့ ပြောထားပါတယ်။ ဒါပေမဲ့ မန်ယူဟာ အဝေးကွင်းနောက်ဆုံး ၆ ပွဲဆက်အရှုံးဆိုတဲ့ မှတ်တမ်းနဲ့ ရာသီသိမ်းထားတာလို့ The Sun က သတိပေးထားပါတယ်။ နောက်ဆုံးအကြိမ် အဝေးကွင်း ၇ ပွဲဆက်ရှုံးခဲ့တာက ၁၉၃၆ ခုနှစ်မှာပါ။

စက်တင်ဘာကနေ ဒီဇင်ဘာလအထိ သရဲနီတွေဟာ ၁၀ ပွဲဆက်ရှုံးခဲ့ပါတယ်။ မန်ယူနည်းပြအဖြစ် ပထမဆုံးအဝေးကွင်းပွဲမှာ ရှုံးခဲ့သူကတော့ ဖာဂူဆန်ဖြစ်ပြီး ၁၉၈၆ ခုနှစ်တုန်းက အောက်စဖို့ဒ်ကို ၂-၀ ဂိုးနဲ့ရှုံးခဲ့တာပါ။

ယာယီနည်းပြတွေအပါအဝင် မန်ယူရဲ့နောက်ဆုံးနည်းပြ ၇ ဦးလုံး ပထမဆုံးအဝေးကွင်းမှာ မရှုံးခဲ့ကြဘဲ ၄ ပွဲနိုင် ၃ ပွဲသရေကျခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲရှုံးရင် ၁၉၃၆ ခုနှစ်ကလို တုန်လှုပ်ရလိမ့်မယ်လို့ တန်းဟတ်ကို သတိပေးလိုက်တာပါ။

(zawgyi)

ရာသီသစ္ ပထမဆုံးႏိုင္ပြဲရွာဖို႔ ဘရန႔္ဖို႔ဒ္ကြင္းကို ခ်ီတက္ရေတာ့မယ္ မန္ယူအသင္းနည္းျပ အဲရစ္တန္းဟတ္ကို ေခတ္ေဟာင္းဟာသ႐ုပ္သံဇာတ္လမ္း Dad’s Army နဲ႔တင္စားၿပီး The Sun သတင္းစာက သတိေပးလိုက္ပါတယ္။

အဲဒီ႐ုပ္သံဇာတ္လမ္းမွာ အဂၤလိပ္မင္းသားႀကီး ကေလ့ဒန္းရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြ ပီျပင္လြန္းတာေၾကာင့္ ဇာတ္ေကာင္ ေကာ္ပိုရယ္ဂ်ဴံးစ္လို႔ေတာင္ နာမည္ေျပာင္ရသြားခဲ့တာပါ။ ၿဗိတိသွ်အင္ပါယာရဲ႕စစ္ျပန္တစ္ေယာက္

စိတ္ကူးယဥ္အိမ္ေစာင့္တပ္ရဲ႕ တပ္ၾကပ္ႀကီးေကာ္ပိုရယ္ဂ်ဴံးစ္ ေျပာေလ့ရွိတာက “ မထိတ္လန႔္ပါနဲ႔ ” ျဖစ္ပါတယ္။ ႐ုတ္တရက္ ထိန္းမႏိုင္သိမ္းမရေလာက္ေအာင္ တပ္သားေတြေၾကာက္စိတ္ဝင္ေနရင္ အထိတ္တလန႔္မျဖစ္နဲ႔လို႔ အၿမဲေျပာေလ့ရွိပါတယ္။

ေကာ္ပိုရယ္ဂ်ဳံးစ္လိုပဲ တန္းဟတ္ကလည္း မန္ယူမွာရွိတဲ့သူတိုင္းကို မထိတ္လန႔္ပါနဲ႔လို႔ ေျပာေနျပန္ၿပီလို႔ ခိုင္းႏႈိင္းလိုက္တာပါ။ အဖြင့္ပြဲစဥ္အျဖစ္ ဘ႐ိုက္တန္ကို အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာရႈံးၿပီး မဟာအရွက္ေတာ္ကြဲထားေပမယ့္ နယ္သာလန္သားနည္းျပကေတာ့

“ မန္ယူလိုအသင္း ေျခစြမ္းမျပႏိုင္တဲ့အခါ ႏိုင္ပြဲမရတဲ့အခါ အဲဒါကပုံမွန္ပါပဲ။ ငါတို႔အႏိုင္ရမွာျဖစ္တာေၾကာင့္ ထိတ္လန႔္မႈမရွိတဲ့အခါ ကြၽန္ေတာ္ပိုၿပီး ထိတ္လန႔္ေနမွာပါ။ ထိတ္လန႔္ျခင္းဆိုတာ မွန္ကန္တဲ့စကား မဟုတ္ပါဘူး။

ေတာက္ပမႈေတြကိုေတြးၿပီး မွန္ကန္မႈေတြကို လုပ္ရမယ္ ” လို႔ ေျပာထားပါတယ္။ ဒါေပမဲ့ မန္ယူဟာ အေဝးကြင္းေနာက္ဆုံး ၆ ပြဲဆက္အရႈံးဆိုတဲ့ မွတ္တမ္းနဲ႔ ရာသီသိမ္းထားတာလို႔ The Sun က သတိေပးထားပါတယ္။

ေနာက္ဆုံးအႀကိမ္ အေဝးကြင္း ၇ ပြဲဆက္ရႈံးခဲ့တာက ၁၉၃၆ ခုႏွစ္မွာပါ။ စက္တင္ဘာကေန ဒီဇင္ဘာလအထိ သရဲနီေတြဟာ ၁၀ ပြဲဆက္ရႈံးခဲ့ပါတယ္။ မန္ယူနည္းျပအျဖစ္ ပထမဆုံးအေဝးကြင္းပြဲမွာ ရႈံးခဲ့သူကေတာ့ ဖာဂူဆန္ျဖစ္ၿပီး

၁၉၈၆ ခုႏွစ္တုန္းက ေအာက္စဖို႔ဒ္ကို ၂-၀ ဂိုးနဲ႔ရႈံးခဲ့တာပါ။ ယာယီနည္းျပေတြအပါအဝင္ မန္ယူရဲ႕ေနာက္ဆုံးနည္းျပ ၇ ဦးလုံး ပထမဆုံးအေဝးကြင္းမွာ မရႈံးခဲ့ၾကဘဲ ၄ ပြဲႏိုင္ ၃ ပြဲသေရက်ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီပြဲရႈံးရင္ ၁၉၃၆ ခုႏွစ္ကလို တုန္လႈပ္ရလိမ့္မယ္လို႔ တန္းဟတ္ကို သတိေပးလိုက္တာပါ။