၁၄ နှစ်ကြာစောင့်ခဲ့ရတဲ့အိပ်မက် ပြည့်ဝသွားတာကြောင့် လူးလှိမ့်ငိုကြွေးခဲ့ရှာတဲ့ နည်းပြဆီမြွန်နီရဲ့သား ဂျီအိုဗန်နီဆီမြွန်နီ

မနေ့ညက ဒီယေဂိုမာရာဒိုနာကွင်းကြီးထဲမှာ လူးလှိမ့်ငိုကြွေးနေသူတစ်ယောက် ရှိခဲ့ပါတယ်။ ပြီးတော့ သူ့လက်ဖျံကိုလည်း တရှိုက်ရှိုက်မက်မက် နမ်းနေခဲ့သေးတယ်။ အိမ်ရှင် နာပိုလီပရိသတ်တွေရဲ့သောင်းသောင်းဖျဖျ အားပေးသံတွေဟာ

ဒီကစားသမား ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးဆိုတဲ့သက်သေပါပဲ။ သူ့နာမည်က ဂျီအိုဗန်နီဆီမြွန်နီပါ။ တစ်ခြားသူတော့ မဟုတ်ပါဘူး။ နာမည်ကျော် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီရဲ့သားပါပဲ။

ကစားသမားဘဝမှာ ဖခင်ဖြစ်သူလောက် အောင်မြင်မှုမရတာကြောင့် မျက်နှာငယ်ခဲ့ရသူလို့တောင် ဆိုနိုင်ပါတယ်။ ဂျီအိုဗန်နီရဲ့မှတ်တမ်းမှာ အီတလီကမထွက်နိုင်သူ၊ အငှားကစားသမားဘဝဆိုတဲ့ အရိပ်မည်းကြီးကသာ ကြီးစိုးနေခဲ့တာပါ။

အခုလည်း ဗီရီုနာကနေ နာပိုလီမှာ အငှားနဲ့လာကစားနေရတာပါပဲ။ လီဗာပူးလ်ကို ဂိုးပြတ်အနိုင်ရတဲ့ပွဲဟာ သူ့အတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲဖြစ်ခဲ့ပါတယ်။ ကစားချင်ဆုံးပွဲတစ်ပွဲကို ဆင်နွှဲခွင့်ရလို့ ပျော်ရွှင်နေတဲ့ ဂျီအိုဗန်နီဟာ

နာပိုလီအတွက် တတိယဂိုးကို သွင်းပေးနိုင်တဲ့နောက်မှာတော့ သတိလက်လွတ်ဖြစ်သွားခဲ့ရပါတော့တယ်။ ကွင်းမြက်ခင်းပေါ်လှဲချလိုက်ပြီး သူ ငိုကြွေးနေခဲ့တယ်။ ပြီးတော့ လက်ဖျံပေါ်က တက်တူးကို နမ်းရှိုက်နေခဲ့တယ်။

ဒီတက်တူးဟာ သူ့အသက် ၁၃ နှစ်အရွယ်တုန်းက ထိုးထားခဲ့တဲ့တက်တူးပါ။ တနည်းအားဖြင့် သူ့ဘဝရဲ့ပထမဆုံးတက်တူးဟာ ချန်ပီယံလိဂ်လိုဂိုဖြစ်နေတာကိုကြည့်ရင် အာဂျင်တိုင်းသားလေးရဲ့ရူးသွပ်မှုကို မြင်နိုင်ပါတယ်။ ၁၄ နှစ်ကြာမှ ပြည့်ဝခဲ့တဲ့

အဖြစ်ချင်ဆုံးအိပ်မက်အတွက် ဂျီအိုဗန်နီမှာ ပြောစရာစကားတစ်ခွန်းလည်း ရှိနေပါတယ်။ “ ချန်ပီယံလိဂ်မှာကစားခွင့်ရတဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းနိုင်ရင် ဒီတက်တူးကိုနမ်းပြီး အောင်ပွဲခံမယ် အဖေ ” လို့ ဆန္ဒရှိခဲ့တဲ့အတိုင်း နည်းပြဆီမြွန်နီကို မျက်ရည်ဝဲလောက်အောင် အသိပေးလိုက်ရုံပါပဲ။

(zawgyi)

မေန႔ညက ဒီေယဂိုမာရာဒိုနာကြင္းႀကီးထဲမွာ လူးလွိမ့္ငိုေႂကြးေနသူတစ္ေယာက္ ရွိခဲ့ပါတယ္။ ၿပီးေတာ့ သူ႔လက္ဖ်ံကိုလည္း တရႈိက္ရႈိက္မက္မက္ နမ္းေနခဲ့ေသးတယ္။ အိမ္ရွင္ နာပိုလီပရိသတ္ေတြရဲ႕ေသာင္းေသာင္းဖ်ဖ် အားေပးသံေတြဟာ

ဒီကစားသမား ႐ုပ္ရွင္႐ိုက္ေနတာ မဟုတ္ဘူးဆိုတဲ့သက္ေသပါပဲ။ သူ႔နာမည္က ဂ်ီအိုဗန္နီဆီႁမြန္နီပါ။ တစ္ျခားသူေတာ့ မဟုတ္ပါဘူး။ နာမည္ေက်ာ္ အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီႁမြန္နီရဲ႕သားပါပဲ။ ကစားသမားဘဝမွာ ဖခင္ျဖစ္သူေလာက္

ေအာင္ျမင္မႈမရတာေၾကာင့္ မ်က္ႏွာငယ္ခဲ့ရသူလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဂ်ီအိုဗန္နီရဲ႕မွတ္တမ္းမွာ အီတလီကမထြက္ႏိုင္သူ၊ အငွားကစားသမားဘဝဆိုတဲ့ အရိပ္မည္းႀကီးကသာ ႀကီးစိုးေနခဲ့တာပါ။ အခုလည္း ဗီ႐ီုနာကေန နာပိုလီမွာ

အငွားနဲ႔လာကစားေနရတာပါပဲ။ လီဗာပူးလ္ကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲဟာ သူ႔အတြက္ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲျဖစ္ခဲ့ပါတယ္။ ကစားခ်င္ဆုံးပြဲတစ္ပြဲကို ဆင္ႏႊဲခြင့္ရလို႔ ေပ်ာ္႐ႊင္ေနတဲ့ ဂ်ီအိုဗန္နီဟာ နာပိုလီအတြက္ တတိယဂိုးကို သြင္းေပးႏိုင္တဲ့ေနာက္မွာေတာ့

သတိလက္လြတ္ျဖစ္သြားခဲ့ရပါေတာ့တယ္။ ကြင္းျမက္ခင္းေပၚလွဲခ်လိုက္ၿပီး သူ ငိုေႂကြးေနခဲ့တယ္။ ၿပီးေတာ့ လက္ဖ်ံေပၚက တက္တူးကို နမ္းရႈိက္ေနခဲ့တယ္။ ဒီတက္တူးဟာ သူ႔အသက္ ၁၃ ႏွစ္အ႐ြယ္တုန္းက ထိုးထားခဲ့တဲ့တက္တူးပါ။

တနည္းအားျဖင့္ သူ႔ဘဝရဲ႕ပထမဆုံးတက္တူးဟာ ခ်န္ပီယံလိဂ္လိုဂိုျဖစ္ေနတာကိုၾကည့္ရင္ အာဂ်င္တိုင္းသားေလးရဲ႕႐ူးသြပ္မႈကို ျမင္ႏိုင္ပါတယ္။ ၁၄ ႏွစ္ၾကာမွ ျပည့္ဝခဲ့တဲ့ အျဖစ္ခ်င္ဆုံးအိပ္မက္အတြက္ ဂ်ီအိုဗန္နီမွာ ေျပာစရာစကားတစ္ခြန္းလည္း ရွိေနပါတယ္။

“ ခ်န္ပီယံလိဂ္မွာကစားခြင့္ရတဲ့ ပထမဆုံးပြဲမွာ ဂိုးသြင္းႏိုင္ရင္ ဒီတက္တူးကိုနမ္းၿပီး ေအာင္ပြဲခံမယ္ အေဖ ” လို႔ ဆႏၵရွိခဲ့တဲ့အတိုင္း နည္းျပဆီႁမြန္နီကို မ်က္ရည္ဝဲေလာက္ေအာင္ အသိေပးလိုက္႐ုံပါပဲ။