၁၃ ပွဲလျော့ကစားပြီး လာလီဂါ ဂိုးဖန်တီးမှုမှာ ဘင်ဇီမာနဲ့ဘေးချင်းယှဉ်လာနိုင်တဲ့ ဒမ်ဘီလီ
လီဗန်တေးကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှုလုပ်နိုင်ခဲ့ပြီးနောက်
ဘာစီလိုနာတောင်ပံကစားသမားဒမ်ဘီလီဟာ လာလီဂါဂိုးဖန်တီးမှုဇယားမှာ
ပူးတွဲအများဆုံးသူဖြစ်လာပါတယ်။ အဲဒီပွဲမှာ ဒမ်ဘီလီဟာ ဒုတိယပိုင်း ၅၉ မိနစ်မှာ
တိုက်စစ်မှုးအူဘာမီယန်သွင်းယူတဲ့ ဘာစီလိုနာအတွက် ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့တာပါ။
ဒီဂိုးဖန်တီးမှုဟာ အခုရာသီလာလီဂါမှာ သူ့ရဲ့ ၁၁ ကြိမ်မြောက် ဂိုးဖန်တီးမှုလည်း ဖြစ်လာပါတယ်။
ဒါကြောင့်လည်း ဒမ်ဘီလီဟာ လာလီဂါဂိုးဖန်တီးမှုဇယားမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့
ရီးရဲလ်တိုက်စစ်မှုးဘင်ဇီမာနဲ့ အကြိမ်ရေတူသွားခဲ့တာပါ။ ဒါတောင် ဒမ်ဘီလီဟာ
ဒီရာသီလာလီဂါမှာ ဘင်ဇီမာထက် ၁၃ ပွဲ ပိုနည်းခဲ့တာ ဖြစ်ပါတယ်။
နူးကမ့်က သူ့ရဲ့ ၄ နှစ်ကြာကစားသမားဘဝမှာ ဒမ်ဘီလီဟာ ဒဏ်ရာပြသနာများစွာနဲ့ရင်ဆိုင်ခဲ့ရပြီး
စာချုပ်သစ်ဆွေးနွေးမှုလည်း ပျက်ဆီးခဲ့တာကြောင့် ပရိသတ်တွေနဲ့ဆက်ဆံရေးလည်း
အဆင်မပြေခဲ့ပါဘူး။ ရာသီကုန်မှာ ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်မယ့်
အဲဒီပြင်သစ်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာလည်း ရောင်းထုတ်ခံရဖို့ သတင်းကြီးခဲ့တာပါ။
စာချုပ်သစ်ဆွေးနွေးမှုအဆင်မပြေတော့တာတောင် နည်းပြဇာဗီက ဒမ်ဘီလီကို
နေရာဆက်ပေးခဲ့ပါတယ်။ ဒမ်ဘီလီကလည်း နည်းပြရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ခဲ့ဘဲ
သူ့ရဲ့နောက်ဆုံး ၇ ပွဲမှာ ၉ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ဂိုးသွင်းခဲ့တဲ့
အူဘာမီယန်က ပွဲအပြီးမှာ ”ဒမ်ဘီလီ ဆက်နေရမယ်”လို့ ပြောခဲ့ပါတယ်။
zawgyi