
သူ့ကိုထင်ပေါ်ကျော်ကြားစေခဲ့တဲ့ မန်ယူအသင်းဆီကို စီရော်နယ်ဒိုပြန်လာတာဟာ
မျှော်လင့်ထားသလိုမဖြစ်ခဲ့တာကတော့သေချာသွားခဲ့ပါပြီ။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေပြောင်းလာပြီး မန်ယူကိုဆုဖလားတွေရဖို့အတွက်
ကူညီပေးဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချခဲ့ပေမယ့် မန်ယူအသင်းရဲ့အခြေအနေမဟန်မှုနဲ့အတူ
ဒီပေါ်တူဂီသားဟာ ၁၂ နှစ်အတွင်းပထမဆုံးဖလားလက်မဲ့ရာသီနဲ့ကြုံရတော့မှာဖြစ်ပါတယ်။
မန်ယူဟာမနေ့ညက အက်သလက်တီကိုအသင်းကိုအိမ်ကွင်းမှာ ၁-၀ နဲ့ရှုံးပြီးနောက်
နှစ်ပွဲပေါင်းရလဒ် ၂-၁ နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေထွက်ခဲ့ရပါတယ်။
သူတို့ဟာဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကထွက်ခဲ့ရတဲ့အပြင်
ပရီးမီးယားလိဂ်မှာလည်း ဗိုလ်စွဲဖို့ထက်အဆင့် ၄ အတွင်းဝင်ရေးသာရုန်းကန်နေရတာပါ။
ဒါကြောင့်လည်း စီရော်နယ်ဒိုအတွက်ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်
ဖလားလက်မဲ့အရေးနဲ့ကြုံလိုက်ရတာဖြစ်ပါတယ်။
ပိုပြီးဆိုးတာက ဒီပွဲမှာစီရော်နယ်ဒိုဟာဂိုးပေါက်ကန်ချက်တစ်ကြိမ်မှမရှိခဲ့တာပါဘဲ။
ဒါဟာချန်ပီယံလိဂ်မှာသူကစားခဲ့တဲ့သက်တမ်းတစ်လျှောက် ၃ ကြိမ်မြောက်လည်းဖြစ်ခဲ့ပါတယ်။
မိနစ် ၉၀ ပြည့်ပါဝင်ပြီး ပထမဆုံးဂိုးပေါက်ကန်ချက်မရှိခဲ့တဲ့ပွဲက ၂၀၀၃ မှာဖြစ်ပြီး
မန်ယူမှာရှိနေတုန်း ပါနာသီနိုင်ကို့စ်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲ၊ဒုတိယပွဲက ၂၀၁၁ မှာဖြစ်ပြီး
ရီးရဲလ်မှာရှိနေတုန်း ဘာစီလိုနာနဲ့တွေ့ခဲ့တဲ့ပွဲတွေဖြစ်ပါတယ်။
ဒါဟာ Great CR7 အဖြစ်ရော Mr Champions League အဖြစ်ပါတင်စားခံထားရတဲ့
စီရော်နယ်ဒိုအတွက်အင်မတန်မှစိတ်ပျက်ဖွယ်ရာဖြစ်စေခဲ့တာပါ။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ သူကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊
ဂျူဗင်တပ် တို့နဲ့အတူ ဆုဖလားတစ်လုံးမဟုတ်တစ်လုံးရယူနိုင်ခဲ့ပေမယ့်
မန်ယူနဲ့ဘာဆုဖလားမှာရယူနိုင်မှာမဟုတ်တော့လို့
သူ့ရဲ့ကစာသမားဘဝနောက်ဆုံးအချိန်တွေကိုလည်း ထိခိုက်စေတော့မှာဖြစ်ပါတယ်။
မန်ယူဟာ ၂၀၁၇ တုန်းက မော်ရင်ဟိုနဲ့အတူ ယူရိုပါလိဂ်ဖလားကိုနောက်ဆုံးရယူနိုင်ခဲ့ပြီးနောက်
ဆုဖလားတစ်လုံးမှမရခဲ့တော့ပေမယ့် အဲဒီကာလအတွင်းမှာ စီရော်နယ်ဒိုကတော့
ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ စီးရီးအေ ၂ ကြိမ်တို့ကိုရယူနိုင်ခဲ့ပါတယ်။
zawgyi
၁၂ ႏွစ္အတြင္း ဖလားလက္မဲ့ရာသီနဲ႔ ႀကဳံရေတာ့မယ့္ စီေရာ္နယ္ဒို
သူ႔ကိုထင္ေပၚေက်ာ္ၾကားေစခဲ့တဲ့ မန္ယူအသင္းဆီကို စီေရာ္နယ္ဒိုျပန္လာတာဟာ
ေမွ်ာ္လင့္ထားသလိုမျဖစ္ခဲ့တာကေတာ့ေသခ်ာသြားခဲ့ပါၿပီ။
ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေနေျပာင္းလာၿပီး မန္ယူကိုဆုဖလားေတြရဖို႔အတြက္
ကူညီေပးဖို႔ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ခ်ခဲ့ေပမယ့္ မန္ယူအသင္းရဲ႕အေျခအေနမဟန္မႈနဲ႔အတူ
ဒီေပၚတူဂီသားဟာ ၁၂ ႏွစ္အတြင္းပထမဆုံးဖလားလက္မဲ့ရာသီနဲ႔ႀကဳံရေတာ့မွာျဖစ္ပါတယ္။
မန္ယူဟာမေန႔ညက အက္သလက္တီကိုအသင္းကိုအိမ္ကြင္းမွာ ၁-၀ နဲ႔ရႈံးၿပီးေနာက္
ႏွစ္ပြဲေပါင္းရလဒ္ ၂-၁ နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေနထြက္ခဲ့ရပါတယ္။
သူတို႔ဟာဒီရာသီမွာ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားတို႔ကထြက္ခဲ့ရတဲ့အျပင္
ပရီးမီးယားလိဂ္မွာလည္း ဗိုလ္စြဲဖို႔ထက္အဆင့္ ၄ အတြင္းဝင္ေရးသာ႐ုန္းကန္ေနရတာပါ။
ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုအတြက္ၿပီးခဲ့တဲ့ ၁၂ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္
ဖလားလက္မဲ့အေရးနဲ႔ႀကဳံလိုက္ရတာျဖစ္ပါတယ္။
ပိုၿပီးဆိုးတာက ဒီပြဲမွာစီေရာ္နယ္ဒိုဟာဂိုးေပါက္ကန္ခ်က္တစ္ႀကိမ္မွမရွိခဲ့တာပါဘဲ။
ဒါဟာခ်န္ပီယံလိဂ္မွာသူကစားခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္ ၃ ႀကိမ္ေျမာက္လည္းျဖစ္ခဲ့ပါတယ္။
မိနစ္ ၉၀ ျပည့္ပါဝင္ၿပီး ပထမဆုံးဂိုးေပါက္ကန္ခ်က္မရွိခဲ့တဲ့ပြဲက ၂၀၀၃ မွာျဖစ္ၿပီး
မန္ယူမွာရွိေနတုန္း ပါနာသီႏိုင္ကို႔စ္နဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲ၊ဒုတိယပြဲက ၂၀၁၁ မွာျဖစ္ၿပီး
ရီးရဲလ္မွာရွိေနတုန္း ဘာစီလိုနာနဲ႔ေတြ႕ခဲ့တဲ့ပြဲေတြျဖစ္ပါတယ္။
ဒါဟာ Great CR7 အျဖစ္ေရာ Mr Champions League အျဖစ္ပါတင္စားခံထားရတဲ့
စီေရာ္နယ္ဒိုအတြက္အင္မတန္မွစိတ္ပ်က္ဖြယ္ရာျဖစ္ေစခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ၁၂ ႏွစ္အတြင္းမွာ သူကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္၊
ဂ်ဴဗင္တပ္ တို႔နဲ႔အတူ ဆုဖလားတစ္လုံးမဟုတ္တစ္လုံးရယူႏိုင္ခဲ့ေပမယ့္
မန္ယူနဲ႔ဘာဆုဖလားမွာရယူႏိုင္မွာမဟုတ္ေတာ့လို႔
သူ႔ရဲ႕ကစာသမားဘဝေနာက္ဆုံးအခ်ိန္ေတြကိုလည္း ထိခိုက္ေစေတာ့မွာျဖစ္ပါတယ္။
မန္ယူဟာ ၂၀၁၇ တုန္းက ေမာ္ရင္ဟိုနဲ႔အတူ ယူ႐ိုပါလိဂ္ဖလားကိုေနာက္ဆုံးရယူႏိုင္ခဲ့ၿပီးေနာက္
ဆုဖလားတစ္လုံးမွမရခဲ့ေတာ့ေပမယ့္ အဲဒီကာလအတြင္းမွာ စီေရာ္နယ္ဒိုကေတာ့
ခ်န္ပီယံလိဂ္ ၂ ႀကိမ္နဲ႔ စီးရီးေအ ၂ ႀကိမ္တို႔ကိုရယူႏိုင္ခဲ့ပါတယ္။
Leave a Reply