
နာမည်ကျော်ဘရာဇီးကစားသမားတစ်ယောက်ဖြစ်တဲ့ ဒီနယ်လ်ဆင်ဟာ
ကစား သမားဘဝကနေ အနားယူခဲ့ပြီးနောက် ၁၂ နှစ်အကြာမှ ဘောလုံးပြန်
ကစားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အသက်၄၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့
ဒီနယ်လ်ဆင်ဟာ ၁၉၉၈ခုနှစ်တုန်းက ဘရာဇီးကလပ်ဆော်ပေါ်လိုကနေ
လာလီဂါကလပ် ရီရဲဘက်တစ်တို့ထံကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့
ပေါင်၂၁.၅သန်းတန်းဖိုးနဲ့အတူ ပြောင်းရွှေ့ခဲ့သူတစ်ဦးဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဘရာဇီးလက်ရွေးစင်အသင်းအတွက်
ကစားပေးခဲ့တဲ့ ဒီနယ်လ်ဆင်ဟာ အသင်းနဲ့အတူ ၂၀၀၂ ကမ္ဘာ့ဖလား
ချန်ပီယံဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒီနယ်လ်ဆင် ဟာ ကစားသမားဘဝက
အနားယူခဲ့ပြီးနောက်မှာ လတ်ဗီးဂတ်စ် မှာရှိတဲ့နိုင်ငံတကာပိုကာပြိုင်ပွဲ
888poker ရဲ့ သံတမန်အဖြစ် လုပ်ကိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၁၀ခုနှစ်က ဘောလုံးလောကကနေ အပြီးတိုင်အနားယူခဲ့ပြီးမှ အခုတော့
၁၂နှစ်အကြာမှာ အိုင်ဘစ်ဘောလုံးကလပ်ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး
ကန်ပီအိုနာတို ပါနမ်ဘူကာနိုလိဂ်မှာဝင်ရောက်ကစားတော့မှာလည်းဖြစ်ပါတယ်။
“ကျွန်တော်အခုတော့ ပြောနိုင်ပါပြီ။ ဒါက တရားဝင်ဖြစ်ခဲ့ပါပြီ။
ဒီကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့ပြီးနောက် ကျွန်တော့်မိသားစုက
အလေးအနက်ထားစဉ်းစားနေခဲ့ရာက အခုတော့ ဖခင်ဖြစ်တဲ့ကျွန်တော်က
၁၂နှစ်ကြာပြီးတဲ့နောက်မှာ ဒီနေရာမှာ ဘောလုံးပြန်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့ပါပြီ။
ဒီနေ့ကစပြီး ကျွန်တော်ဟာ အိုင်ဘစ်တို့ရဲ့ဂျာစီကို ဝတ်ဆင်တော့မှာဖြစ်ပါတယ်။” လို့
ဒီနယ်လ်ဆင်ကဆိုပါတယ်။
zawgyi
၁၂ ႏွစ္အၾကာမွ ေဘာလုံးျပန္ကစားမယ့္ ဒီနယ္လ္ဆင္
နာမည္ေက်ာ္ဘရာဇီးကစားသမားတစ္ေယာက္ျဖစ္တဲ့ ဒီနယ္လ္ဆင္ဟာ
ကစား သမားဘဝကေန အနားယူခဲ့ၿပီးေနာက္ ၁၂ ႏွစ္အၾကာမွ ေဘာလုံးျပန္
ကစားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အသက္၄၄ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့
ဒီနယ္လ္ဆင္ဟာ ၁၉၉၈ခုႏွစ္တုန္းက ဘရာဇီးကလပ္ေဆာ္ေပၚလိုကေန
လာလီဂါကလပ္ ရီရဲဘက္တစ္တို႔ထံကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့
ေပါင္၂၁.၅သန္းတန္းဖိုးနဲ႔အတူ ေျပာင္းေ႐ႊ႕ခဲ့သူတစ္ဦးျဖစ္ပါတယ္။
၁၉၉၆ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အထိ ဘရာဇီးလက္ေ႐ြးစင္အသင္းအတြက္
ကစားေပးခဲ့တဲ့ ဒီနယ္လ္ဆင္ဟာ အသင္းနဲ႔အတူ ၂၀၀၂ ကမာၻ႔ဖလား
ခ်န္ပီယံဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ ဒီနယ္လ္ဆင္ ဟာ ကစားသမားဘဝက
အနားယူခဲ့ၿပီးေနာက္မွာ လတ္ဗီးဂတ္စ္ မွာရွိတဲ့ႏိုင္ငံတကာပိုကာၿပိဳင္ပြဲ
888poker ရဲ႕ သံတမန္အျဖစ္ လုပ္ကိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
၂၀၁၀ခုႏွစ္က ေဘာလုံးေလာကကေန အၿပီးတိုင္အနားယူခဲ့ၿပီးမွ အခုေတာ့
၁၂ႏွစ္အၾကာမွာ အိုင္ဘစ္ေဘာလုံးကလပ္ရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ၿပီး
ကန္ပီအိုနာတို ပါနမ္ဘူကာႏိုလိဂ္မွာဝင္ေရာက္ကစားေတာ့မွာလည္းျဖစ္ပါတယ္။
“ကြၽန္ေတာ္အခုေတာ့ ေျပာႏိုင္ပါၿပီ။ ဒါက တရားဝင္ျဖစ္ခဲ့ပါၿပီ။
ဒီကမ္းလွမ္းခ်က္ ထြက္ေပၚလာခဲ့ၿပီးေနာက္ ကြၽန္ေတာ့္မိသားစုက
အေလးအနက္ထားစဥ္းစားေနခဲ့ရာက အခုေတာ့ ဖခင္ျဖစ္တဲ့ကြၽန္ေတာ္က
၁၂ႏွစ္ၾကာၿပီးတဲ့ေနာက္မွာ ဒီေနရာမွာ ေဘာလုံးျပန္ကစားဖို႔အတြက္ ဆုံးျဖတ္ခဲ့ပါၿပီ။
ဒီေန႔ကစၿပီး ကြၽန္ေတာ္ဟာ အိုင္ဘစ္တို႔ရဲ႕ဂ်ာစီကို ဝတ္ဆင္ေတာ့မွာျဖစ္ပါတယ္။” လို႔
ဒီနယ္လ္ဆင္ကဆိုပါတယ္။
Leave a Reply