
ယူနိုက်တက်အသင်းရဲ့ အရန်အင်အားက တောင့်တင်းမှုမရှိသေးဘူးဆိုတာ
အခုပွဲက သက်သေပါပဲ။ ပွဲဆက်တွေများနေတဲ့အပြင် လာမယ့်တနင်္ဂနွေ
ကျရင်လည်း လီဗာပူးလ်နဲ့ပွဲကြီးပွဲကောင်းကစားရမှာဖြစ်လို့ အဲရစ်တန်ဟက်က
ပြီးခဲ့တဲ့လိဂ်ဖလားဗိုလ်လုပွဲလူစာရင်းကို (၆)နေရာအထိ အပြောင်းအလဲ
လုပ်ခဲ့ပြီး ပထမပိုင်းမှာ ယူနိုက်တက်ကစားဟန်က Force မပါခဲ့ဘူး။
ပထမပိုင်းက ခြေစွမ်းနဲ့ လူစုံတက်စုံပြန်ပါလာတဲ့ ဒုတိယပိုင်းက ခြေစွမ်းကို
ယှဉ်ကြည့်ရင် တော်တော်လေးကွာခြားလွန်းပါတယ်။ စီနီယာကစားသမားတွေ
ဖြစ်တဲ့ တွမ်မီနေး၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့အားလုံးက အိမ်ဖြည့်
အဆင့်သာရှိပြီး အရန်လောက်သာ အသုံးဝင်ပါတယ်။
ပထမပိုင်းမှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ကြားက ပြေးလမ်းကြောင်း
အလွတ်ကြီးဖြစ်နေလို့ အန်တိုနီ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးကန်သွင်းခဲ့ပေမယ့်
ဒီဂီယာ ကာကွယ်နိုင်လို့သာ ယူနိုက်တက် ပထမပိုင်းကတည်းက ဂိုးမပေးခဲ့
ရတာပါ။ ဒုတိယပိုင်းမှာလည်း အန်တိုနီပဲ နောက်တစ်ကြိမ် အပိုင်ကန်သွင်းခဲ့ပေမယ့်
ဒီဂီယာ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြန်တယ်။
ဒုတိယပိုင်း (၅၄)မိနစ်မှာ လက်ပစ်ဘောဖြစ်သလို၊ မဖြစ်သလိုအနေအထားကနေ
ဘန်ရာမာ ဆွဲပြေးပြီး ကန်သွင်းခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးစရခဲ့တယ်။
ဒုတိယပိုင်းမှာ ကတ်စ်မဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်၊ ရပ်ရှ်ဖို့ဒ်တို့ ဝင်လာပြီး
အထူးသဖြင့် ကတ်စ်မဲရိုး ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်ကွင်းလယ်
ကစားဟန်က သိသိသာသာကို ပြောင်းလဲသွားတယ်။
မိနစ်(၇၀)ကျော်မှာ ပြစ်ဒဏ်ဘေကနေ ကတ်စ်မဲရိုး ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့်
လူကျွံဖြစ်နေလို့ ယူနိုက်တက် နစ်နာခဲ့ပြီး (၇၇)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်
ထောင့်ကန်ဘောကန်တင်ပေးလိုက်တာကို ဝက်စ်ဟမ်းနောက်ခံလူ အဂွါဒ်
ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တာကြောင့် ယူနိုက်တက် ချေပဂိုးရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ယူနိုက်တက် တိုက်စစ်ဆင်ခဲ့ပြီး မိနစ်(၉၀)မှာ
ဂါနာချိုက ပယ်နယ်တီဧရိယာအတွင်း လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ဒုတိယဂိုး
သွင်းခဲ့သလို နာကျင်အချိန်ပို(၉၅)မိနစ်မှာ ဗက်ဟော့တ်ရဲ့ ရုန်းအားကနေ
ရရှိလာတဲ့ အခွင့်အရေးကို ဖရက်ဒ်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
[Zawgyi]
ယူႏိုက္တက္အသင္းရဲ႕ အရန္အင္အားက ေတာင့္တင္းမႈမရွိေသးဘူးဆိုတာ
အခုပြဲက သက္ေသပါပဲ။ ပြဲဆက္ေတြမ်ားေနတဲ့အျပင္ လာမယ့္တနဂၤေႏြ
က်ရင္လည္း လီဗာပူးလ္နဲ႔ပြဲႀကီးပြဲေကာင္းကစားရမွာျဖစ္လို႔ အဲရစ္တန္ဟက္က
ၿပီးခဲ့တဲ့လိဂ္ဖလားဗိုလ္လုပြဲလူစာရင္းကို (၆)ေနရာအထိ အေျပာင္းအလဲ
လုပ္ခဲ့ၿပီး ပထမပိုင္းမွာ ယူႏိုက္တက္ကစားဟန္က Force မပါခဲ့ဘူး။
ပထမပိုင္းက ေျခစြမ္းနဲ႔ လူစုံတက္စုံျပန္ပါလာတဲ့ ဒုတိယပိုင္းက ေျခစြမ္းကို
ယွဥ္ၾကည့္ရင္ ေတာ္ေတာ္ေလးကြာျခားလြန္းပါတယ္။ စီနီယာကစားသမားေတြ
ျဖစ္တဲ့ တြမ္မီေနး၊ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္တို႔အားလုံးက အိမ္ျဖည့္
အဆင့္သာရွိၿပီး အရန္ေလာက္သာ အသုံးဝင္ပါတယ္။
ပထမပိုင္းမွာ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ၾကားက ေျပးလမ္းေၾကာင္း
အလြတ္ႀကီးျဖစ္ေနလို႔ အန္တိုနီ လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးကန္သြင္းခဲ့ေပမယ့္
ဒီဂီယာ ကာကြယ္ႏိုင္လို႔သာ ယူႏိုက္တက္ ပထမပိုင္းကတည္းက ဂိုးမေပးခဲ့
ရတာပါ။ ဒုတိယပိုင္းမွာလည္း အန္တိုနီပဲ ေနာက္တစ္ႀကိမ္ အပိုင္ကန္သြင္းခဲ့ေပမယ့္
ဒီဂီယာ အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့ျပန္တယ္။
ဒုတိယပိုင္း (၅၄)မိနစ္မွာ လက္ပစ္ေဘာျဖစ္သလို၊ မျဖစ္သလိုအေနအထားကေန
ဘန္ရာမာ ဆြဲေျပးၿပီး ကန္သြင္းခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးစရခဲ့တယ္။
ဒုတိယပိုင္းမွာ ကတ္စ္မဲ႐ိုး၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊ ရပ္ရွ္ဖို႔ဒ္တို႔ ဝင္လာၿပီး
အထူးသျဖင့္ ကတ္စ္မဲ႐ိုး ဝင္လာၿပီးေနာက္ပိုင္း ယူႏိုက္တက္ကြင္းလယ္
ကစားဟန္က သိသိသာသာကို ေျပာင္းလဲသြားတယ္။
မိနစ္(၇၀)ေက်ာ္မွာ ျပစ္ဒဏ္ေဘကေန ကတ္စ္မဲ႐ိုး ေခါင္းတိုက္ဂိုးသြင္းခဲ့ေပမယ့္
လူကြၽံျဖစ္ေနလို႔ ယူႏိုက္တက္ နစ္နာခဲ့ၿပီး (၇၇)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္
ေထာင့္ကန္ေဘာကန္တင္ေပးလိုက္တာကို ဝက္စ္ဟမ္းေနာက္ခံလူ အဂြါဒ္
ကိုယ့္ဂိုးကိုယ္ျပန္သြင္းခဲ့တာေၾကာင့္ ယူႏိုက္တက္ ေခ်ပဂိုးရခဲ့ပါတယ္။
အဲဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္ တိုက္စစ္ဆင္ခဲ့ၿပီး မိနစ္(၉၀)မွာ
ဂါနာခ်ိဳက ပယ္နယ္တီဧရိယာအတြင္း လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔ ဒုတိယဂိုး
သြင္းခဲ့သလို နာက်င္အခ်ိန္ပို(၉၅)မိနစ္မွာ ဗက္ေဟာ့တ္ရဲ႕ ႐ုန္းအားကေန
ရရွိလာတဲ့ အခြင့္အေရးကို ဖရက္ဒ္က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။