
ယူရိုပါလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲမှာ အောင်မြင်မှု
အများဆုံးအဖြစ် ရပ်တည်နေတဲ့ လာလီဂါနာမည်ကျော် ဆီဗီလာနဲ့
ထိပ်တိုက်ဆုံတွေ့ရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်ကနေ အခု ကွာတားဖိုင်နယ်
အထိ စပိန်ကလပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ရပြီး အုပ်စုတွင်းမှာ
ဆိုစီဒက်၊ ရှုံးထွက် Play off အဆင့်မှာ ဘာစီလိုနာ၊ ပြီးခဲ့တဲ့ ရှုံးထွက်
(၁၆)သင်းအဆင့်မှာ ဘက်တစ်နဲ့ အခု ကွာတားဖိုင်နယ်မှာ ဆီဗီလာနဲ့
ဆုံတွေ့နေပါတယ်။
ဒီရာသီ ယူရိုပါလိဂ်မှာ စပိန်ကလပ်တွေနဲ့ စုစုပေါင်း(၆)ပွဲကစားခဲ့တာမှာ
ယူနိုက်တက်တို့ အုပ်စုတွင်းတုန်းက ဆိုစီဒက်ကို အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့
ရှုံးခဲ့တာကလွဲလို့ (၄)ပွဲနိုင်၊ (၁)ပွဲသရေကျခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်မှာ ခြေစွမ်းကောင်းပြသနေပေမယ့်
၂၀၁၇ နောက်ပိုင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်တွေမှာ
စပိန်ကလပ်တွေကို ရှုံးနိမ့်ပြီးပြိုင်ပွဲက ထွက်ခဲ့ရတဲ့မှတ်တမ်းဆိုး
ရှိနေတာကြောင့် အခု ဆီဗီလာနဲ့ပွဲအတွက် စိုးရိမ်စရာဖြစ်နေပါပြီ။
ယူနိုက်တက်အတွက် ပိုပြီးစိုးရိမ်စရာကောင်းတာက ဥရောပပြိုင်ပွဲတွေမှာ
ဆီဗီလာနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး (၁)ပွဲမှ မနိုင်ခဲ့ပါဘူး။ နာမည်ကျော်
နည်းပြဟောင်းမော်ရင်ဟိုလက်ထက် ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်
(၁၆)သင်းအဆင့်တုန်းက ဆီဗီလာကို အဝေးကွင်းမှာ ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ
(၂-၁)ဂိုးနဲ့ရှုံးပြီး ၂၀၁၉-၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာလည်း (၂-၁)ဂိုးနဲ့
ထပ်ရှုံးခဲ့ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းအတွက် ရလဒ်ကောင်းတွေရယူပေးနေသူ
နည်းပြအဲရစ်တန်ဟက်တစ်ယောက် မော်ရင်ဟို၊ ဆိုးလ်ရှားတို့ လက်မြှောက်
အရှုံးပေးခဲ့ရတဲ့ ဆီဗီလာကို သူ့လက်ထက်မှာ ကျော်ဖြတ်ပြနိုင်မလားဆိုတာ
စောင့်ကြည့်ရမှာပါ။
တခြားပွဲတွေမှာတော့ စီးရီးအေထိပ်သီးဂျူဗင်တပ်စ်အသင်းဟာ ရှုံးထွက်
(၁၆)သင်းအဆင့်မှာ အာဆင်နယ်ကို ဖြုတ်ချခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့
ဆုံတွေ့နေပြီး ဖီယင်နုနဲ့ ရိုးမား၊ လေဗာကူဆင်နဲ့ Union Saint-Gilloise တို့
ရင်ဆိုင်ကြမှာဖြစ်ပါတယ်။
[Zawgyi]
ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အတြက္ မဲခြဲပြဲအခမ္းအနားျပဳလုပ္ခဲ့ၿပီး
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ
အမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ လာလီဂါနာမည္ေက်ာ္ ဆီဗီလာနဲ႔
ထိပ္တိုက္ဆုံေတြ႕ရမွာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ အုပ္စုအဆင့္ကေန အခု ကြာတားဖိုင္နယ္
အထိ စပိန္ကလပ္ေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆိုင္ခဲ့ရၿပီး အုပ္စုတြင္းမွာ
ဆိုစီဒက္၊ ရႈံးထြက္ Play off အဆင့္မွာ ဘာစီလိုနာ၊ ၿပီးခဲ့တဲ့ ရႈံးထြက္
(၁၆)သင္းအဆင့္မွာ ဘက္တစ္နဲ႔ အခု ကြာတားဖိုင္နယ္မွာ ဆီဗီလာနဲ႔
ဆုံေတြ႕ေနပါတယ္။
ဒီရာသီ ယူ႐ိုပါလိဂ္မွာ စပိန္ကလပ္ေတြနဲ႔ စုစုေပါင္း(၆)ပြဲကစားခဲ့တာမွာ
ယူႏိုက္တက္တို႔ အုပ္စုတြင္းတုန္းက ဆိုစီဒက္ကို အိမ္ကြင္းမွာ (၁-ဝ)ဂိုးနဲ႔
ရႈံးခဲ့တာကလြဲလို႔ (၄)ပြဲႏိုင္၊ (၁)ပြဲသေရက်ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္မွာ ေျခစြမ္းေကာင္းျပသေနေပမယ့္
၂၀၁၇ ေနာက္ပိုင္း ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ေတြမွာ
စပိန္ကလပ္ေတြကို ရႈံးနိမ့္ၿပီးၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့မွတ္တမ္းဆိုး
ရွိေနတာေၾကာင့္ အခု ဆီဗီလာနဲ႔ပြဲအတြက္ စိုးရိမ္စရာျဖစ္ေနပါၿပီ။
ယူႏိုက္တက္အတြက္ ပိုၿပီးစိုးရိမ္စရာေကာင္းတာက ဥေရာပၿပိဳင္ပြဲေတြမွာ
ဆီဗီလာနဲ႔ (၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၁)ပြဲမွ မႏိုင္ခဲ့ပါဘူး။ နာမည္ေက်ာ္
နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္ ၂၀၁၇-၁၈ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္
(၁၆)သင္းအဆင့္တုန္းက ဆီဗီလာကို အေဝးကြင္းမွာ ဂိုးမရွိသေရ၊ အိမ္ကြင္းမွာ
(၂-၁)ဂိုးနဲ႔ရႈံးၿပီး ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲမွာလည္း (၂-၁)ဂိုးနဲ႔
ထပ္ရႈံးခဲ့ပါတယ္။
အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းအတြက္ ရလဒ္ေကာင္းေတြရယူေပးေနသူ
နည္းျပအဲရစ္တန္ဟက္တစ္ေယာက္ ေမာ္ရင္ဟို၊ ဆိုးလ္ရွားတို႔ လက္ေျမႇာက္
အရႈံးေပးခဲ့ရတဲ့ ဆီဗီလာကို သူ႔လက္ထက္မွာ ေက်ာ္ျဖတ္ျပႏိုင္မလားဆိုတာ
ေစာင့္ၾကည့္ရမွာပါ။
တျခားပြဲေတြမွာေတာ့ စီးရီးေအထိပ္သီးဂ်ဴဗင္တပ္စ္အသင္းဟာ ရႈံးထြက္
(၁၆)သင္းအဆင့္မွာ အာဆင္နယ္ကို ျဖဳတ္ခ်ခဲ့တဲ့ စပို႔တင္းလစၥဘြန္းနဲ႔
ဆုံေတြ႕ေနၿပီး ဖီယင္ႏုနဲ႔ ႐ိုးမား၊ ေလဗာကူဆင္နဲ႔ Union Saint-Gilloise တို႔
ရင္ဆိုင္ၾကမွာျဖစ္ပါတယ္။