ဥရောပကို စွန့်ခွာပြီး အယ်လ်နာဆာအသင်းကို ရွေးချယ်ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ ဆုံးဖြတ်ချက်အပေါ် ပရိသတ်တွေ ဝေဖန်
ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆော်ဒီထိပ်သီးကလပ်
အယ်လ်နာဆာနဲ့ (၂)နှစ်စာချုပ်,ချုပ်ဆိုလိုက်ပြီးတဲ့နောက် သူ့ရဲ့ ဆုံးဖြတ်ချက်
အပေါ် အွန်လိုင်းပေါ်မှာ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ (၁)နှစ်ကို ပေါင်(၁၇၃)သန်းအထိ
ရရှိသွားမှာဖြစ်ပေမယ့် ဥရောပဘောလုံးလောကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့
စီရော်နယ်လ်ဒိုကို ပရိသတ်တွေက ပြစ်တင်နေကြပါတယ်။
အယ်လ်နာဆာနဲ့ စီရော်နယ်လ်ဒိုတို့ စာချုပ်,ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်
လာပြီးတဲ့နောက် Twitter မှာ ပရိသတ်တွေက ‘အခုဆိုရင် စီရော်နယ်လ်ဒိုရဲ့
ဘောလုံးသမားဘဝက တရားဝင်အဆုံးသတ်သွားပြီဆိုတာ ရဲရဲကြီးပြောလို့ရသွားပါပြီ’၊
‘ဆော်ဒီကို စီရော်နယ်လ်ဒို သွားတော့မှာလား . .ယူနိုက်တက်မှာတုန်းက ပွဲကစားဖို့
ငြင်းဆန်ခဲ့တာ၊ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့တာ၊ အသင်းရဲ့ သတ်မှတ်ချက်တွေကို
မလိုက်နာဘဲ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးလုပ်ခဲ့တာစတဲ့ ပြဿနာအမျိုးမျိုးရှာခဲ့တယ်။
ကမ္ဘာ့ဖလားမှာလည်း ဘာမှ မလုပ်ပြနိုင်ဘဲ ရှုံးနိမ့်ခဲ့တယ်။ အခုတော့ သူ့ ကစားသမား
ဘဝပါ အဆုံးသတ်သွားပြီပေါ့’၊
‘စီရော်နယ်လ်ဒိုဟာ သူ့ကစားသမားဘ၀ အဆုံးသတ်သွားပြီဆိုတာ သူကိုယ်တိုင်
လက်ခံလိုက်ပြီ .. ဒါပေမဲ့ သူ့ ပရိသတ်တွေကရော အဲဒါကို လက်ခံနိုင်ပါ့မလား’လို့
ဝေဖန်ရေးသားခဲ့ပါတယ်။
[Zawgyi]
ဝေဖန်ရေးသားခဲ့ပါတယ်။