





အက်သလက်တီကိုနဲ့မန်စီးတီးတို့ရဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့က
နောက်ဆုံးမိနစ်တွေဟာ နှစ်သင်းအကြား ရုန်းရင်ဆန်ခတ်မှုတွေနဲ့ အကျည်းတန်ခဲ့ပါတယ်။





ကွင်းဘေးစည်းပေါ်မှာ မန်စီးတီးကြယ်ပွင့်ဖိုဒန်ကို အက်သလက်တီကိုနောက်ခံလူဖိလစ်ပီက
ဖျက်ထုတ်မှုလုပ်လိုက်တာက စတင်ခဲ့တာပါ။ ကွင်းစည်းအပြင်ဘက်မှာ ဖိုဒန်က
လူးလိမ့်နေချိန် နောက်ထပ်တီကိုနောက်ခံလူတစ်ယောက်ဖြစ်တဲ့ဆာဗစ်က ဆွဲထူဖို့





လုပ်ရာကနေ နှစ်ဖက်ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်မှာ ဖိလစ်ပီဟာ အနီကတ်ပြထုတ်ပယ်ခံလိုက်ရပြီး တီကိုက ဆာဗစ်နဲ့





မန်စီးတီးက နသန်အကီတို့ဟာလည်း အဝါကတ်ပြသတိပေးခံခဲ့ရပါတယ်။
ဒါ့အပြင် ကွင်းထဲက ကွင်းထဲက ရုန်းရင်းဆန်ခတ်မှုမှာ ဆာဗစ်နဲ့ ဂရီယာလစ်ရှ်တို့ဟာ
စကားများခဲ့ကြပြီး ဆာဗစ်က ဆံပင်ဆောင့်ဆွဲတာ လုပ်ခဲ့ပါတယ်။





သူတို့နှစ်သင်းကြားက ကွင်းထဲက ပြသနာဟာ အဲဒီမှာတင် မပြီးခဲ့ပဲ ဥမင်ထဲမှာလည်း
ဆက်ဖြစ်ခဲ့ကြတာပါ။ အဲဒီမှာ အက်သလက်တီကိုက လိုရန်တီဟာ မန်စီးတီး





နောက်ခံလူလာပေါ်တီဆီ အရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်မှုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုန်းရန်ဆန်ခတ်ထပ်ဖြစ်ခဲ့ကြတာမို့ ဒီတစ်ကြိမ်မှာ ရဲတွေကတောင် ဝင်ဆွဲခဲ့ရတာပါ။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာလည်း ဥမင်ထဲပြေးအဝင်မှာ ပွဲကြည့်စင်ပေါ်က





ပြိုင်ဘက်ပရိသတ်တွေရဲ့ပုလင်းတွေနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။
zawgyi





ဥမင္ေလွ်ာက္လမ္းအထိ ရန္ပြဲမၿပီးဆုံးႏိုင္ေသးတဲ့ တီကိုနဲ႔ စီးတီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္
အက္သလက္တီကိုနဲ႔မန္စီးတီးတို႔ရဲ႕ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဒုတိယအေက်ာ့က
ေနာက္ဆုံးမိနစ္ေတြဟာ ႏွစ္သင္းအၾကား ႐ုန္းရင္ဆန္ခတ္မႈေတြနဲ႔ အက်ည္းတန္ခဲ့ပါတယ္။





ကြင္းေဘးစည္းေပၚမွာ မန္စီးတီးၾကယ္ပြင့္ဖိုဒန္ကို အက္သလက္တီကိုေနာက္ခံလူဖိလစ္ပီက
ဖ်က္ထုတ္မႈလုပ္လိုက္တာက စတင္ခဲ့တာပါ။ ကြင္းစည္းအျပင္ဘက္မွာ ဖိုဒန္က





လူးလိမ့္ေနခ်ိန္ ေနာက္ထပ္တီကိုေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ဆာဗစ္က ဆြဲထူဖို႔
လုပ္ရာကေန ႏွစ္ဖက္ကစားသမားေတြ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကတာပါ။
အဲဒီျဖစ္ရပ္မွာ ဖိလစ္ပီဟာ အနီကတ္ျပထုတ္ပယ္ခံလိုက္ရၿပီး တီကိုက ဆာဗစ္နဲ႔





မန္စီးတီးက နသန္အကီတို႔ဟာလည္း အဝါကတ္ျပသတိေပးခံခဲ့ရပါတယ္။
ဒါ့အျပင္ ကြင္းထဲက ကြင္းထဲက ႐ုန္းရင္းဆန္ခတ္မႈမွာ ဆာဗစ္နဲ႔ ဂရီယာလစ္ရွ္တို႔ဟာ





စကားမ်ားခဲ့ၾကၿပီး ဆာဗစ္က ဆံပင္ေဆာင့္ဆြဲတာ လုပ္ခဲ့ပါတယ္။
သူတို႔ႏွစ္သင္းၾကားက ကြင္းထဲက ျပသနာဟာ အဲဒီမွာတင္ မၿပီးခဲ့ပဲ ဥမင္ထဲမွာလည္း
ဆက္ျဖစ္ခဲ့ၾကတာပါ။ အဲဒီမွာ အက္သလက္တီကိုက လိုရန္တီဟာ မန္စီးတီး





ေနာက္ခံလူလာေပၚတီဆီ အရာဝတၳဳတစ္ခုနဲ႔ ပစ္ေပါက္မႈလုပ္ခဲ့ပါတယ္။
ဒါ့အျပင္ ႐ုန္းရန္ဆန္ခတ္ထပ္ျဖစ္ခဲ့ၾကတာမို႔ ဒီတစ္ႀကိမ္မွာ ရဲေတြကေတာင္ ဝင္ဆြဲခဲ့ရတာပါ။





မန္စီးတီးနည္းျပဂြါဒီယိုလာဟာလည္း ဥမင္ထဲေျပးအဝင္မွာ ပြဲၾကည့္စင္ေပၚက
ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ပုလင္းေတြနဲ႔ ပစ္ေပါက္ျခင္း ခံခဲ့ရပါတယ္။
Leave a Reply