ဥမင်ထဲမှာတန်းစီတာတောင် နေရာမှားရပ်တဲ့ ခေါင်းကြီးကြောင့် မန်ယူပရိသတ်တွေ စိတ်ဓာတ်ကျ

မန်ယူပရိသတ်တွေကတော့ ဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး အတော်လေး စိတ်ဓာတ်ကျသွားကြပါတယ်။ ဒေါသတကြီးနဲ့ ဝေဖန်ဖို့ထက် ကိုယ့်အသင်းရဲ့အဖြစ် ဒီလောက်ထိဆိုးနေပါလားလို့ ကြိတ်မနိုင်ခဲမရဖြစ်နေကြတာပါ။

မန်ယူဟာ ရာသီအဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကိုရှုံးခဲ့ပါတယ်။ တကယ်တော့ ပွဲမကစားခင် ဥမင်ထဲမှာတန်းစီနေချိန်ကတည်းက သရဲနီတွေ ပရမ်းပတာဖြစ်ခဲ့တာပါ။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ အိမ်ရှင်အသင်းဖြစ်တဲ့ သူတို့ ဘယ်ဘက်ခြမ်းမှာတန်းစီပြီး ကွင်းထဲဝင်ရမလဲဆိုတာ နားလည်ရခက်ခဲ့ပါတယ်။ ဒါနဲ့ပဲ ဥမင်ညာခြမ်းမှာ တန်းစီခိုင်းခဲ့ပါတယ်။

ဂိုးသမားဒီဂီယာက မှားနေတယ်လို့ဝင်ပြောတော့မှ ဘယ်ခြမ်းကို ပြောင်းခဲ့ကြရတာပါ။ တကယ်တော့ အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့အစဉ်အလာလေးတွေကိုတော့

သတိပြုမှတ်သားထားရမှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အခုဗွီဒီယိုဖိုင် ပျံ့နှံ့လာတဲ့နောက် အင်္ဂလန်နောက်ခံလူဟာ အတော်လေးဝေဖန်ခံခဲ့ရတာပါ။ အထူးသဖြင့်

“ ငါတို့ အသင်းခေါင်းဆောင်ကိုကြည့်စမ်းပါဦး .. ဒီအသင်းရဲ့အခြေအနေကတော့ကွာ ” ဆိုတဲ့ မှတ်ချက်မျိုးဟာ ပရိသတ်တွေစိတ်ဓာတ်ပိုင်းကိုပါ မှန်းဆလို့ရနေပါတယ်။ ဒါပေမဲ့ မန်ယူကတော့

တန်းဟတ်ရဲ့သဘောတူညီချက်ကြောင့် ကွင်းဘေးစည်းနားက နည်းပြနဲ့ကစားသမားထိုင်ခုံတွေကို အိမ်ကွင်းအသင်းနဲ့ အဝေးကွင်းအသင်းအတွက် နေရာပြောင်းထားတာကြောင့် အခုလိုဖြစ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။

(ZAWGYI)

မန္ယူပရိသတ္ေတြကေတာ့ ဒီဗြီဒီယိုဖိုင္ကိုၾကည့္ၿပီး အေတာ္ေလး စိတ္ဓာတ္က်သြားၾကပါတယ္။ ေဒါသတႀကီးနဲ႔ ေဝဖန္ဖို႔ထက္ ကိုယ့္အသင္းရဲ႕အျဖစ္ ဒီေလာက္ထိဆိုးေနပါလားလို႔

ႀကိတ္မႏိုင္ခဲမရျဖစ္ေနၾကတာပါ။ မန္ယူဟာ ရာသီအဖြင့္ပြဲစဥ္မွာ ဘ႐ိုက္တန္ကိုရႈံးခဲ့ပါတယ္။ တကယ္ေတာ့ ပြဲမကစားခင္ ဥမင္ထဲမွာတန္းစီေနခ်ိန္ကတည္းက သရဲနီေတြ ပရမ္းပတာျဖစ္ခဲ့တာပါ။

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ အိမ္ရွင္အသင္းျဖစ္တဲ့ သူတို႔ ဘယ္ဘက္ျခမ္းမွာတန္းစီၿပီး ကြင္းထဲဝင္ရမလဲဆိုတာ နားလည္ရခက္ခဲ့ပါတယ္။ ဒါနဲ႔ပဲ ဥမင္ညာျခမ္းမွာ တန္းစီခိုင္းခဲ့ပါတယ္။

ဂိုးသမားဒီဂီယာက မွားေနတယ္လို႔ဝင္ေျပာေတာ့မွ ဘယ္ျခမ္းကို ေျပာင္းခဲ့ၾကရတာပါ။ တကယ္ေတာ့ အသင္းေခါင္းေဆာင္တစ္ဦးအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ရဲ႕အစဥ္အလာေလးေတြကိုေတာ့

သတိျပဳမွတ္သားထားရမွာျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ အခုဗြီဒီယိုဖိုင္ ပ်ံ႕ႏွံ႔လာတဲ့ေနာက္ အဂၤလန္ေနာက္ခံလူဟာ အေတာ္ေလးေဝဖန္ခံခဲ့ရတာပါ။ အထူးသျဖင့္ “ ငါတို႔ အသင္းေခါင္းေဆာင္ကိုၾကည့္စမ္းပါဦး

.. ဒီအသင္းရဲ႕အေျခအေနကေတာ့ကြာ ” ဆိုတဲ့ မွတ္ခ်က္မ်ိဳးဟာ ပရိသတ္ေတြစိတ္ဓာတ္ပိုင္းကိုပါ မွန္းဆလို႔ရေနပါတယ္။ ဒါေပမဲ့ မန္ယူကေတာ့ တန္းဟတ္ရဲ႕သေဘာတူညီခ်က္ေၾကာင့္

ကြင္းေဘးစည္းနားက နည္းျပနဲ႔ကစားသမားထိုင္ခုံေတြကို အိမ္ကြင္းအသင္းနဲ႔ အေဝးကြင္းအသင္းအတြက္ ေနရာေျပာင္းထားတာေၾကာင့္ အခုလိုျဖစ္ခဲ့တာလို႔ ေျဖရွင္းထားပါတယ္။