ဥပုသ်ကာလကို ဖြတ်သန်းနေရပေမယ့် ခြေစွမ်း မထိခိုက်ဘဲ ဟက်ထရစ် သွင်းခဲ့တဲ့ ဘန်ဇီမာ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ် ပထမအကျော့မှာ ဂိုးသွင်းခြေစွမ်းပြပြီး

ဟက်ထရစ်ရရှိခဲ့ပါတယ်။ ဘန်ဇီမာဟာ ပထမပိုင်းမှာတင် အသင်းအတွက်

ဦးဆောင်ဂိုးနှစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။

ဘန်ဇီမာဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာ ဥပုသ်ကာလကို ဖြတ်သန်းနေရတာဖြစ်ပြီး

ဥပုသ်ကြောင့်လည်း တစ်နေကုန် အစာရော၊ ရေရော စားသောက်ခွင့်မရှိပါဘူး။

ဘန်ဇီမာဟာ ချဲလ်ဆီးနဲ့ပွဲစဖို့ (၁၃) မိနစ်အလိုမှသာ ဝါဖြေခဲ့ရတယ်လို့ သိရပါတယ်။

မကြာသေးမီတုန်းကအင်တာဗျူးတစ်ခုတွင် ဥပုသ်စောင့်ကာ နေထွက်နေဝင်

အစားအသောက်ရှောင်ရမှုက ခြေစွမ်းအပေါ်ထိခိုက်သလားလို့မေးမြန်းမှုကို

ဘန်ဇီမာက “မထိခိုက်ပါဘူး။ ဥပုသ်စောင့်တယ်ဆိုတာကျွန်တော့်ဘဝရဲ့

အစိတ်အပိုင်းတစ်ရပ်ပါ။ဘာသာရေးဝတ္တရားတစ်ခုပါ။

ဒါကကျွန်တော့်အတွက်အရမ်းအရေးကြီးပါတယ်။

အစားအသောက်ရှောင်ချိန်မှာလည်းအားလုံးအဆင်ပြေပါတယ်”လို့

ပြောကြားသွားပါတယ်။ ဘန်ဇီမာဟာချဲလ်ဆီးနှင့်ပွဲစဉ်ကဟက်ထရစ်ကြောင့်

ယခုရာသီချန်ပီယံလိဂ်ပွဲ၉ပွဲကစားထားရာမှာ၁၁ဂိုးအထိသွင်းထားနိုင်ပြီဖြစ်ပြီး

ချန်ပီယံလိဂ်တစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ပြင်သစ်

ကစားသမားဖြစ်လာပါတယ်။ ယခင်တုန်းကဂျပ်စ်ဖောင်တိန်က၁၉၅၈-၅၉ရာသီတွင်

၁၀ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်တစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းယူနိုင်တဲ့

ပြင်သစ်ကစားသမားအဖြစ်ရပ်တည်ထားနိုင်ခဲ့ပါတယ်။

zawgyi

ဥပုသ္ကာလကို ျဖတ္သန္းေနရေပမယ့္ ေျခစြမ္း မထိခိုက္ဘဲ ဟက္ထရစ္ သြင္းခဲ့တဲ့ ဘန္ဇီမာ

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဘန္ဇီမာဟာ မေန႔ညက ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပြဲစဥ္ ပထမအေက်ာ့မွာ ဂိုးသြင္းေျခစြမ္းျပၿပီး

ဟက္ထရစ္ရရွိခဲ့ပါတယ္။ ဘန္ဇီမာဟာ ပထမပိုင္းမွာတင္ အသင္းအတြက္

ဦးေဆာင္ဂိုးႏွစ္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့တာပါ။

ဘန္ဇီမာဟာ ခ်ဲလ္ဆီးနဲ႔ပြဲမတိုင္ခင္မွာ ဥပုသ္ကာလကို ျဖတ္သန္းေနရတာျဖစ္ၿပီး

ဥပုသ္ေၾကာင့္လည္း တစ္ေနကုန္ အစာေရာ၊ ေရေရာ စားေသာက္ခြင့္မရွိပါဘူး။

ဘန္ဇီမာဟာ ခ်ဲလ္ဆီးနဲ႔ပြဲစဖို႔ (၁၃) မိနစ္အလိုမွသာ ဝါေျဖခဲ့ရတယ္လို႔ သိရပါတယ္။

မၾကာေသးမီတုန္းကအင္တာဗ်ဴးတစ္ခုတြင္ ဥပုသ္ေစာင့္ကာ ေနထြက္ေနဝင္

အစားအေသာက္ေရွာင္ရမႈက ေျခစြမ္းအေပၚထိခိုက္သလားလို႔ေမးျမန္းမႈကို

ဘန္ဇီမာက “မထိခိုက္ပါဘူး။ ဥပုသ္ေစာင့္တယ္ဆိုတာကြၽန္ေတာ့္ဘဝရဲ႕

အစိတ္အပိုင္းတစ္ရပ္ပါ။ဘာသာေရးဝတၱရားတစ္ခုပါ။

ဒါကကြၽန္ေတာ့္အတြက္အရမ္းအေရးႀကီးပါတယ္။

အစားအေသာက္ေရွာင္ခ်ိန္မွာလည္းအားလုံးအဆင္ေျပပါတယ္”လို႔

ေျပာၾကားသြားပါတယ္။ ဘန္ဇီမာဟာခ်ဲလ္ဆီးႏွင့္ပြဲစဥ္ကဟက္ထရစ္ေၾကာင့္

ယခုရာသီခ်န္ပီယံလိဂ္ပြဲ၉ပြဲကစားထားရာမွာ၁၁ဂိုးအထိသြင္းထားႏိုင္ၿပီျဖစ္ၿပီး

ခ်န္ပီယံလိဂ္တစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ျပင္သစ္

ကစားသမားျဖစ္လာပါတယ္။ ယခင္တုန္းကဂ်ပ္စ္ေဖာင္တိန္က၁၉၅၈-၅၉ရာသီတြင္

၁၀ဂိုးသြင္းယူၿပီး ခ်န္ပီယံလိဂ္တစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့

ျပင္သစ္ကစားသမားအျဖစ္ရပ္တည္ထားႏိုင္ခဲ့ပါတယ္။