အွန်လိုင်းမှာပေါက်ကြားလာတဲ့ ဟာလန်းတို့စကားတွေက ပြိုင်ဘက်တွေအတွက် ထိတ်လန့်စရာဖြစ်နေ

ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ ခြေစမ်းပွဲအပြီး ဥမင်လှိုဏ်ခေါင်းထဲပြန်ဝင်လာချိန်မှာ ဟာလန်းတို့လူစုရဲ့ပြောစကားတွေဟာ ပြိုင်ဘက်တွေအတွက်

ထိတ်လန့်စရာကောင်းနေပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ကလပ်အမေရိကကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲနဲ့ လွဲချော်ခဲ့ပေမယ့်

ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာတော့ ပွဲထွက်ကစားခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ၁၂ မိနစ်မှာတင် ဂရီလစ်ရှ်ဖန်တီးပေးတာကတစ်ဆင့်

သူ့ရဲ့ပထမဆုံးမန်စီးတီးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့နောက် Lambeau Field ကွင်းရဲ့ဥမင်ထဲပြန်ဝင်လာချိန်မှာ ဂရီလစ်ရှ်က သူ့အသင်းဖော်သစ်ကို

စကားပြောဖို့ စိတ်ထက်သန်နေခဲ့ပါတယ်။ “ အာလင်း .. ငါ မင်းကိုပြောခဲ့တယ်နော် ” လို့ ဟာလန်းကြားအောင် အော်ပြောလိုက်တာပါ။ နော်ဝေသားကလည်း ချက်ချင်းပဲပြန်လှည့်ပြီး

“ အတိအကျပဲ .. ဒီဘောလုံးတွေက ကျွန်တော့်အကြိုက်ပဲ ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဂရီလစ်ရှ်ကတော့ ဒီလောက်နဲ့မကျေနပ်နိုင်သေးပါဘူး။ ကယ်လ်ဗင်ဖိလစ်ကို စကားဝိုင်းထဲဆွဲသွင်းပြီး

သူနဲ့ဟာလန်းအကြောင်း ရှင်းပြခဲ့ပါတယ်။ “ ဒီလိုကွ ကယ်လ်ရ။ ပွဲမကစားခင် သူ့ကို ငါပြောခဲ့တယ်။ ဘေးလိုင်းကနေ ဘောလုံးဆွဲပြီး ပင်နယ်တီဧရိယာထဲကို

သူ့အတွက် ဖြတ်တင်ပေးမယ်လို့လေ။ ဒါကြောင့် ပထမဆုံးအကြိမ် သူ အဆုံးသတ်နိုင်ခဲ့တာကွ ” လို့ ကြွားခဲ့တာပါ။ တကယ်လို့သာ ပရီးမီးယားလိဂ်ရဲ့ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ရှင်နဲ့

ဟာလန်းတို့ထပ်တူကျခဲ့ရင်တော့ ပြိုင်ဘက်နောက်တန်းတွေအတွက် စိုးရိမ်စရာပဲလို့ ဒီဗွီဒီယိုကြည့်ပြီး သုံးသပ်မှုတွေရှိနေပါတယ်။

(zawgyi)

ဘိုင္ယန္ျမဴးနစ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရတဲ့ ေျခစမ္းပြဲအၿပီး ဥမင္လႈိဏ္ေခါင္းထဲျပန္ဝင္လာခ်ိန္မွာ ဟာလန္းတို႔လူစုရဲ႕ေျပာစကားေတြဟာ ၿပိဳင္ဘက္ေတြအတြက္ ထိတ္လန႔္စရာေကာင္းေနပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ဒီသီတင္းပတ္ အေစာပိုင္းတုန္းက ကလပ္အေမရိကကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာေတာ့ ပြဲထြက္ကစားခဲ့ပါတယ္။

ဒါ့အျပင္ အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၁၂ မိနစ္မွာတင္ ဂရီလစ္ရွ္ဖန္တီးေပးတာကတစ္ဆင့္ သူ႔ရဲ႕ပထမဆုံးမန္စီးတီးဂိုးကိုလည္း သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲၿပီးတဲ့ေနာက္ Lambeau Field ကြင္းရဲ႕ဥမင္ထဲျပန္ဝင္လာခ်ိန္မွာ ဂရီလစ္ရွ္က သူ႔အသင္းေဖာ္သစ္ကို စကားေျပာဖို႔ စိတ္ထက္သန္ေနခဲ့ပါတယ္။ “ အာလင္း .. ငါ မင္းကိုေျပာခဲ့တယ္ေနာ္ ” လို႔

ဟာလန္းၾကားေအာင္ ေအာ္ေျပာလိုက္တာပါ။ ေနာ္ေဝသားကလည္း ခ်က္ခ်င္းပဲျပန္လွည့္ၿပီး “ အတိအက်ပဲ .. ဒီေဘာလုံးေတြက ကြၽန္ေတာ့္အႀကိဳက္ပဲ ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဂရီလစ္ရွ္ကေတာ့ ဒီေလာက္နဲ႔မေက်နပ္ႏိုင္ေသးပါဘူး။ ကယ္လ္ဗင္ဖိလစ္ကို စကားဝိုင္းထဲဆြဲသြင္းၿပီး သူနဲ႔ဟာလန္းအေၾကာင္း ရွင္းျပခဲ့ပါတယ္။ “ ဒီလိုကြ ကယ္လ္ရ။ ပြဲမကစားခင္ သူ႔ကို ငါေျပာခဲ့တယ္။

ေဘးလိုင္းကေန ေဘာလုံးဆြဲၿပီး ပင္နယ္တီဧရိယာထဲကို သူ႔အတြက္ ျဖတ္တင္ေပးမယ္လို႔ေလ။ ဒါေၾကာင့္ ပထမဆုံးအႀကိမ္ သူ အဆုံးသတ္ႏိုင္ခဲ့တာကြ ” လို႔ ႂကြားခဲ့တာပါ။

တကယ္လို႔သာ ပရီးမီးယားလိဂ္ရဲ႕ၿဗိတိန္ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ရွင္နဲ႔ ဟာလန္းတို႔ထပ္တူက်ခဲ့ရင္ေတာ့ ၿပိဳင္ဘက္ေနာက္တန္းေတြအတြက္ စိုးရိမ္စရာပဲလို႔ ဒီဗြီဒီယိုၾကည့္ၿပီး သုံးသပ္မႈေတြရွိေနပါတယ္။