အွန်နရီကြောင့် ငယ်ငယ်ကတည်းက အာဆင်နယ်ပရိသတ်ဖြစ်ခဲ့တာပါဆိုတဲ့ ဂျီဆပ်

အာဆင်နယ်ဟာ မန်စီးတီးကခေါ်ထားတဲ့ ပေါင် ၄၅ သန်းတန် တိုက်စစ်မှူးဂါဘရီရယ်ဂျီဆပ်ကို တရားဝင်မိတ်ဆက်လာပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ဟာ အမ်းမရိတ်စ်ကို ၅ နှစ်စာချုပ်နဲ့ရောက်လာခဲ့တာပါ။

ဂန်းနားတွေဟာ ဂျီဆပ်ရောက်လာခြင်းကို ဗွီဒီယိုတစ်ခု ဝက်ဘ်ဆိုက်မှာတင်ပေးပြီးတော့လည်း ကြိုဆိုခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟောင်းဟာ နွေဈေးကွက်မှာ ဖာဘီယိုဗီအဲရာ၊ မာကွင်ဟော့စ်နဲ့ မတ်တာနာတို့နောက်

အာတီတာရဲ့ ၄ ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်လာခဲ့တာပါ။ ချဲလ်ဆီးနဲ့စပါးတို့ရဲ့ စိတ်ဝင်စားမှုကိုလည်းခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ လိုင်ယွန်ကိုပြန်လည်ပြောင်းရွှေ့သွားတဲ့

လာကာဇက်တီရဲ့နံပါတ် ၉ ဂျာစီကိုဝတ်ဆင်မှာဖြစ်ပါတယ်။ “ သီယာရီအွန်နရီကြောင့် ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အာဆင်နယ်ပရိသတ်ဖြစ်ခဲ့တာပါ။ ဒီနေရာမှာကစားနေတဲ့သူတွေကို တွေ့လိုက်ချိန်မှာ

ဝိုး.. ဒီကလပ်ကကြီးကျယ်တဲ့လို့တောင် ဖြစ်ခဲ့သူပါ။ အာဆင်နယ်နဲ့ရင်ဆိုင်ရချိန်မှာလည်း အမ်းမရိတ်စ်ဟာ သိပ်ကောင်းတဲ့ကွင်းဆိုတာ သတိထားမိခဲ့သလို အခုတော့ သိပ်ကိုစိတ်လှုပ်ရှားနေမိပါပြီ။

အာဆင်နယ်အတွက်ကစားပေးရတော့မယ်ဆိုတာ သိလိုက်ရတဲ့နေ့ကစပြီး ကျွန်တော်ပျော်ခဲ့ရတာပါ။ ဒီအသင်းက ဝန်ထမ်းတွေနဲ့ကစားသမားတစ်ချို့ကို ကျွန်တော်သိသလို ဘရာဇီးလ်တွေကိုလည်း သိပါတယ်။

အသင်းအတွက်အကူအညီဖြစ်စေဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ ” လို့ ဂျီဆပ်က အာဆင်နယ်အသင်း တရားဝင်ဝက်ဘ်ဆိုက်ကနေ ဖွင့်ဟသွားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြဟောင်းဂွါဒီယိုလာကိုလည်း ဂုဏ်ပြုချီးကျူးခဲ့သလို သူ့ကိုကူညီပေးခဲ့တဲ့အတွက်

ကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါသေးတယ်။ ဂျီဆပ်ဟာ မန်စီးတီးကစားသမားဘ၀ ၆ ရာသီမှာ ၂၃၆ ပွဲကစား ၉၅ ဂိုး သွင်းပေးခဲ့ပေမယ့် ဂွါဒီယိုလာရဲ့အသင်းမှာ လူကြိုက်များတဲ့ကစားသမားတော့ မဖြစ်ခဲ့ပါဘူး။

(zawgyi)

အာဆင္နယ္ဟာ မန္စီးတီးကေခၚထားတဲ့ ေပါင္ ၄၅ သန္းတန္ တိုက္စစ္မႉးဂါဘရီရယ္ဂ်ီဆပ္ကို တရားဝင္မိတ္ဆက္လာပါတယ္။ ဘရာဇီးလ္လက္ေ႐ြးစင္ဟာ အမ္းမရိတ္စ္ကို ၅ ႏွစ္စာခ်ဳပ္နဲ႔ေရာက္လာခဲ့တာပါ။

ဂန္းနားေတြဟာ ဂ်ီဆပ္ေရာက္လာျခင္းကို ဗြီဒီယိုတစ္ခု ဝက္ဘ္ဆိုက္မွာတင္ေပးၿပီးေတာ့လည္း ႀကိဳဆိုခဲ့ပါတယ္။ မန္စီးတီးတိုက္စစ္မႉးေဟာင္းဟာ ေႏြေဈးကြက္မွာ ဖာဘီယိုဗီအဲရာ၊ မာကြင္ေဟာ့စ္နဲ႔ မတ္တာနာတို႔ေနာက္ အာတီတာရဲ႕ ၄ ဦးေျမာက္

ကစားသမားေခၚယူမႈျဖစ္လာခဲ့တာပါ။ ခ်ဲလ္ဆီးနဲ႔စပါးတို႔ရဲ႕ စိတ္ဝင္စားမႈကိုလည္းခံခဲ့ရတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ လိုင္ယြန္ကိုျပန္လည္ေျပာင္းေ႐ႊ႕သြားတဲ့ လာကာဇက္တီရဲ႕နံပါတ္ ၉ ဂ်ာစီကိုဝတ္ဆင္မွာျဖစ္ပါတယ္။

“ သီယာရီအြန္နရီေၾကာင့္ ကြၽန္ေတာ္ဟာ ငယ္ငယ္ကတည္းက အာဆင္နယ္ပရိသတ္ျဖစ္ခဲ့တာပါ။ ဒီေနရာမွာကစားေနတဲ့သူေတြကို ေတြ႕လိုက္ခ်ိန္မွာ ဝိုး.. ဒီကလပ္ကႀကီးက်ယ္တဲ့လို႔ေတာင္ ျဖစ္ခဲ့သူပါ။

အာဆင္နယ္နဲ႔ရင္ဆိုင္ရခ်ိန္မွာလည္း အမ္းမရိတ္စ္ဟာ သိပ္ေကာင္းတဲ့ကြင္းဆိုတာ သတိထားမိခဲ့သလို အခုေတာ့ သိပ္ကိုစိတ္လႈပ္ရွားေနမိပါၿပီ။ အာဆင္နယ္အတြက္ကစားေပးရေတာ့မယ္ဆိုတာ သိလိုက္ရတဲ့ေန႔ကစၿပီး ကြၽန္ေတာ္ေပ်ာ္ခဲ့ရတာပါ။

ဒီအသင္းက ဝန္ထမ္းေတြနဲ႔ကစားသမားတစ္ခ်ိဳ႕ကို ကြၽန္ေတာ္သိသလို ဘရာဇီးလ္ေတြကိုလည္း သိပါတယ္။ အသင္းအတြက္အကူအညီျဖစ္ေစဖို႔ အစြမ္းကုန္ႀကိဳးစားသြားမွာပါ ” လို႔ ဂ်ီဆပ္က အာဆင္နယ္အသင္း တရားဝင္ဝက္ဘ္ဆိုက္ကေန ဖြင့္ဟသြားခဲ့ပါတယ္။

ဒါ့အျပင္ နည္းျပေဟာင္းဂြါဒီယိုလာကိုလည္း ဂုဏ္ျပဳခ်ီးက်ဴးခဲ့သလို သူ႔ကိုကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေျပာသြားခဲ့ပါေသးတယ္။ ဂ်ီဆပ္ဟာ မန္စီးတီးကစားသမားဘ၀ ၆ ရာသီမွာ ၂၃၆ ပြဲကစား ၉၅ ဂိုး သြင္းေပးခဲ့ေပမယ့္ ဂြါဒီယိုလာရဲ႕အသင္းမွာ လူႀကိဳက္မ်ားတဲ့ကစားသမားေတာ့ မျဖစ္ခဲ့ပါဘူး။