
ဂျူဗင်တပ်စ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်
ဒုတိယအကျော့ပွဲစဉ်မှာ ဗီလာရီးရဲလ် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့
အံအားသင့်ဖွယ်အရေးနိမ့်သွားခဲ့ပါတယ်။ အဲဒါကြောင့် နှစ်ကျော့ပေါင်းရလဒ်
(၄)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။
ပထမပိုင်းနဲ့ ဒုတိယပိုင်း အလယ်နားကာလလောက်အထိ ၂သင်းကြား
ဂိုးမသွင်းနိုင်သေးတာကြောင့် အချိန်ပိုထိသွားတော့မယ်လို့ ထင်ခဲ့ပေမဲ့
ဗီလာရီးရဲလ်က ပွဲပြီးခါနီးမထင်မှတ်တဲ့ အနေအထားတွေကနေ ဂိုးရကာ
ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်တို့ ဗီလာရီးရဲလ်ခံစစ်ကို လုံး၀ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပဲ
ဧည့်သည်အသင်းက အိမ်ရှင်ရဲ့ အမှားကို အကောင်းဆုံး အခွင့်ကောင်းယူကာ
ထိုက်တန်တဲ့နိုင်ပွဲ ရယူသွားခဲ့ပါတယ်။ ပွဲကစားချိန် (၇၇) မိနစ်လောက်မှာတော့
ဗီလာရီးရဲလ်တို့ လူစားဝင်ကစားသမား ကိုကွီလင်ကြောင့် ရရှိခဲ့တဲ့
ပင်နယ်တီကို လူစားဝင်ကစားသမား မိုရီနိုကပဲ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။
အဲဒီနောက် ဂျူဗင်တပ်စ်က ဒိုင်ဘားလားကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့်
တကယ်တမ်း ဂိုးထပ်ရတာက ဗီလာရီးရဲလ်ပဲဖြစ်ခဲ့ပါတယ်။
ဒီဂိုးကိုတော့ နောက်ခံလူ ပါအူတောရက်စ်က ထောင့်ကန်ဘောကတစ်ဆင့်
ထပ်ဆင့် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲလ်အတွက် ပွဲသိမ်းဂိုးကိုတော့
ဂရိုနီဗယ်ကပဲ ပင်နယ်တီကတစ်ဆင့် သွင်းယူပေးသွားခဲ့တာပါ။
ဂျူဗင်တပ်စ် အသင်းဟာ ဒီရာသီ ဆုဖလားရယူနိုင်စရာအဖြစ် ကိုပါအီတာလီယာ
ဖလားသာ ကျန်ရှိတော့တာဖြစ်ပြီး အကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ်
ကစားခဲ့တုန်းက ဖီအိုရင်တီးနား အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
zawgyi
အံ့အားသင့္ဖြယ္ ေပးဂိုး ၃ ဂိုးျပတ္နဲ႔ ခ်န္ပီယံလိဂ္ကေန ႏႈတ္ဆက္ထြက္ခြာခဲ့ရတဲ့ ဂ်ဴဗီ
ဂ်ဴဗင္တပ္စ္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္
ဒုတိယအေက်ာ့ပြဲစဥ္မွာ ဗီလာရီးရဲလ္ အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔
အံအားသင့္ဖြယ္အေရးနိမ့္သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္
(၄)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။
ပထမပိုင္းနဲ႔ ဒုတိယပိုင္း အလယ္နားကာလေလာက္အထိ ၂သင္းၾကား
ဂိုးမသြင္းႏိုင္ေသးတာေၾကာင့္ အခ်ိန္ပိုထိသြားေတာ့မယ္လို႔ ထင္ခဲ့ေပမဲ့
ဗီလာရီးရဲလ္က ပြဲၿပီးခါနီးမထင္မွတ္တဲ့ အေနအထားေတြကေန ဂိုးရကာ
ဂိုးျပတ္ႏိုင္ပြဲနဲ႔အတူ ကြာတားဖိုင္နယ္ကို တက္သြားခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္တို႔ ဗီလာရီးရဲလ္ခံစစ္ကို လုံး၀ ထိုးေဖာက္ႏိုင္ျခင္း မရွိခဲ့ပဲ
ဧည့္သည္အသင္းက အိမ္ရွင္ရဲ႕ အမွားကို အေကာင္းဆုံး အခြင့္ေကာင္းယူကာ
ထိုက္တန္တဲ့ႏိုင္ပြဲ ရယူသြားခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၇၇) မိနစ္ေလာက္မွာေတာ့
ဗီလာရီးရဲလ္တို႔ လူစားဝင္ကစားသမား ကိုကြီလင္ေၾကာင့္ ရရွိခဲ့တဲ့
ပင္နယ္တီကို လူစားဝင္ကစားသမား မိုရီႏိုကပဲ အဆုံးသတ္ကန္သြင္းခဲ့ပါတယ္။
အဲဒီေနာက္ ဂ်ဴဗင္တပ္စ္က ဒိုင္ဘားလားကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္
တကယ္တမ္း ဂိုးထပ္ရတာက ဗီလာရီးရဲလ္ပဲျဖစ္ခဲ့ပါတယ္။
ဒီဂိုးကိုေတာ့ ေနာက္ခံလူ ပါအူေတာရက္စ္က ေထာင့္ကန္ေဘာကတစ္ဆင့္
ထပ္ဆင့္ ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဗီလာရီးရဲလ္အတြက္ ပြဲသိမ္းဂိုးကိုေတာ့
ဂ႐ိုနီဗယ္ကပဲ ပင္နယ္တီကတစ္ဆင့္ သြင္းယူေပးသြားခဲ့တာပါ။
ဂ်ဴဗင္တပ္စ္ အသင္းဟာ ဒီရာသီ ဆုဖလားရယူႏိုင္စရာအျဖစ္ ကိုပါအီတာလီယာ
ဖလားသာ က်န္ရွိေတာ့တာျဖစ္ၿပီး အႀကိဳဗိုလ္လုပြဲ ပထမအေက်ာ့အျဖစ္
ကစားခဲ့တုန္းက ဖီအိုရင္တီးနား အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
Leave a Reply