အဲရစ်တန်ဟက် ချီးကျူးရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘစ်ဆာကာ အသင်းမှာ ဆက်ကစားခွင့်ရဖို့ရှိ

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ဘန်လေနဲ့ကစားခဲ့တဲ့

လိဂ်ဖလားပွဲမှာ ပုံစံကောင်းပြသခဲ့တဲ့ နောက်ခံလူ ဘစ်ဆာကာရဲ့ ခြေစွမ်းအပေါ်
အားရကျေနပ်မှုရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒီရာသီမှာ အဲရစ်တန်ဟက်က ဒါလော့တ်ကို ဦးစားပေးအသုံးပြုနေတာကြောင့်
ဘစ်ဆာကာဟာ ပွဲကစားခွင့်ပျောက်ဆုံးခဲ့ပြီး အခု ဘန်လေနဲ့ပွဲမှ ဒီရာသီ
ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၂၇)မိနစ်မှာ
ယူနိုက်တက်အသင်းရရှိခဲ့တဲ့ အဖွင့်ဂိုးဟာ ဘစ်ဆာကာ ဖန်တီးပေးတာကနေ
အဲရစ်ဆင်က ပြေးဝင်ပိတ်သွင်းခဲ့တာပါ။

ဒါဟာ ၂၀၂၁၊ မေလတုန်းက လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲနောက်ပိုင်း ယူနိုက်တက်အသင်း
အတွက် ဘစ်ဆာကာ ပထမဆုံးအကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲအပြီးမှာ အဲရစ်တန်ဟက်က “အခုနိုင်ပွဲအတွက် ကစားသမားတိုင်းက
အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့သလို အထူးသဖြင့် ဘစ်ဆာကာရဲ့ ခြေစွမ်းက
တော်တော်ကောင်းခဲ့ပါတယ်။

ကျွန်တော်တို့အသင်းမှာ ကစားသမားအင်အားအပြည့်အဝရှိဖို့ လိုအပ်တဲ့အပြင်
ကစားသမားတိုင်းဟာ ပွဲကစားခွင့်ရဖို့၊ ခြေစွမ်းပြကစားနိုင်ဖို့ လိုပါတယ်။ ဘစ်ဆာကာဟာ
လာမယ့်ရာသီဝက်အတွက် အကောင်းဆုံးပြင်ဆင်ခဲ့ပြီး အခုဆို အသင်းအတွက်
ကစားဖို့ အသင့်ရှိနေပြီဖြစ်သလို ဒီနေ့ပွဲမှာ သူ ကစားတာ တော်တော်လေး

ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က ဘန္ေလနဲ႔ကစားခဲ့တဲ့

လိဂ္ဖလားပြဲမွာ ပုံစံေကာင္းျပသခဲ့တဲ့ ေနာက္ခံလူ ဘစ္ဆာကာရဲ႕ ေျခစြမ္းအေပၚ
အားရေက်နပ္မႈရွိတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒီရာသီမွာ အဲရစ္တန္ဟက္က ဒါေလာ့တ္ကို ဦးစားေပးအသုံးျပဳေနတာေၾကာင့္
ဘစ္ဆာကာဟာ ပြဲကစားခြင့္ေပ်ာက္ဆုံးခဲ့ၿပီး အခု ဘန္ေလနဲ႔ပြဲမွ ဒီရာသီ
ပထမဆုံးအႀကိမ္ပြဲထြက္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္(၂၇)မိနစ္မွာ
ယူႏိုက္တက္အသင္းရရွိခဲ့တဲ့ အဖြင့္ဂိုးဟာ ဘစ္ဆာကာ ဖန္တီးေပးတာကေန
အဲရစ္ဆင္က ေျပးဝင္ပိတ္သြင္းခဲ့တာပါ။

ဒါဟာ ၂၀၂၁၊ ေမလတုန္းက လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ပြဲေနာက္ပိုင္း ယူႏိုက္တက္အသင္း
အတြက္ ဘစ္ဆာကာ ပထမဆုံးအႀကိမ္ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘန္ေလနဲ႔ပြဲအၿပီးမွာ အဲရစ္တန္ဟက္က “အခုႏိုင္ပြဲအတြက္ ကစားသမားတိုင္းက
အေရးပါတဲ့အခန္းက႑မွာ ပါဝင္ခဲ့သလို အထူးသျဖင့္ ဘစ္ဆာကာရဲ႕ ေျခစြမ္းက
ေတာ္ေတာ္ေကာင္းခဲ့ပါတယ္။

ကြၽန္ေတာ္တို႔အသင္းမွာ ကစားသမားအင္အားအျပည့္အဝရွိဖို႔ လိုအပ္တဲ့အျပင္
ကစားသမားတိုင္းဟာ ပြဲကစားခြင့္ရဖို႔၊ ေျခစြမ္းျပကစားႏိုင္ဖို႔ လိုပါတယ္။ ဘစ္ဆာကာဟာ
လာမယ့္ရာသီဝက္အတြက္ အေကာင္းဆုံးျပင္ဆင္ခဲ့ၿပီး အခုဆို အသင္းအတြက္
ကစားဖို႔ အသင့္ရွိေနၿပီျဖစ္သလို ဒီေန႔ပြဲမွာ သူ ကစားတာ ေတာ္ေတာ္ေလး

ေကာင္းမြန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။