အဲရစ်တန်ဟက်၊ ပိုချက်တီနို၊ ရန်နစ်ခ်တို့ရဲ့ကြားမှာ ယူနိုက်တက်ကစားသမားတွေ သဘောထားကွဲလွဲနေ

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ လာမယ့်ရာသီကျရင်

နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်ကို ခန့်အပ်မယ့်ကိစ္စနဲ့ပတ်သက်လို့

သဘောထားကွဲလွဲမှုတွေရှိနေကြပါတယ်။ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့

အဲရစ်တန်ဟက်၊ ပိုချက်တီနိုတို့ရေပန်းစားနေပြီး အဲရစ်တန်ဟက်ကို

နည်းပြသစ်ခန့်ဖို့နီးစပ်နေပြီဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ကစားသမားတချို့က နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်

ရောက်လာမှာကို ကြိုက်နှစ်သက်ပေမယ့် တချို့ကတော့ ပိုချက်တီနိုကိုသာ

နည်းပြခန့်အပ်စေလိုတာကြောင့် အဝတ်လဲခန်းအတွင်း နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။

ဒ့ါအပြင် ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့

ဂယ်ရီနဗီးလ်၊ နစ်ကီဘတ်တို့ကလည်း အဲရစ်တန်ဟက်ထက်

ပိုချက်တီနိုကိုသာ နည်းပြခန့်ဖို့တိုက်တွန်းပြောဆိုမှုတွေလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်ကစားသမားတွေကြားမှာ ပိုချက်တီနို၊ အဲရစ်တန်ဟက်တို့နဲ့ပတ်သက်ပြီး

ကွဲလွဲမှုတွေဖြစ်နေသလို လက်ရှိယာယီနည်းပြရန်နစ်ခ်ရဲ့နည်းစနစ်တွေအပေါ်

စိတ်ပျက်မှုက ပိုမိုကြီးထွားလာနေပါတယ်။ ရန်နစ်ခ်လက်ထက်မှာလည်း

ယူနိုက်တက်အသင်းရဲ့အနေအထားက တိုးတက်မှုမရှိလာဘဲ ပြီးခဲ့တဲ့

လက်စတာအသင်းနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ကို ပွဲထွက်ကစားသမားအဖြစ်

အသုံးမပြုခဲ့တဲ့အတွက် ကစားသမားတွေဟာ ရန်နစ်ခ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့

မေးခွန်းထုတ်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယုံကြည်မှုပျောက်ဆုံးနေသလို

ပွဲကစားခွင့်ရဖို့ရုန်းကန်နေရပေမယ့် စီရော်နယ်လ်ဒို၊ ကာဗာနီတို့ မပါနိုင်ချိန်မှာ

သူ့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမယ်လို့ ပရိသတ်တွေက

မျှော်လင့်ခဲ့ကြတာပါ။ ယူနိုက်တက်အသင်းဟာ လက်စတာနဲ့ပွဲမှာ(၁-၁)ဂိုးစီ

သရေကျခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မျှော်လင့်ချက်က

မရေမရာဖြစ်နေပြီး အခုဆိုရင်အဆင့်(၇)နေရာကို ကျဆင်းသွားပြီဖြစ်ပါတယ်။

zawgyi

အဲရစ္တန္ဟက္၊ ပိုခ်က္တီႏို၊ ရန္နစ္ခ္တို႔ရဲ႕ၾကားမွာ ယူႏိုက္တက္ကစားသမားေတြ သေဘာထားကြဲလြဲေန

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ လာမယ့္ရာသီက်ရင္

နည္းျပသစ္အျဖစ္ အဲရစ္တန္ဟက္ကို ခန႔္အပ္မယ့္ကိစၥနဲ႔ပတ္သက္လို႔

သေဘာထားကြဲလြဲမႈေတြရွိေနၾကပါတယ္။ ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔

အဲရစ္တန္ဟက္၊ ပိုခ်က္တီႏိုတို႔ေရပန္းစားေနၿပီး အဲရစ္တန္ဟက္ကို

နည္းျပသစ္ခန႔္ဖို႔နီးစပ္ေနၿပီဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနပါတယ္။

ယူႏိုက္တက္ကစားသမားတခ်ိဳ႕က နည္းျပသစ္အျဖစ္ အဲရစ္တန္ဟက္

ေရာက္လာမွာကို ႀကိဳက္ႏွစ္သက္ေပမယ့္ တခ်ိဳ႕ကေတာ့ ပိုခ်က္တီႏိုကိုသာ

နည္းျပခန႔္အပ္ေစလိုတာေၾကာင့္ အဝတ္လဲခန္းအတြင္း ႏွစ္ဖြဲ႕ကြဲေနတာျဖစ္ပါတယ္။

ဒ့ါအျပင္ ယူႏိုက္တက္နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့

ဂယ္ရီနဗီးလ္၊ နစ္ကီဘတ္တို႔ကလည္း အဲရစ္တန္ဟက္ထက္

ပိုခ်က္တီႏိုကိုသာ နည္းျပခန႔္ဖို႔တိုက္တြန္းေျပာဆိုမႈေတြလုပ္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ကစားသမားေတြၾကားမွာ ပိုခ်က္တီႏို၊ အဲရစ္တန္ဟက္တို႔နဲ႔ပတ္သက္ၿပီး

ကြဲလြဲမႈေတြျဖစ္ေနသလို လက္ရွိယာယီနည္းျပရန္နစ္ခ္ရဲ႕နည္းစနစ္ေတြအေပၚ

စိတ္ပ်က္မႈက ပိုမိုႀကီးထြားလာေနပါတယ္။ ရန္နစ္ခ္လက္ထက္မွာလည္း

ယူႏိုက္တက္အသင္းရဲ႕အေနအထားက တိုးတက္မႈမရွိလာဘဲ ၿပီးခဲ့တဲ့

လက္စတာအသင္းနဲ႔ပြဲမွာ ရပ္ရွ္ဖို႔ဒ္ကို ပြဲထြက္ကစားသမားအျဖစ္

အသုံးမျပဳခဲ့တဲ့အတြက္ ကစားသမားေတြဟာ ရန္နစ္ခ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔

ေမးခြန္းထုတ္ေနၾကပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ယုံၾကည္မႈေပ်ာက္ဆုံးေနသလို

ပြဲကစားခြင့္ရဖို႔႐ုန္းကန္ေနရေပမယ့္ စီေရာ္နယ္လ္ဒို၊ ကာဗာနီတို႔ မပါႏိုင္ခ်ိန္မွာ

သူ႔ကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳမယ္လို႔ ပရိသတ္ေတြက

ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ယူႏိုက္တက္အသင္းဟာ လက္စတာနဲ႔ပြဲမွာ(၁-၁)ဂိုးစီ

သေရက်ခဲ့တာေၾကာင့္ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေမွ်ာ္လင့္ခ်က္က

မေရမရာျဖစ္ေနၿပီး အခုဆိုရင္အဆင့္(၇)ေနရာကို က်ဆင္းသြားၿပီျဖစ္ပါတယ္။