အဲရစ်တန်ဟက်လက်ထက် (၆)လကျော်အတွင်း နိုင်ပွဲအရေအတွက်က ပြီးခဲ့တဲ့ တစ်ရာသီလုံးကထက် ပိုများနေ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက် ကိုင်တွယ်တဲ့

(၆)လကျော်အတွင်း နိုင်ပွဲရရှိမှု အရေအတွက်က ပြီးခဲ့တဲ့
တစ်ရာသီလုံးကထက် ပိုများနေတာကို စစ်တမ်းတွေအရ တွေ့မြင်
ရမှာပါ။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဒတ်ချ်လူမျိုးနည်းပြ
အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့နှစ်၊ ဇွန်လကမှ ယူနိုက်တက်အသင်းကို
စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ရာသီအစပိုင်းမှာ ဘရိုက်တန်၊
ဘရန့်ဖို့ဒ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း(၁၀၀)ကျော်

အတွင်း ပွဲဦးထွက်(၂)ပွဲဆက် ရှုံးနိမ့်တဲ့ ပထမဆုံး ယူနိုက်တက်နည်းပြ
အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အဲရစ်တန်ဟက်က ယူနိုက်တက်
အသင်းကို မယုံနိုင်လောက်အောင် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ပြီး
လက်ရှိအချိန်မှာ မန်စီးတီးနဲ့ (၁)မှတ်အကွာ၊ အဆင့်(၄)နေရာ
ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲက အဲရစ်တန်ဟက်လက်ထက် ဒီရာသီ
ပြိုင်ပွဲစုံ (၂၉)ပွဲကစားပြီးချိန်မှာ (၂၁)ပွဲမြောက်နိုင်ပွဲ ရယူခဲ့တာဖြစ်ပြီး
ဒါက ပြီးခဲ့တဲ့တစ်ရာသီလုံးကထက် နိုင်ပွဲအရေအတွက် ပိုများခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ
ဆိုးလ်ရှား၊ ရန်နစ်ခ်တို့နဲ့ နည်းပြအပြောင်းအလဲလုပ်ခဲ့ရပြီး ပြိုင်ပွဲစုံ

စုစုပေါင်း (၄၈)ပွဲကစား၊ ပွဲ(၂၀)သာ အနိုင်ခဲ့တာဖြစ်ပါတယ်။ မနှစ်က
ယူနိုက်တက်တို့ (၅)နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့သလို
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရမှတ်အဖြစ်
စုစုပေါင်း (၅၈)မှတ်သာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်တို့ (၄၈)ပွဲကစား Clean Sheets (၁၀)ပွဲသာ
ပိုင်ဆိုင်ခဲ့ပေမယ့် ဒီရာသီဝက်အတွင်းမှာပဲ (၂၉)ပွဲကစားပြီးချိန်မှာ
(၁၂)ပွဲအထိ Clean Sheets ရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

လိဂ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိရောက်ရှိနေပြီး ဗိုလ်စွဲဖို့
အခြေအနေကောင်းတာကြောင့် ၂၀၁၇ နောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေတဲ့
မှတ်တမ်းဆိုးကို အဲရစ်တန်ဟက်လက်ထက်မှာ အဆုံးသတ်နိုင်ဖို့ နီးစပ်နေပါပြီ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ ကိုင္တြယ္တဲ့
(၆)လေက်ာ္အတြင္း ႏိုင္ပြဲရရွိမႈ အေရအတြက္က ၿပီးခဲ့တဲ့
တစ္ရာသီလုံးကထက္ ပိုမ်ားေနတာကို စစ္တမ္းေတြအရ ေတြ႕ျမင္
ရမွာပါ။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒတ္ခ်္လူမ်ိဳးနည္းျပ
အဲရစ္တန္ဟက္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဇြန္လကမွ ယူႏိုက္တက္အသင္းကို

စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ရာသီအစပိုင္းမွာ ဘ႐ိုက္တန္၊
ဘရန႔္ဖို႔ဒ္တို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့တာေၾကာင့္ ႏွစ္ေပါင္း(၁၀၀)ေက်ာ္
အတြင္း ပြဲဦးထြက္(၂)ပြဲဆက္ ရႈံးနိမ့္တဲ့ ပထမဆုံး ယူႏိုက္တက္နည္းျပ
အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီေနာက္ပိုင္းမွာေတာ့ အဲရစ္တန္ဟက္က ယူႏိုက္တက္
အသင္းကို မယုံႏိုင္ေလာက္ေအာင္ ျပင္ဆင္ေျပာင္းလဲႏိုင္ခဲ့ၿပီး
လက္ရွိအခ်ိန္မွာ မန္စီးတီးနဲ႔ (၁)မွတ္အကြာ၊ အဆင့္(၄)ေနရာ

ေရာက္ေအာင္ ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲက အဲရစ္တန္ဟက္လက္ထက္ ဒီရာသီ

ၿပိဳင္ပြဲစုံ (၂၉)ပြဲကစားၿပီးခ်ိန္မွာ (၂၁)ပြဲေျမာက္ႏိုင္ပြဲ ရယူခဲ့တာျဖစ္ၿပီး
ဒါက ၿပီးခဲ့တဲ့တစ္ရာသီလုံးကထက္ ႏိုင္ပြဲအေရအတြက္ ပိုမ်ားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ယူႏိုက္တက္အသင္းဟာ ရလဒ္ဆိုးေတြနဲ႔အတူ
ဆိုးလ္ရွား၊ ရန္နစ္ခ္တို႔နဲ႔ နည္းျပအေျပာင္းအလဲလုပ္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ
စုစုေပါင္း (၄၈)ပြဲကစား၊ ပြဲ(၂၀)သာ အႏိုင္ခဲ့တာျဖစ္ပါတယ္။ မႏွစ္က
ယူႏိုက္တက္တို႔ (၅)ႏွစ္ဆက္တိုက္ ဖလားလက္မဲ့ျဖစ္ခဲ့သလို
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးရမွတ္အျဖစ္

စုစုေပါင္း (၅၈)မွတ္သာရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္တို႔ (၄၈)ပြဲကစား Clean Sheets (၁၀)ပြဲသာ

ပိုင္ဆိုင္ခဲ့ေပမယ့္ ဒီရာသီဝက္အတြင္းမွာပဲ (၂၉)ပြဲကစားၿပီးခ်ိန္မွာ
(၁၂)ပြဲအထိ Clean Sheets ရယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
လိဂ္ဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္အထိေရာက္ရွိေနၿပီး ဗိုလ္စြဲဖို႔
အေျခအေနေကာင္းတာေၾကာင့္ ၂၀၁၇ ေနာက္ပိုင္း ဖလားလက္မဲ့ျဖစ္ေနတဲ့
မွတ္တမ္းဆိုးကို အဲရစ္တန္ဟက္လက္ထက္မွာ အဆုံးသတ္ႏိုင္ဖို႔ နီးစပ္ေနပါၿပီ။