အဲရစ်တန်ဟက်လက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်နေလို့ ယူနိုက်တက်နဲ့ လမ်းခွဲဖို့ရှိတဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ လာမယ့်နှစ်၊

နွေရာသီကျရင် အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။ ယူနိုက်တက်နည်းပြ
အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ပွဲတွေအတွင်း နွေရာသီမှ အသင်းကို ရောက်လာတဲ့
လီဆန်ဒရိုမာတီနက်ဇ်ကို ဝါရင့်နောက်ခံလူဗာရန်းနဲ့တွဲဖက်ပြီး ဦးစားပေးအဖြစ်
အသုံးပြုခဲ့တာကြောင့် မက်ဂွိုင်းယားအတွက် ပွဲထွက်ကစားခွင့်ရဖို့
ရုန်းကန်ခဲ့ရပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်က ယူနိုက်တက်ကို
နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့

ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ရဲ့ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကြောင့်

ကိုယ့်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို ဒီရာသီမှာလည်း
ပုံမှန်ကစားခွင့်ပျောက်နေတဲ့အတွက် ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲဖို့ရှိတယ်လို့
Sky Sports ရုပ်သံရဲ့ နာမည်ကျော်အစီအစဉ်တင်ဆက်သူ ဒါမက်ရှ်ဆက်သ်က
သုံးသပ်ခဲ့ပါတယ်။

ဒါမက်ရှ်ဆက်သ်က “လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာတော့ မက်ဂွိုင်းယား
ယူနိုက်တက်ကနေ ထွက်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ မက်ဂွိုင်းယားအနေနဲ့
ရာသီကုန်အထိ ယူနိုက်တက်မှာ ဆက်ကစားသွားမယ့်အနေအထားရှိပြီး လက်ကျန်

ရာသီဝက်အတွင်း ပုံမှန်ကစားခွင့်ပျောက်ဆုံးနေဦးမယ်ဆိုရင် လက်ရွေးစင်အသင်းမှာ
ရွေးချယ်ခံရဖို့အတွက် ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းဆီ မက်ဂွိုင်းယား

ပြောင်းဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ လာမယ့္ႏွစ္၊

ေႏြရာသီက်ရင္ အသင္းကေန ထြက္ခြာဖို႔ရွိေနပါတယ္။ ယူႏိုက္တက္နည္းျပ
အဲရစ္တန္ဟက္ဟာ ၿပီးခဲ့တဲ့ပြဲေတြအတြင္း ေႏြရာသီမွ အသင္းကို ေရာက္လာတဲ့
လီဆန္ဒ႐ိုမာတီနက္ဇ္ကို ဝါရင့္ေနာက္ခံလူဗာရန္းနဲ႔တြဲဖက္ၿပီး ဦးစားေပးအျဖစ္
အသုံးျပဳခဲ့တာေၾကာင့္ မက္ဂြိဳင္းယားအတြက္ ပြဲထြက္ကစားခြင့္ရဖို႔
႐ုန္းကန္ခဲ့ရပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဂြိဳင္းယားဟာ ၂၀၁၉ ခုႏွစ္က ယူႏိုက္တက္ကို
ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၈၀)နဲ႔

ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သူ႔ရဲ႕ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ေၾကာင့္

ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေဝဖန္မႈနဲ႔ ရင္ဆိုင္ခဲ့ရသလို ဒီရာသီမွာလည္း
ပုံမွန္ကစားခြင့္ေပ်ာက္ေနတဲ့အတြက္ ရာသီကုန္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ရွိတယ္လို႔
Sky Sports ႐ုပ္သံရဲ႕ နာမည္ေက်ာ္အစီအစဥ္တင္ဆက္သူ ဒါမက္ရွ္ဆက္သ္က
သုံးသပ္ခဲ့ပါတယ္။

ဒါမက္ရွ္ဆက္သ္က “လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္းမွာေတာ့ မက္ဂြိဳင္းယား
ယူႏိုက္တက္ကေန ထြက္ဖို႔ မျဖစ္ႏိုင္ေလာက္ပါဘူး။ မက္ဂြိဳင္းယားအေနနဲ႔
ရာသီကုန္အထိ ယူႏိုက္တက္မွာ ဆက္ကစားသြားမယ့္အေနအထားရွိၿပီး လက္က်န္

ရာသီဝက္အတြင္း ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနဦးမယ္ဆိုရင္ လက္ေ႐ြးစင္အသင္းမွာ
ေ႐ြးခ်ယ္ခံရဖို႔အတြက္ ပြဲထြက္ခြင့္ရမယ့္ အသင္းတစ္သင္းဆီ မက္ဂြိဳင္းယား

ေျပာင္းဖို႔ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။