
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က နည်းပြ
အဲရစ်တန်ဟက်ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေကြောင့် စီရော်နယ်လ်ဒို
အသင်းနဲ့လမ်းခွဲဖို့ဖြစ်လာခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဒီရာသီအစပိုင်း
ကတည်းက နည်းပြအဲရစ်တန်ဟက်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး
ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့် ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်း
ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း
ခဲ့ပါတယ်။
စီရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ ကွင်းတွင်းခြေစွမ်းနဲ့
ရလဒ်ပိုင်းက ပိုကောင်းလာပြီး တိုက်စစ်ပိုင်းမှာလည်း ရပ်ရှ်ဖို့ဒ်၊
ဘရူနိုဖာနန်ဒက်စ်တို့ဟာ အရင်ကထက် ခြေစွမ်းပိုပြနိုင်နေတာဖြစ်ပါတယ်။
အခု BT Sport ရဲ့ ရုပ်သံအစီအစဉ်အဖြစ် ဂန္ထဝင်နောက်ခံလူ ဖာဒီနန်နဲ့
အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က စီရော်နယ်လ်ဒို အသင်းက ထွက်ခဲ့ရတဲ့
အကြောင်းရင်းကို ဖွင့်ဟပြောဆိုခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်က “အဲရစ်တန်ဟက်ဟာ ကစားသမားတွေဆီကနေ
တောင်းဆိုမှု အရမ်းများပါတယ်။ သူ လိုချင်တဲ့အတိုင်း ကစားနိုင်ရင်ကစား၊
မဟုတ်ရင်တော့ ပွဲကစားခွင့်ရမှာမဟုတ်ဘဲ လူစာရင်းကနေ ချန်လှပ်ခံရမှာပါ။
ကစားသမားတစ်ယောက်ဟာ ဘယ်လောက်ပဲ နာမည်ကြီးပါစေ သူ တောင်းဆိုတဲ့
ပုံစံအတိုင်း မကစားနိုင်ရင် အဲဒီကစားသမားကို နေရာပေးမှာ မဟုတ်ပါဘူး။
စီရော်နယ်လ်ဒိုတစ်ဦးတည်းသာမဟုတ်ဘဲ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ကိုလည်း
အဲရစ်တန်ဟက်က အဲဒီပုံစံအတိုင်း ကိုင်တွယ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က နည္းျပ
အဲရစ္တန္ဟက္ရဲ႕ တင္းက်ပ္တဲ့စည္းကမ္းေတြေၾကာင့္ စီေရာ္နယ္လ္ဒို
အသင္းနဲ႔လမ္းခြဲဖို႔ျဖစ္လာခဲ့တယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။
ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဒီရာသီအစပိုင္း
ကတည္းက နည္းျပအဲရစ္တန္ဟက္နဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး
ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးကိစၥေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလအတြင္း
ယူႏိုက္တက္အသင္းက စီေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္း
ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒို မရွိေတာ့တဲ့ေနာက္ပိုင္း ယူႏိုက္တက္အသင္းရဲ႕ ကြင္းတြင္းေျခစြမ္းနဲ႔
ရလဒ္ပိုင္းက ပိုေကာင္းလာၿပီး တိုက္စစ္ပိုင္းမွာလည္း ရပ္ရွ္ဖို႔ဒ္၊
ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဟာ အရင္ကထက္ ေျခစြမ္းပိုျပႏိုင္ေနတာျဖစ္ပါတယ္။
အခု BT Sport ရဲ႕ ႐ုပ္သံအစီအစဥ္အျဖစ္ ဂႏၴဝင္ေနာက္ခံလူ ဖာဒီနန္နဲ႔
အင္တာဗ်ဴးမွာ ဘ႐ူႏိုဖာနန္ဒက္စ္က စီေရာ္နယ္လ္ဒို အသင္းက ထြက္ခဲ့ရတဲ့
အေၾကာင္းရင္းကို ဖြင့္ဟေျပာဆိုခဲ့တာပါ။
ဘ႐ူႏိုဖာနန္ဒက္စ္က “အဲရစ္တန္ဟက္ဟာ ကစားသမားေတြဆီကေန
ေတာင္းဆိုမႈ အရမ္းမ်ားပါတယ္။ သူ လိုခ်င္တဲ့အတိုင္း ကစားႏိုင္ရင္ကစား၊
မဟုတ္ရင္ေတာ့ ပြဲကစားခြင့္ရမွာမဟုတ္ဘဲ လူစာရင္းကေန ခ်န္လွပ္ခံရမွာပါ။
ကစားသမားတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ နာမည္ႀကီးပါေစ သူ ေတာင္းဆိုတဲ့
ပုံစံအတိုင္း မကစားႏိုင္ရင္ အဲဒီကစားသမားကို ေနရာေပးမွာ မဟုတ္ပါဘူး။
စီေရာ္နယ္လ္ဒိုတစ္ဦးတည္းသာမဟုတ္ဘဲ ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္တို႔ကိုလည္း
အဲရစ္တန္ဟက္က အဲဒီပုံစံအတိုင္း ကိုင္တြယ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။