အဲရစ်ဆင် မထမဆုံးဂိုးသွင်းတဲ့ တံခါးပိတ်ခြေစမ်းပွဲကို ရော်နယ်ဒို အားပေးခဲ့

အနာဂတ်အတွက်ဆွေးနွေးဖို့ မန်ချက်စတာယူနိုက်တက်ကို ပြန်ရောက်နေတဲ့ ရော်နယ်ဒိုဟာ ကာရင်တန်လေ့ကျင့်ကွင်းမှာ တံခါးပိတ်ကစားတဲ့ခြေစမ်းပွဲကို လာရောက်အားပေးခဲ့ကြောင်း

ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြပါတယ်။ မန်ယူဟာ အဲဒီပွဲမှာ နေရှင်နယ်လိဂ်ကလပ် ဝရက်ဇ်ဟမ်းကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ တကယ်တော့ ဒီပွဲဟာ

သရဲနီတွေရဲ့ ရာသီကြိုခြေစမ်းပွဲ ပွဲစဉ်ဇယားမှာ မပါခဲ့ပါဘူး။ နည်းပြတန်းဟတ်က ကစားသမားသစ်တွေ အနေအထားကိုကြည့်ချင်လို့ ကစားခဲ့တဲ့ပွဲပါ။ ဒါကြောင့်လည်း မန်ယူကစားသမားသစ်တွေအဖြစ်

မကြာခင်ကကြေညာခဲ့တဲ့ အဲရစ်ဆင်နဲ့ မာတီနက်ဇ်တို့ကို အသုံးပြုသွားခဲ့ပါတယ်။ အဲရစ်ဆင်ကတော့ မန်ယူကစားသမားဘ၀ ပထမဆုံးပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့တာကြောင့် မျက်နှာပန်းလှသွားခဲ့တာပါ။

ပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဒိန်းမတ်ကွင်းလယ်လူကို ချီးကျူးရေးသားမှုတွေ လုပ်နေကြပါတယ်။ သရဲနီပရိသတ်တွေအတွက် နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက

အသင်းကနေထွက်ချင်နေတဲ့ ရော်နယ်ဒိုကိုတွေ့ခဲ့ကြရတာပါပဲ။ ပေါ်တူဂီကြယ်ပွင့်နဲ့ မန်ယူအသင်းတာဝန်ရှိသူတွေရဲ့ဆွေးနွေးမှုဟာ သဘောတူညီမှုမရသေးဘူးလို့ သတင်းထွက်နေတာပါ။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ယူ-၁၈ အသင်းကွင်းမှာ မတ်တပ်ရပ်ကြည့်နေခဲ့သလို သူ့ရဲ့အားပေးမှုကိုပြသနိုင်တဲ့အတွက်လည်း ပျော်ရွှင်နေပုံရတယ်လို့ ရေးသားထားပါတယ်။

တန်းဟတ်ရှေ့မှောက်မှာ သူကစားပြပြီး မန်ယူပရိသတ်တွေရဲ့စိုးရိမ်မှုတွေကို ပြေပျောက်စေမလားဆိုတာတော့ အက်သလက်တီကို၊ ဗယ်လီကာနိုတို့နဲ့ လာမယ့်ပွဲတွေမှာ စောင့်ကြည့်ရမှာပါ။

(zawgyi)

အနာဂတ္အတြက္ေဆြးေႏြးဖို႔ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္ေရာက္ေနတဲ့ ေရာ္နယ္ဒိုဟာ ကာရင္တန္ေလ့က်င့္ကြင္းမွာ တံခါးပိတ္ကစားတဲ့ေျခစမ္းပြဲကို လာေရာက္အားေပးခဲ့ေၾကာင္း

ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပပါတယ္။ မန္ယူဟာ အဲဒီပြဲမွာ ေနရွင္နယ္လိဂ္ကလပ္ ဝရက္ဇ္ဟမ္းကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ တကယ္ေတာ့ ဒီပြဲဟာ သရဲနီေတြရဲ႕

ရာသီႀကိဳေျခစမ္းပြဲ ပြဲစဥ္ဇယားမွာ မပါခဲ့ပါဘူး။ နည္းျပတန္းဟတ္က ကစားသမားသစ္ေတြ အေနအထားကိုၾကည့္ခ်င္လို႔ ကစားခဲ့တဲ့ပြဲပါ။ ဒါေၾကာင့္လည္း မန္ယူကစားသမားသစ္ေတြအျဖစ္

မၾကာခင္ကေၾကညာခဲ့တဲ့ အဲရစ္ဆင္နဲ႔ မာတီနက္ဇ္တို႔ကို အသုံးျပဳသြားခဲ့ပါတယ္။ အဲရစ္ဆင္ကေတာ့ မန္ယူကစားသမားဘ၀ ပထမဆုံးပြဲမွာတင္ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ မ်က္ႏွာပန္းလွသြားခဲ့တာပါ။

ပရိသတ္ေတြကလည္း ဆိုရွယ္မီဒီယာေပၚမွာ ဒိန္းမတ္ကြင္းလယ္လူကို ခ်ီးက်ဴးေရးသားမႈေတြ လုပ္ေနၾကပါတယ္။ သရဲနီပရိသတ္ေတြအတြက္ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတာက

အသင္းကေနထြက္ခ်င္ေနတဲ့ ေရာ္နယ္ဒိုကိုေတြ႕ခဲ့ၾကရတာပါပဲ။ ေပၚတူဂီၾကယ္ပြင့္နဲ႔ မန္ယူအသင္းတာဝန္ရွိသူေတြရဲ႕ေဆြးေႏြးမႈဟာ သေဘာတူညီမႈမရေသးဘူးလို႔ သတင္းထြက္ေနတာပါ။

ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ယူ-၁၈ အသင္းကြင္းမွာ မတ္တပ္ရပ္ၾကည့္ေနခဲ့သလို သူ႔ရဲ႕အားေပးမႈကိုျပသႏိုင္တဲ့အတြက္လည္း ေပ်ာ္႐ႊင္ေနပုံရတယ္လို႔ ေရးသားထားပါတယ္။

တန္းဟတ္ေရွ႕ေမွာက္မွာ သူကစားျပၿပီး မန္ယူပရိသတ္ေတြရဲ႕စိုးရိမ္မႈေတြကို ေျပေပ်ာက္ေစမလားဆိုတာေတာ့ အက္သလက္တီကို၊ ဗယ္လီကာႏိုတို႔နဲ႔ လာမယ့္ပြဲေတြမွာ ေစာင့္ၾကည့္ရမွာပါ။