
ရက်ဒင်းနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ဝါရင့်တိုက်စစ်မှူး အန်ဒီကာရိုးလ်ရဲ့
ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောငင့် အဲရစ်ဆင် ဒဏ်ရာရရှိခဲ့တဲ့အတွက်
မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စ်မဲရိုး(၂ဂိုး)၊ ဖရက်ဒ်တို့ သွင်းယူတဲ့
ဂိုးတွေကြောင့် ရက်ဒင်းကို (၃-၁)ဂိုးနဲ့အနိုင်ရပြီး FA ဖလားပြိုင်ပွဲမှာ
နောက်တစ်ဆင့်တက်ရောက်ခွင့်ရသွားပေမယ့် အဓိကကွင်းလယ်လူ
အဲရစ်ဆင် ဒဏ်ရာရရှိခဲ့တဲ့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်း ပွဲချိန်မိနစ်(၅၀)လောက်မှာ အန်ဒီကာရိုးလ်ဟာ
အဲရစ်ဆင်ကို နောက်ကနေ ခြေစုံပစ်ဝင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်
ဒါရင်းအင်္ဂလန်က အန်ဒီကာရိုးလ်ကို အဝါကတ်တောင် မပြခဲ့ပါဘူး။
အန်ဒီကာရိုးလ်ရဲ့ ဖျက်ထုတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဲရစ်ဆင်ကို
(၅၇)မိနစ်မှာ နည်းပြအဲရစ်တန်ဟက်က ဖရက်ဒ်နဲ့ လူစားလဲခဲ့ပြီး
ပွဲအပြီးမှာ အဲရစ်ဆင်တစ်ယောက် အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ခြေထောက်
အကာဖိနပ်ဝတ်ဆင်ပြီးတော့ ချိုင်းထောက်နဲ့ထွက်သွားရတာကြောင့်
ယူနိုက်တက်ပရိသတ်တွေ စိုးရိမ်တကြီးဖြစ်နေပါတယ်။
အန်ဒီကာရိုးလ်ဟာ အဲရစ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် အရေးယူ
မခံရပေမယ့် မိနစ်(၆၀)မှာ မာလာစီယာရဲ့ မျက်နှာကို ပခုံးနဲ့ဝင်တိုက်ခဲ့လို့
အဝါကတ်ပြသခံခဲ့ရပြီး (၅)မိနစ်အကြာမှာပဲ ကတ်စ်မဲရိုးကို ဘောလုံးမထိဘဲ
အဝင်ကြမ်းခဲ့တဲ့အတွက် (၂)ဝါ (၁)နီနဲ့အထုတ်ခံခဲ့ရပါတယ်။
အန်ဒီကာရိုးလ်ရဲ့ ကြမ်းတမ်းတဲ့ကစားပုံအပေါ် ယူနိုက်တက်ပရိသတ်တွေ
ဒေါသပေါက်ကွဲနေပြီး ‘အန်ဒီကာရိုးလ်ဟာ အနီကတ်ထိအောင် တမင်တကာများ
လုပ်ခဲ့တာလား . . (၁၀)မိနစ်အတွင်း ရူးကြောင်ကြောင်နိုင်တဲ့ ဖျက်ထုတ်မှုတွေ
ပြုလုပ်ခဲ့ပါတယ်’၊ ‘အဲရစ်ဆင်ကို နောက်ကနေ ဝင်ပိုင်းလိုက်ကတည်းက
အန်ဒီကာရိုးလ် အနီကတ်မပြခံခဲ့ရတဲ့အတွက် တော်တော်လေး အံ့သြမိပါတယ်’
လို့ Twitter မှာ ပြစ်တင်ရေးသားခဲ့ပါတယ်။
[Zawgyi]
ရက္ဒင္းနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ဝါရင့္တိုက္စစ္မႉး အန္ဒီကာ႐ိုးလ္ရဲ႕
ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေၾကာငင့္ အဲရစ္ဆင္ ဒဏ္ရာရရွိခဲ့တဲ့အတြက္
မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြ ေဒါသေပါက္ကြဲေနၾကပါတယ္။
ယူႏိုက္တက္အသင္းဟာ ကတ္စ္မဲ႐ိုး(၂ဂိုး)၊ ဖရက္ဒ္တို႔ သြင္းယူတဲ့
ဂိုးေတြေၾကာင့္ ရက္ဒင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရၿပီး FA ဖလားၿပိဳင္ပြဲမွာ
ေနာက္တစ္ဆင့္တက္ေရာက္ခြင့္ရသြားေပမယ့္ အဓိကကြင္းလယ္လူ
အဲရစ္ဆင္ ဒဏ္ရာရရွိခဲ့တဲ့အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။
ဒုတိယပိုင္း ပြဲခ်ိန္မိနစ္(၅၀)ေလာက္မွာ အန္ဒီကာ႐ိုးလ္ဟာ
အဲရစ္ဆင္ကို ေနာက္ကေန ေျခစုံပစ္ဝင္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္
ဒါရင္းအဂၤလန္က အန္ဒီကာ႐ိုးလ္ကို အဝါကတ္ေတာင္ မျပခဲ့ပါဘူး။
အန္ဒီကာ႐ိုးလ္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ အဲရစ္ဆင္ကို
(၅၇)မိနစ္မွာ နည္းျပအဲရစ္တန္ဟက္က ဖရက္ဒ္နဲ႔ လူစားလဲခဲ့ၿပီး
ပြဲအၿပီးမွာ အဲရစ္ဆင္တစ္ေယာက္ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကေန ေျခေထာက္
အကာဖိနပ္ဝတ္ဆင္ၿပီးေတာ့ ခ်ိဳင္းေထာက္နဲ႔ထြက္သြားရတာေၾကာင့္
ယူႏိုက္တက္ပရိသတ္ေတြ စိုးရိမ္တႀကီးျဖစ္ေနပါတယ္။
အန္ဒီကာ႐ိုးလ္ဟာ အဲရစ္ဆင္ကို ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ အေရးယူ
မခံရေပမယ့္ မိနစ္(၆၀)မွာ မာလာစီယာရဲ႕ မ်က္ႏွာကို ပခုံးနဲ႔ဝင္တိုက္ခဲ့လို႔
အဝါကတ္ျပသခံခဲ့ရၿပီး (၅)မိနစ္အၾကာမွာပဲ ကတ္စ္မဲ႐ိုးကို ေဘာလုံးမထိဘဲ
အဝင္ၾကမ္းခဲ့တဲ့အတြက္ (၂)ဝါ (၁)နီနဲ႔အထုတ္ခံခဲ့ရပါတယ္။
အန္ဒီကာ႐ိုးလ္ရဲ႕ ၾကမ္းတမ္းတဲ့ကစားပုံအေပၚ ယူႏိုက္တက္ပရိသတ္ေတြ
ေဒါသေပါက္ကြဲေနၿပီး ‘အန္ဒီကာ႐ိုးလ္ဟာ အနီကတ္ထိေအာင္ တမင္တကာမ်ား
လုပ္ခဲ့တာလား . . (၁၀)မိနစ္အတြင္း ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ ဖ်က္ထုတ္မႈေတြ
ျပဳလုပ္ခဲ့ပါတယ္’၊ ‘အဲရစ္ဆင္ကို ေနာက္ကေန ဝင္ပိုင္းလိုက္ကတည္းက
အန္ဒီကာ႐ိုးလ္ အနီကတ္မျပခံခဲ့ရတဲ့အတြက္ ေတာ္ေတာ္ေလး အံ့ၾသမိပါတယ္’
လို႔ Twitter မွာ ျပစ္တင္ေရးသားခဲ့ပါတယ္။