“အဲဗာတန်လို ကျွန်တော့်ရဲ့ငယ်ဘဝအသင်းကိုနည်းပြဖို့ထက်စာရင် မန်ယူအသင်းကိုပဲနည်းပြပေးလိုတာပါ”

မန်ယူအသင်းကိုနည်းပြပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီလောကထဲကို

ရောက်လာတာဖြစ်ပြီးသူ့ရည်မှန်းချက်ပြည့်ဝရေးအတွက် အရာရာကို

လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

လက်ရှိမှာတော့ ရူနီဟာအခက်အခဲတွေကြုံတွေ့နေတဲ့ ဒါဘီအသင်းကို

တန်းမဆင်းရဖို့အတွက် အစွမ်းကုန်ကြိုးပမ်းပေးနေတာပါ။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာ အခုရာသီအစောပိုင်းက

ဘင်နီတက်ဇ်နေရာအစားဝင်ရမယ့် အဲဗာတန်နည်းပြရာထူးအတွက်

အင်တာဗျူးလုပ်ဖို့ကို စွန့်လွှတ်ခဲ့လို့ ပရီးမီးယားလိဂ်မှာနည်းပြ ရမယ့်

အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ရူနီက” နည်းပြလောကထဲကိုဝင်လာရတဲ့

ရည်ရွယ်ချက်က မန်ယူအသင်းရဲ့နည်းပြဖြစ်လာဖို့ပါဘဲ။

အဲဗာတန်နည်းပြရာထူးအတွက် အင်တာဗျူးလုပ်ဖို့ကမ်းလမ်းလှမ်းခံခဲ့ရတာလည်း

အမှန်ပါဘဲ။ ဒါပေမယ့်ကျွန်တော်က မန်ယူရဲ့နည်းပြဘဲဖြစ်ချင်တာပါ။

လက်ရှိမှာမန်ယူကိုတာဝန်ယူဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာသိပေမယ့်

ဖြစ်နိုင်သမျှအရာရာတိုင်းကို ကြိုးစားသွားမှာဖြစ်လို့ တစ်နေ့တော့ဖြစ်လာရမှာပေါ့ဗျာ။

အဲဗာတန်လို ကျွန်တော့်ရဲ့ငယ်ဘဝအသင်းကိုနည်းပြဖို့ထက်စာရင်

မန်ယူအသင်းကိုဘဲနည်းပြပေးလိုတာပါ” လို့ပြောသွားပါတယ်။

ဝိန်းရူနီဟာ မန်ယူအသင်းမှာ ၁၃ နှစ်ကြာကစားခဲ့ပြီး ၂၅၃ ဂိုးသွင်းကာ

ကလပ်ရဲ့ဂိုးသွင်းအများဆုံးသူဖြစ်လာတဲ့ ရူနီကို မန်ယူပရိသတ်တွေက

အခုထိချစ်ခင်နှစ်သက်နေကြဆဲဖြစ်ပြီး ဒါဘီကိုတန်းမဆင်းရဖို့သူ့ရဲ့

အစွမ်းကုန်အားထုတ်နေမှုကိုလည်း ထောက်ခံအားပေးကြပါတယ်။

ဒါပေမယ့် ရူနီကိုသူ့ငယ်ဘဝကလပ်ဖြစ်တဲ့ အဲဗာတန်ပရိသတ်တွေကလည်း

အခုထိသဘောကျနေဆဲဖြစ်ပြီး ကလပ်ကိုနည်းပြရမယ့်အခွင့်အရေးကို

သူစွန့်လွှတ်ခဲ့ပေမယ့်လည်း အပြစ်မမြင်ကြပါဘူး။

ရူနီဟာမန်ယူနဲ့လမ်းခွဲပြီးနောက် သူ့ငယ်ဘဝကလပ်ဆီပြန်သွားကစားခဲ့တာကို

ပရိသတ်တွေကကျေးဇူးတင်နေကြသေးတာပါ။ ရူနီဟာသူ့အသက်

၁၆ နှစ်သားဖြစ်တဲ့ ၂၀၀၂ မှာအဲဗာတန်စီနီယာအသင်းမှာပွဲထွက်ကစာခဲ့သူဖြစ်ပြီး

၂၀၀၄ ခုနှစ်မှာပေါင် ၂၇ သန်းနဲ့ မန်ယူကို ပြောင်းသွားခဲ့ပါတယ်။

သူဟာ ၂၀၁၇ မှာအဲဗာတန်အသင်းဆီဒုတိယအကြိမ်ပြန်သွားကစားပြီးနောက်

မေဂျာလိဂ်ကလပ်ဖြစ်တဲ့ ဒီစီယူနိုက်တက်အသင်းဆီသွားကစားခဲ့ပါသေးတယ်။

အဲဒီကနေ အင်္ဂလန်ကိုပြန်လာပြီး ဒါဘီအသင်းမှာ ကစားသမား နည်းပြအဖြစ်

ပါဝင်ခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလမှာ အမြဲတမ်းစာချုပ်နဲ့တာဝန်ယူခဲ့ပါတယ်။

zawgyi

“အဲဗာတန္လို ကြၽန္ေတာ့္ရဲ႕ငယ္ဘဝအသင္းကိုနည္းျပဖို႔ထက္စာရင္ မန္ယူအသင္းကိုပဲနည္းျပေပးလိုတာပါ”

မန္ယူအသင္းကိုနည္းျပေပးခ်င္တဲ့ ရည္႐ြယ္ခ်က္ေၾကာင့္ ဒီေလာကထဲကို

ေရာက္လာတာျဖစ္ၿပီးသူ႔ရည္မွန္းခ်က္ျပည့္ဝေရးအတြက္ အရာရာကို

လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

လက္ရွိမွာေတာ့ ႐ူနီဟာအခက္အခဲေတြႀကဳံေတြ႕ေနတဲ့ ဒါဘီအသင္းကို

တန္းမဆင္းရဖို႔အတြက္ အစြမ္းကုန္ႀကိဳးပမ္းေပးေနတာပါ။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ႐ူနီဟာ အခုရာသီအေစာပိုင္းက

ဘင္နီတက္ဇ္ေနရာအစားဝင္ရမယ့္ အဲဗာတန္နည္းျပရာထူးအတြက္

အင္တာဗ်ဴးလုပ္ဖို႔ကို စြန႔္လႊတ္ခဲ့လို႔ ပရီးမီးယားလိဂ္မွာနည္းျပ ရမယ့္

အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ႐ူနီက” နည္းျပေလာကထဲကိုဝင္လာရတဲ့

ရည္႐ြယ္ခ်က္က မန္ယူအသင္းရဲ႕နည္းျပျဖစ္လာဖို႔ပါဘဲ။

အဲဗာတန္နည္းျပရာထူးအတြက္ အင္တာဗ်ဴးလုပ္ဖို႔ကမ္းလမ္းလွမ္းခံခဲ့ရတာလည္း

အမွန္ပါဘဲ။ ဒါေပမယ့္ကြၽန္ေတာ္က မန္ယူရဲ႕နည္းျပဘဲျဖစ္ခ်င္တာပါ။

လက္ရွိမွာမန္ယူကိုတာဝန္ယူဖို႔အဆင္သင့္မျဖစ္ေသးဘူးဆိုတာသိေပမယ့္

ျဖစ္ႏိုင္သမွ်အရာရာတိုင္းကို ႀကိဳးစားသြားမွာျဖစ္လို႔ တစ္ေန႔ေတာ့ျဖစ္လာရမွာေပါ့ဗ်ာ။

အဲဗာတန္လို ကြၽန္ေတာ့္ရဲ႕ငယ္ဘဝအသင္းကိုနည္းျပဖို႔ထက္စာရင္

မန္ယူအသင္းကိုဘဲနည္းျပေပးလိုတာပါ” လို႔ေျပာသြားပါတယ္။

ဝိန္း႐ူနီဟာ မန္ယူအသင္းမွာ ၁၃ ႏွစ္ၾကာကစားခဲ့ၿပီး ၂၅၃ ဂိုးသြင္းကာ

ကလပ္ရဲ႕ဂိုးသြင္းအမ်ားဆုံးသူျဖစ္လာတဲ့ ႐ူနီကို မန္ယူပရိသတ္ေတြက

အခုထိခ်စ္ခင္ႏွစ္သက္ေနၾကဆဲျဖစ္ၿပီး ဒါဘီကိုတန္းမဆင္းရဖို႔သူ႔ရဲ႕

အစြမ္းကုန္အားထုတ္ေနမႈကိုလည္း ေထာက္ခံအားေပးၾကပါတယ္။

ဒါေပမယ့္ ႐ူနီကိုသူ႔ငယ္ဘဝကလပ္ျဖစ္တဲ့ အဲဗာတန္ပရိသတ္ေတြကလည္း

အခုထိသေဘာက်ေနဆဲျဖစ္ၿပီး ကလပ္ကိုနည္းျပရမယ့္အခြင့္အေရးကို

သူစြန႔္လႊတ္ခဲ့ေပမယ့္လည္း အျပစ္မျမင္ၾကပါဘူး။

႐ူနီဟာမန္ယူနဲ႔လမ္းခြဲၿပီးေနာက္ သူ႔ငယ္ဘဝကလပ္ဆီျပန္သြားကစားခဲ့တာကို

ပရိသတ္ေတြကေက်းဇူးတင္ေနၾကေသးတာပါ။ ႐ူနီဟာသူ႔အသက္

၁၆ ႏွစ္သားျဖစ္တဲ့ ၂၀၀၂ မွာအဲဗာတန္စီနီယာအသင္းမွာပြဲထြက္ကစာခဲ့သူျဖစ္ၿပီး

၂၀၀၄ ခုႏွစ္မွာေပါင္ ၂၇ သန္းနဲ႔ မန္ယူကို ေျပာင္းသြားခဲ့ပါတယ္။

သူဟာ ၂၀၁၇ မွာအဲဗာတန္အသင္းဆီဒုတိယအႀကိမ္ျပန္သြားကစားၿပီးေနာက္

ေမဂ်ာလိဂ္ကလပ္ျဖစ္တဲ့ ဒီစီယူႏိုက္တက္အသင္းဆီသြားကစားခဲ့ပါေသးတယ္။

အဲဒီကေန အဂၤလန္ကိုျပန္လာၿပီး ဒါဘီအသင္းမွာ ကစားသမား နည္းျပအျဖစ္

ပါဝင္ခဲ့ၿပီး ၂၀၂၁ ဇန္နဝါရီလမွာ အၿမဲတမ္းစာခ်ဳပ္နဲ႔တာဝန္ယူခဲ့ပါတယ္။