
အာဆင်နယ်ပရိသတ်တွေဟာ အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက်ခဲ့တဲ့
ကစားသမားသစ် ဂျော်ဂျင်ဟိုရဲ့ စွမ်းဆောင်ရည်အပေါ် သဘောမကျ
ဖြစ်နေပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်လ်ဆီးကနေ
လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ပေါင်(၁၂)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ
အီတလီဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အဲဗာတန်နဲ့ပွဲ၊ ဒုတိယပိုင်း
(၅၉)မိနစ်မှာ ပါတေးအစား လူစားဝင်ပြီး အသင်းသစ်အတွက်
ပွဲဦးထွက်ခွင့်ရခဲ့ပေမယ့် သူဝင်လာပြီး (၁)မိနစ်အကြာမှာပဲ
ထောင့်ကန်ဘောကနေ အဲဗာတန်နောက်ခံလူ တာကောစကီးက
ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်။
ဂျော်ဂျင်ဟိုရဲ့ အာဆင်နယ်ကစားသမားဘ၀ ပွဲဦးထွက်က မလှပခဲ့ဘဲ
လက်ကျန်မိနစ်(၃၀)ကျော်အတွင်း ခြေစွမ်းမပြနိုင်သလို အာဆင်နယ်
အသင်းကလည်း (၄)လကျော်အကြာမှာ ဒုတိယမြောက်
ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒါကြောင့် အာဆင်နယ်ပရိသတ်တွေက ‘ဂျော်ဂျင်ဟို ဝင်လာပြီး
(၁)မိနစ်အကြာမှာပဲ ဂိုးပေးလိုက်ရတယ်။ ချယ်လ်ဆီးအသင်းရဲ့
ကံကြမ္မာဆိုးတွေကို အာဆင်နယ်အတွက် ဂျော်ဂျင်ဟို ယူဆောင်လာခဲ့ပါပြီ’၊
‘ဂျော်ဂျင်ဟိုအတွက် (၁၀)သန်း သုံးခဲ့တာက အာဆင်နယ်အသင်းရဲ့
ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ကို ရိုက်ချိုးသလိုဖြစ်သွားပြီလား’၊
‘ပွဲဦးထွက်မှာပဲ ပြိုင်ဘက်ရဲ့ ချေမှုန်းခံခဲ့ရတဲ့ ဂျော်ဂျင်ဟို’ဆိုပြီးတော့
Twitter မှာ ဝေဖန်ရေးသားခဲ့ပါတယ်။
[Zawgyi]
အာဆင္နယ္ပရိသတ္ေတြဟာ အဲဗာတန္နဲ႔ပြဲမွာ ပြဲဦးထြက္ခဲ့တဲ့
ကစားသမားသစ္ ေဂ်ာ္ဂ်င္ဟိုရဲ႕ စြမ္းေဆာင္ရည္အေပၚ သေဘာမက်
ျဖစ္ေနပါတယ္။
ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ခ်ယ္လ္ဆီးကေန
လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္ကို ေပါင္(၁၂)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ
အီတလီဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ အဲဗာတန္နဲ႔ပြဲ၊ ဒုတိယပိုင္း
(၅၉)မိနစ္မွာ ပါေတးအစား လူစားဝင္ၿပီး အသင္းသစ္အတြက္
ပြဲဦးထြက္ခြင့္ရခဲ့ေပမယ့္ သူဝင္လာၿပီး (၁)မိနစ္အၾကာမွာပဲ
ေထာင့္ကန္ေဘာကေန အဲဗာတန္ေနာက္ခံလူ တာေကာစကီးက
ေခါင္းတိုက္ဂိုးသြင္းယူခဲ့ပါတယ္။
ေဂ်ာ္ဂ်င္ဟိုရဲ႕ အာဆင္နယ္ကစားသမားဘ၀ ပြဲဦးထြက္က မလွပခဲ့ဘဲ
လက္က်န္မိနစ္(၃၀)ေက်ာ္အတြင္း ေျခစြမ္းမျပႏိုင္သလို အာဆင္နယ္
အသင္းကလည္း (၄)လေက်ာ္အၾကာမွာ ဒုတိယေျမာက္
ပရီးမီးယားလိဂ္ရႈံးပြဲနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရပါတယ္။
အဲဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက ‘ေဂ်ာ္ဂ်င္ဟို ဝင္လာၿပီး
(၁)မိနစ္အၾကာမွာပဲ ဂိုးေပးလိုက္ရတယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕
ကံၾကမၼာဆိုးေတြကို အာဆင္နယ္အတြက္ ေဂ်ာ္ဂ်င္ဟို ယူေဆာင္လာခဲ့ပါၿပီ’၊
‘ေဂ်ာ္ဂ်င္ဟိုအတြက္ (၁၀)သန္း သုံးခဲ့တာက အာဆင္နယ္အသင္းရဲ႕
ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးသလိုျဖစ္သြားၿပီလား’၊
‘ပြဲဦးထြက္မွာပဲ ၿပိဳင္ဘက္ရဲ႕ ေခ်မႈန္းခံခဲ့ရတဲ့ ေဂ်ာ္ဂ်င္ဟို’ဆိုၿပီးေတာ့
Twitter မွာ ေဝဖန္ေရးသားခဲ့ပါတယ္။