အဲဗာတန်နဲ့ပွဲမှာ အမှားကျူးလွန်ခဲ့သူ အသင်းဖော် ဒီဂီယာအပေါ် ကာကွယ်ပေးခဲ့တဲ့ ဒါလော့တ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ်ဟာ အဲဗာတန်နဲ့ FA

ဖလားပွဲမှာ အရှက်ရစရာ အမှားကျူးလွန်ခဲ့တဲ့ အသင်းဖော် ဂိုးသမား
ဒီဂီယာဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အဲဗာတန်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်း
ပေးခဲ့ရတဲ့ ချေပဂိုးက ဒီဂီယာရဲ့ စိတ်ပျက်စရာ အမှားကနေ ခွင့်ပြုခဲ့ရတာ
ဖြစ်ပြီး အဲဗာတန်ကစားသမား မူပေး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို
ဒီဂီယာဟာ ပေ့ါပေ့ါဆဆ ကာကွယ်ခဲ့တာကနေ နောက်ခံလူ ကော်နာကိုဒီက
ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၅၀၀)ကျော်ကစားခဲ့ပြီး အသင်းရဲ့
သက်တော်ရှည်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာဟာ သူ့အတွေ့အကြုံနဲ့မလိုက်တဲ့

အမှားကျူးလွန်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒါကြောင့် ဒါလော့တ်က “ပထမပိုင်းအပြီးမှာ ဒီဂီယာနဲ့ ကျွန်တော် စကားပြော

ဖြစ်ခဲ့ပြီး သူက ဘောလုံးဟာ သူ့ခြေထောက်ကြားထဲက ထွက်သွားမယ်လို့
မထင်ထားဘူးဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဂီယာရဲ့
ခြေထောက်ကြားထဲကနေ ဘောလုံးထွက်လာမယ်လို့ မမျှော်လင့်ခဲ့ဘဲ
လျင်လျင်မြန်မြန် မတားနိုင်ခဲ့တဲ့အတွက် ဒီဂိုးမှာ ကျွန်တော့် တာဝန်လည်း
မကင်းပါဘူး။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို

ထိုက်ထိုက်တန်တန် တက်ရောက်ခွင့်ရခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့တ္ဟာ အဲဗာတန္နဲ႔ FA

ဖလားပြဲမွာ အရွက္ရစရာ အမွားက်ဴးလြန္ခဲ့တဲ့ အသင္းေဖာ္ ဂိုးသမား
ဒီဂီယာဘက္ကေန ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အဲဗာတန္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္အသင္း
ေပးခဲ့ရတဲ့ ေခ်ပဂိုးက ဒီဂီယာရဲ႕ စိတ္ပ်က္စရာ အမွားကေန ခြင့္ျပဳခဲ့ရတာ
ျဖစ္ၿပီး အဲဗာတန္ကစားသမား မူေပး ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို
ဒီဂီယာဟာ ေပ့ါေပ့ါဆဆ ကာကြယ္ခဲ့တာကေန ေနာက္ခံလူ ေကာ္နာကိုဒီက
ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ ပြဲေပါင္း(၅၀၀)ေက်ာ္ကစားခဲ့ၿပီး အသင္းရဲ႕
သက္ေတာ္ရွည္ဂိုးသမားတစ္ဦးျဖစ္တဲ့ ဒီဂီယာဟာ သူ႔အေတြ႕အႀကဳံနဲ႔မလိုက္တဲ့

အမွားက်ဴးလြန္ခဲ့တာေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

အဲဒါေၾကာင့္ ဒါေလာ့တ္က “ပထမပိုင္းအၿပီးမွာ ဒီဂီယာနဲ႔ ကြၽန္ေတာ္ စကားေျပာ

ျဖစ္ခဲ့ၿပီး သူက ေဘာလုံးဟာ သူ႔ေျခေထာက္ၾကားထဲက ထြက္သြားမယ္လို႔
မထင္ထားဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဒီဂီယာရဲ႕
ေျခေထာက္ၾကားထဲကေန ေဘာလုံးထြက္လာမယ္လို႔ မေမွ်ာ္လင့္ခဲ့ဘဲ
လ်င္လ်င္ျမန္ျမန္ မတားႏိုင္ခဲ့တဲ့အတြက္ ဒီဂိုးမွာ ကြၽန္ေတာ့္ တာဝန္လည္း
မကင္းပါဘူး။ ကံေကာင္းစြာနဲ႔ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့ၿပီး ေနာက္တစ္ဆင့္ကို

ထိုက္ထိုက္တန္တန္ တက္ေရာက္ခြင့္ရခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။