အဲဗာတန်နဲ့ပွဲမှာ ရူးကြောင်ကြောင်အမှားကျူးလွန်ခဲ့သူ ဒီဂီယာကို ပရိသတ်တွေ လှောင်ပြောင်

အဲဗာတန်နဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ရှက်စရာကောင်းတဲ့ အမှားကြောင့်

ချေပဂိုးပေးလိုက်ရတဲ့အတွက် မန်ချက်စတာယူနိုက်တက် ဝါရင့်ဂိုးသမား
ဒီဂီယာကို ပရိသတ်တွေက အကြီးအကျယ်လှောင်ပြောင်ဝေဖန်နေကြပါတယ်။

အဲဗာတန်ကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် ပွဲအစ(၄)မိနစ်မှာပဲ
အန်တိုနီက အဖွင့်ဂိုးသွင်းခဲ့ပေမယ့် (၁၄)မိနစ်မှာ အဲဗာတန်နောက်ခံလူ
ကော်နာကိုဒီက ဒီဂီယာရဲ့ အမှားကို အသုံးချပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။

ညာခြမ်းကနေ အဲဗာတန်တိုက်စစ်ဆင်လာပြီး ပယ်နယ်တီဧရိယာအတွင်း မူပေး
ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးက ဒီဂီယာရဲ့ ပေါင်ကြားထဲက ပြန်ထွက်လာချိန်မှာ
ကော်နာကိုဒီက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်တို့
ကံကောင်းသွားတာက ဒုတိယပိုင်း(၅၂)မိနစ်မှာ ကော်နာကိုဒီ OG ဖြစ်ခဲ့လို့

ဦးဆောင်ဂိုး ပြန်ရခဲ့ပြီး တတိယဂိုးကိုတော့ ပယ်နယ်တီကနေ ရပ်ရှ်ဖို့ဒ်က
အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

ဒီဂီယာရဲ့ စိတ်ပျက်စရာကောင်းတဲ့အမှားကို ပရိသတ်တွေက အွန်လိုင်းပေါ်မှာ
လှောင်ပြောင်နေပြီး ဒီဂီယာရဲ့ ဂိုးသမားဘ၀ အဆုံးသတ်သွားပြီလို့ ရေးသားခဲ့ပါတယ်။
ပရိသတ်တွေက ‘ဒီဂီယာရဲ့ အမှားက တကယ့်ကို Shock ဖြစ်စရာပါပဲ’၊

‘ဘုရားရေ . .ဒါကြီးကတော့ တော်တော်လေး ရယ်စရာကောင်းပါတယ်ကွာ’၊
‘အရမ်းရှက်စရာကောင်းတယ် . .ဒီဂီယာရေ’၊ ‘ဒီဂီယာရဲ့ ဂိုးသမားဘဝက
အဆုံးသတ်သွားပြီ . .ဘတ်လန်းကိုပဲ နေရာပေးလိုက်ပါတော့’လို့ လှောင်ပြောင်ခဲ့ကြပါတယ်။

[Zawgyi]

အဲဗာတန္နဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ရွက္စရာေကာင္းတဲ့ အမွားေၾကာင့္
ေခ်ပဂိုးေပးလိုက္ရတဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္ ဝါရင့္ဂိုးသမား
ဒီဂီယာကို ပရိသတ္ေတြက အႀကီးအက်ယ္ေလွာင္ေျပာင္ေဝဖန္ေနၾကပါတယ္။

အဲဗာတန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ယူႏိုက္တက္အတြက္ ပြဲအစ(၄)မိနစ္မွာပဲ
အန္တိုနီက အဖြင့္ဂိုးသြင္းခဲ့ေပမယ့္ (၁၄)မိနစ္မွာ အဲဗာတန္ေနာက္ခံလူ

ေကာ္နာကိုဒီက ဒီဂီယာရဲ႕ အမွားကို အသုံးခ်ၿပီးေတာ့ ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ညာျခမ္းကေန အဲဗာတန္တိုက္စစ္ဆင္လာၿပီး ပယ္နယ္တီဧရိယာအတြင္း မူေပး

ျပန္ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးက ဒီဂီယာရဲ႕ ေပါင္ၾကားထဲက ျပန္ထြက္လာခ်ိန္မွာ
ေကာ္နာကိုဒီက ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္တို႔
ကံေကာင္းသြားတာက ဒုတိယပိုင္း(၅၂)မိနစ္မွာ ေကာ္နာကိုဒီ OG ျဖစ္ခဲ့လို႔
ဦးေဆာင္ဂိုး ျပန္ရခဲ့ၿပီး တတိယဂိုးကိုေတာ့ ပယ္နယ္တီကေန ရပ္ရွ္ဖို႔ဒ္က
အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။

ဒီဂီယာရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့အမွားကို ပရိသတ္ေတြက အြန္လိုင္းေပၚမွာ
ေလွာင္ေျပာင္ေနၿပီး ဒီဂီယာရဲ႕ ဂိုးသမားဘ၀ အဆုံးသတ္သြားၿပီလို႔ ေရးသားခဲ့ပါတယ္။

ပရိသတ္ေတြက ‘ဒီဂီယာရဲ႕ အမွားက တကယ့္ကို Shock ျဖစ္စရာပါပဲ’၊

‘ဘုရားေရ . .ဒါႀကီးကေတာ့ ေတာ္ေတာ္ေလး ရယ္စရာေကာင္းပါတယ္ကြာ’၊

‘အရမ္းရွက္စရာေကာင္းတယ္ . .ဒီဂီယာေရ’၊ ‘ဒီဂီယာရဲ႕ ဂိုးသမားဘဝက
အဆုံးသတ္သြားၿပီ . .ဘတ္လန္းကိုပဲ ေနရာေပးလိုက္ပါေတာ့’လို႔ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။