
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ အဲဗာတန်နဲ့
ကစားမယ့် FA ဖလားတတိယအဆင့်ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပါတယ်။
ယူနိုက်တက်အသင်းဟာ FA ဖလားပွဲအဖြစ် ဒီည (မြန်မာစံတော်ချိန် စနေမနက်
၂:၃၀)မှာ အဲဗာတန်အသင်းကို အိမ်ကွင်းပွဲစဉ်အဖြစ် လက်ခံကစားရမှာဖြစ်ပြီး
မာစီယဲလ်က အဲဗာတန်နဲ့တွေ့ရင် ဂိုးမြူးလေ့ရှိပါတယ်။
မာစီယဲလ်ရဲ့ ယူနိုက်တက်ကစားသမားဘဝမှာ အဲဗာတန်နဲ့ စုစုပေါင်း(၁၄)ပွဲ
ဆုံတွေ့ခဲ့ပြီး အကောင်းဆုံးသွင်းဂိုးမှတ်တမ်းအဖြစ် (၇)ဂိုးအထိသွင်းယူခဲ့သလို
ပြီးခဲ့တဲ့ရာသီတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ (၁-၁)ဂိုးစီသရေကျတဲ့ပွဲမှာလည်း
ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်
ခြေစွမ်းပြဂိုးသွင်းနေပြီး ပြိုင်ပွဲစုံ(၁၁)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့ပါတယ်။ နည်းပြ
အဲရစ်တန်ဟက်ဟာ အသင်းရဲ့တိုက်စစ်မှာ မာစီယဲလ်ကို ဦးစားပေး
အသုံးပြုနေတာကြောင့် လာမယ့် အဲဗာတန်နဲ့ပွဲကျရင်လည်း ပွဲထွက်ကစားခွင့်ရဖို့
များနေပါတယ်။
United Review နဲ့ အင်တာဗျူးမှာ မာစီယဲလ်က “အဲဗာတန်နဲ့ပွဲမှာ ကျွန်တော်
ဂိုးမြူးလေ့ရှိလားဆိုတာ သိပ်ပြီး အာရုံမစိုက်ထားပေမယ့် အဲဗာတန်နဲ့တွေ့ရင်
ဂိုးသွင်းနိုင်တာကိုတော့ ဝန်ခံရမှာပါ။
အဲဒီမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ဖို့ လာမယ့်ပွဲမှာ အကောင်းဆုံး
ကြိုးစားသွားမှာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲက လွယ်ကူမယ့်ပွဲဖြစ်လာဖို့
မရှိဘဲ ရလဒ်ကောင်းပိုင်ဆိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ အားလုံး
အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား မာစီယဲလ္ဟာ အဲဗာတန္နဲ႔
ကစားမယ့္ FA ဖလားတတိယအဆင့္ပြဲမွာ ပြဲထြက္ကစားခြင့္ရဖို႔ ဆႏၵျပင္းျပေနပါတယ္။
ယူႏိုက္တက္အသင္းဟာ FA ဖလားပြဲအျဖစ္ ဒီည (ျမန္မာစံေတာ္ခ်ိန္ စေနမနက္
၂:၃၀)မွာ အဲဗာတန္အသင္းကို အိမ္ကြင္းပြဲစဥ္အျဖစ္ လက္ခံကစားရမွာျဖစ္ၿပီး
မာစီယဲလ္က အဲဗာတန္နဲ႔ေတြ႕ရင္ ဂိုးျမဴးေလ့ရွိပါတယ္။
မာစီယဲလ္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝမွာ အဲဗာတန္နဲ႔ စုစုေပါင္း(၁၄)ပြဲ
ဆုံေတြ႕ခဲ့ၿပီး အေကာင္းဆုံးသြင္းဂိုးမွတ္တမ္းအျဖစ္ (၇)ဂိုးအထိသြင္းယူခဲ့သလို
ၿပီးခဲ့တဲ့ရာသီတုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ (၁-၁)ဂိုးစီသေရက်တဲ့ပြဲမွာလည္း
ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္
ေျခစြမ္းျပဂိုးသြင္းေနၿပီး ၿပိဳင္ပြဲစုံ(၁၁)ပြဲကစား၊ (၅)ဂိုးသြင္းယူခဲ့ပါတယ္။ နည္းျပ
အဲရစ္တန္ဟက္ဟာ အသင္းရဲ႕တိုက္စစ္မွာ မာစီယဲလ္ကို ဦးစားေပး
အသုံးျပဳေနတာေၾကာင့္ လာမယ့္ အဲဗာတန္နဲ႔ပြဲက်ရင္လည္း ပြဲထြက္ကစားခြင့္ရဖို႔
မ်ားေနပါတယ္။
United Review နဲ႔ အင္တာဗ်ဴးမွာ မာစီယဲလ္က “အဲဗာတန္နဲ႔ပြဲမွာ ကြၽန္ေတာ္
ဂိုးျမဴးေလ့ရွိလားဆိုတာ သိပ္ၿပီး အာ႐ုံမစိုက္ထားေပမယ့္ အဲဗာတန္နဲ႔ေတြ႕ရင္
ဂိုးသြင္းႏိုင္တာကိုေတာ့ ဝန္ခံရမွာပါ။
အဲဒီမွတ္တမ္းေကာင္းကို ဆက္ထိန္းႏိုင္ဖို႔ လာမယ့္ပြဲမွာ အေကာင္းဆုံး
ႀကိဳးစားသြားမွာျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲက လြယ္ကူမယ့္ပြဲျဖစ္လာဖို႔
မရွိဘဲ ရလဒ္ေကာင္းပိုင္ဆိုင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ အားလုံး
အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။