အဲဗာတန်နည်းပြရာထူးကို ဘီယဲလ်ဆာ ငြင်းဆန်ခဲ့လို့ နည်းပြသစ်ဖြစ်လာဖို့ ရှောင်ဒိုက်ရှ် ပိုနီးစပ်နေ

လိဒ်စ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာဟာ နည်းပြလက်မဲ့ဖြစ်နေတဲ့

အဲဗာတန်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ပြီးတဲ့နောက် နည်းပြအဖြစ်
တာဝန်ယူမှာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ နောက်ဆုံး(၁၄)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တဲ့အတွက်
အခုတစ်ပတ်အစောပိုင်းက နည်းပြလမ်းပတ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး
နည်းပြသစ်ဖြစ်လာဖို့ ဘီယဲလ်ဆာက ထိပ်ဆုံးမှာ ရေပန်းစားခဲ့ပါတယ်။

ဘီယဲလ်ဆာဟာ ကြာသပတေးနေ့က ဘရာဇီးလ်ကနေ လန်ဒန်ကို လေယာဉ်နဲ့
လာရောက်ပြီး အဲဗာတန်အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပေမယ့်
အခု ရာသီဝက်မှာ အဲဗာတန်အသင်းနည်းပြအဖြစ် တာဝန်မယူချင်ဘဲ
လာမယ့်ဇူလိုင်မှပဲ အသင်းကို,ကိုင်တွယ်ချင်တယ်လို့ အသိပေးခဲ့ပါတယ်။

အဲဒါကြောင့် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ် တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မယ့် နည်းပြတစ်ဦးကို

အသည်းအသန်ရှာဖွေနေရပါပြီ။ အခုလောလောဆယ် အဲဗာတန်နည်းပြသစ်
ဖြစ်လာဖို့ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်ရှ်နဲ့ မန်ချက်စတာယူနိုက်တက်
နည်းပြဟောင်း ဆိုးလ်ရှားတို့ သတင်းထွက်နေပြီး ရှောင်ဒိုက်ရှ်က နည်းပြရာထူး
အတွက် ရေပန်းစားနေပါတယ်။

အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ရှောင်ဒိုက်ရှ်ဟာ ဘန်လေအသင်းကို
၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့ပြီး,ပြီးခဲ့တဲ့နှစ်၊
ဧပြီလတုန်းက အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေပါတယ်။

အဲဗာတန်အသင်းအနေနဲ့ ရှောင်ဒိုက်ရှ်ကို နည်းပြသစ်ခန့်အပ်ဖို့ နီးစပ်နေပေမယ့်
ရှောင်ဒိုက်ရှ်ဟာ ကာလတိုမဟုတ်ဘဲ နှစ်ရှည်စာချုပ်,ချုပ်မှ နည်းပြရာထူးကို
လက်ခံသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

[Zawgyi]

လိဒ္စ္အသင္းနည္းျပေဟာင္း ဘီယဲလ္ဆာဟာ နည္းျပလက္မဲ့ျဖစ္ေနတဲ့
အဲဗာတန္အသင္းနဲ႔ ေဆြးေႏြးမႈျပဳလုပ္ၿပီးတဲ့ေနာက္ နည္းျပအျဖစ္
တာဝန္ယူမွာ မဟုတ္ဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ေနာက္ဆုံး(၁၄)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့တဲ့အတြက္
အခုတစ္ပတ္အေစာပိုင္းက နည္းျပလမ္းပတ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး
နည္းျပသစ္ျဖစ္လာဖို႔ ဘီယဲလ္ဆာက ထိပ္ဆုံးမွာ ေရပန္းစားခဲ့ပါတယ္။

ဘီယဲလ္ဆာဟာ ၾကာသပေတးေန႔က ဘရာဇီးလ္ကေန လန္ဒန္ကို ေလယာဥ္နဲ႔
လာေရာက္ၿပီး အဲဗာတန္အသင္းတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံစကားေျပာဆိုခဲ့ေပမယ့္

အခု ရာသီဝက္မွာ အဲဗာတန္အသင္းနည္းျပအျဖစ္ တာဝန္မယူခ်င္ဘဲ
လာမယ့္ဇူလိုင္မွပဲ အသင္းကို,ကိုင္တြယ္ခ်င္တယ္လို႔ အသိေပးခဲ့ပါတယ္။

အဲဒါေၾကာင့္ အဲဗာတန္အသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္ တန္းမဆင္းရေအာင္ စြမ္းေဆာင္ႏိုင္မယ့္ နည္းျပတစ္ဦးကို
အသည္းအသန္ရွာေဖြေနရပါၿပီ။ အခုေလာေလာဆယ္ အဲဗာတန္နည္းျပသစ္
ျဖစ္လာဖို႔ ဘန္ေလနည္းျပေဟာင္း ေရွာင္ဒိုက္ရွ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္
နည္းျပေဟာင္း ဆိုးလ္ရွားတို႔ သတင္းထြက္ေနၿပီး ေရွာင္ဒိုက္ရွ္က နည္းျပရာထူး

အတြက္ ေရပန္းစားေနပါတယ္။

အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေရွာင္ဒိုက္ရွ္ဟာ ဘန္ေလအသင္းကို

၂၀၁၂ ကေန ၂၀၂၂ ခုႏွစ္အထိ ဆယ္စုႏွစ္တစ္ခုၾကာ ကိုင္တြယ္ခဲ့ၿပီး,ၿပီးခဲ့တဲ့ႏွစ္၊
ဧၿပီလတုန္းက အသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ ကလပ္လက္မဲ့ျဖစ္ေနပါတယ္။
အဲဗာတန္အသင္းအေနနဲ႔ ေရွာင္ဒိုက္ရွ္ကို နည္းျပသစ္ခန႔္အပ္ဖို႔ နီးစပ္ေနေပမယ့္
ေရွာင္ဒိုက္ရွ္ဟာ ကာလတိုမဟုတ္ဘဲ ႏွစ္ရွည္စာခ်ဳပ္,ခ်ဳပ္မွ နည္းျပရာထူးကို
လက္ခံသြားဖို႔ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။