အဲဗာတန်နည်းပြရာထူးကနေ လမ်းပတ် အထုတ်ခံခဲ့ရပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရွန်နီ ရေပန်းစား

လမ်းပတ်ရဲ့ အဲဗာတန်အသင်းနည်းပြဘဝက အဆုံးသတ်သွားပြီဖြစ်ပြီး

တာဝန်ရှိသူတွေဟာ လမ်းပတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီ
ဖြစ်ပါတယ်။

ဒါဘီနဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ အဲဗာတန်အသင်းကို
(၃၅၇)ရက်ကြာ ကိုင်တွယ်ခဲ့ပြီး အဲဗာတန်အသင်းရဲ့ ရှယ်ယာပိုင်ရှင်
အများဆုံးဖြစ်သူ ဖာရက်ဒ်မိုရှီရီက လမ်းပတ်ဆီ ဖုန်းနဲ့ဆက်သွယ်ပြီးတော့
ရာထူးက ထုတ်ပယ်လိုက်ပြီဆိုတဲ့အကြောင်း အသိပေးခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်
ပွဲမှာ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒါက အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၁၄)ပွဲမှာ
(၁၁)ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဝက်စ်ဟမ်းကို

ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ပွဲ(၂၀)ကစား၊ (၃)ပွဲသာနိုင်ပြီး စုစုပေါင်း
(၁၅)မှတ်နဲ့ တန်းဆင်းဇုန်အဆင့်(၁၉)နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ဖာရက်ဒ်မိုရှီရီ၊ ဥက္ကဋ္ဌ ဘီလ်ကင်ရိုက်၊ ဘောလုံးဒါရိုက်တာ
ဖြစ်သူ ကယ်ဗင်သဲဝဲလ်တို့ဟာ လမ်းပတ်နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး နာရီပိုင်း
အကြာမှာပဲ သူ့ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်သူ လမ်းပတ်ဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလကမှ
အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မနှစ်က တန်းမဆင်းရအောင်
စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေသလို အဲဗာတန်
နည်းပြဘ၀ (၄၄)ပွဲမှာ (၁၂)ပွဲသာအနိုင်ရခဲ့တာကြောင့် စာချုပ်သက်တမ်းပြည့်ဖို့

(၁၈)လအလိုမှာပဲ အဲဗာတန်အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။

အဲဗာတန်အသင်းဟာ မကြာခင် နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေပြီး ဘန်လေ

နည်းပြဟောင်း ရှောင်ဒိုက်ရှ်၊ လိဒ်စ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာ၊
မေဂျာလိဂ်ကလပ် DC ယူနိုက်တက်ကို,ကိုင်တွယ်နေတဲ့ အသင်းဂန္ထဝင်
တိုက်စစ်မှူး ရွန်နီ၊ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မွိုက်စ်တို့ဟာ နည်းပြသစ်
ဖြစ်လာဖို့ ရေပန်းစားနေကြပါတယ်။

[Zawgyi]

လမ္းပတ္ရဲ႕ အဲဗာတန္အသင္းနည္းျပဘဝက အဆုံးသတ္သြားၿပီျဖစ္ၿပီး
တာဝန္ရွိသူေတြဟာ လမ္းပတ္ကို နည္းျပရာထူးကေန ထုတ္ပယ္လိုက္ၿပီ
ျဖစ္ပါတယ္။

ဒါဘီနဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္း လမ္းပတ္ဟာ အဲဗာတန္အသင္းကို
(၃၅၇)ရက္ၾကာ ကိုင္တြယ္ခဲ့ၿပီး အဲဗာတန္အသင္းရဲ႕ ရွယ္ယာပိုင္ရွင္

အမ်ားဆုံးျဖစ္သူ ဖာရက္ဒ္မိုရွီရီက လမ္းပတ္ဆီ ဖုန္းနဲ႔ဆက္သြယ္ၿပီးေတာ့
ရာထူးက ထုတ္ပယ္လိုက္ၿပီဆိုတဲ့အေၾကာင္း အသိေပးခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ တနဂၤေႏြေန႔က ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္
ပြဲမွာ (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ဒါက အသင္းရဲ႕ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၄)ပြဲမွာ
(၁၁)ပြဲေျမာက္ ရႈံးပြဲျဖစ္ခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ ဝက္စ္ဟမ္းကို
ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ပရီးမီးယားလိဂ္ပြဲ(၂၀)ကစား၊ (၃)ပြဲသာႏိုင္ၿပီး စုစုေပါင္း
(၁၅)မွတ္နဲ႔ တန္းဆင္းဇုန္အဆင့္(၁၉)ေနရာမွာ ဆက္လက္ရပ္တည္ခဲ့ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ ဖာရက္ဒ္မိုရွီရီ၊ ဥကၠ႒ ဘီလ္ကင္႐ိုက္၊ ေဘာလုံးဒါ႐ိုက္တာ
ျဖစ္သူ ကယ္ဗင္သဲဝဲလ္တို႔ဟာ လမ္းပတ္နဲ႔ ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီး နာရီပိုင္း

အၾကာမွာပဲ သူ႔ကို ရာထူးက ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

အသက္(၄၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဇန္နဝါရီလကမွ

အဲဗာတန္အသင္းကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး မႏွစ္က တန္းမဆင္းရေအာင္
စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာ ရလဒ္ေတြဆိုး႐ြားေနသလို အဲဗာတန္
နည္းျပဘ၀ (၄၄)ပြဲမွာ (၁၂)ပြဲသာအႏိုင္ရခဲ့တာေၾကာင့္ စာခ်ဳပ္သက္တမ္းျပည့္ဖို႔
(၁၈)လအလိုမွာပဲ အဲဗာတန္အသင္းနဲ႔လမ္းခြဲခဲ့ရပါတယ္။

အဲဗာတန္အသင္းဟာ မၾကာခင္ နည္းျပသစ္ခန႔္အပ္ဖို႔ စီစဥ္ေနၿပီး ဘန္ေလ
နည္းျပေဟာင္း ေရွာင္ဒိုက္ရွ္၊ လိဒ္စ္အသင္းနည္းျပေဟာင္း ဘီယဲလ္ဆာ၊
ေမဂ်ာလိဂ္ကလပ္ DC ယူႏိုက္တက္ကို,ကိုင္တြယ္ေနတဲ့ အသင္းဂႏၴဝင္

တိုက္စစ္မႉး ႐ြန္နီ၊ ဝက္စ္ဟမ္းနည္းျပေဒးဗစ္မြိဳက္စ္တို႔ဟာ နည္းျပသစ္
ျဖစ္လာဖို႔ ေရပန္းစားေနၾကပါတယ္။