
အဲဗာတန်အသင်းဟာ နည်းပြသစ်အဖြစ် ရှောင်ဒိုက်ရှ်ကို
ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ရှောင်ဒိုက်ရှ်ဟာ ၂၀၂၂၊ ဧပြီလတုန်းက
ဘန်လေအသင်းနည်းပြရာထူးကနေ အထုတ်ခံခဲ့ရပြီး (၉)လအကြာမှာ
အဲဗာတန်အသင်းနဲ့အတူ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်မှာ
ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ နောက်ဆုံး(၁၄)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး
ပရီးမီးယားလိဂ်မှာလည်း တန်းဆင်းဇုန်အဆင့်(၁၉)နေရာမှာ
ရပ်တည်နေတာကြောင့် ပြီးခဲ့တဲ့တနင်္လာနေ့က နည်းပြဖြစ်သူ
လမ်းပတ်ကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ ရှောင်ဒိုက်ရှ်ဟာ အဲဗာတန်အသင်းနည်းပြအဖြစ်
တာဝန်ယူသွားမှာဖြစ်ပြီး ဘန်လေမှာ လက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်းတွေ
ဖြစ်တဲ့ တာကောစကီး၊ မိုက်ကယ်ကိန်း၊ ဒွိုက်မက်နီးလ်တို့နဲ့ ပြန်လည်
လက်တွဲခွင့်ရမှာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ခါမှ
တန်းမဆင်းခဲ့ရတာကြောင့် ရှောင်ဒိုက်ရှ်အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ
ဆက်လက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရမှာပါ။
ဒါပေမဲ့လည်း ရှောင်ဒိုက်ရှ်ရဲ့ အဲဗာတန်နည်းပြဘဝအစပိုင်းမှာကတည်းက
ပွဲကျပ်တွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ(၄)ရက်မှာ
အာဆင်နယ်(အိမ်)၊ (၁၃)ရက်မှာ လီဗာပူးလ်(အဝေး)တို့နဲ့ ကစားရမှာဖြစ်ပါတယ်။
[Zawgyi]
အဲဗာတန္အသင္းဟာ နည္းျပသစ္အျဖစ္ ေရွာင္ဒိုက္ရွ္ကို
ခန႔္အပ္လိုက္ၿပီျဖစ္တယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။
အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေရွာင္ဒိုက္ရွ္ဟာ ၂၀၂၂၊ ဧၿပီလတုန္းက
ဘန္ေလအသင္းနည္းျပရာထူးကေန အထုတ္ခံခဲ့ရၿပီး (၉)လအၾကာမွာ
အဲဗာတန္အသင္းနဲ႔အတူ နည္းျပေလာကထဲ ျပန္လည္ဝင္ေရာက္မွာ
ျဖစ္ပါတယ္။
အဲဗာတန္အသင္းဟာ ေနာက္ဆုံး(၁၄)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့ၿပီး
ပရီးမီးယားလိဂ္မွာလည္း တန္းဆင္းဇုန္အဆင့္(၁၉)ေနရာမွာ
ရပ္တည္ေနတာေၾကာင့္ ၿပီးခဲ့တဲ့တနလၤာေန႔က နည္းျပျဖစ္သူ
လမ္းပတ္ကို ရာထူးကထုတ္ပယ္ခဲ့ပါတယ္။
အခုအခ်ိန္မွာေတာ့ ေရွာင္ဒိုက္ရွ္ဟာ အဲဗာတန္အသင္းနည္းျပအျဖစ္
တာဝန္ယူသြားမွာျဖစ္ၿပီး ဘန္ေလမွာ လက္တြဲခဲ့ဖူးတဲ့ သူ႔တပည့္ေဟာင္းေတြ
ျဖစ္တဲ့ တာေကာစကီး၊ မိုက္ကယ္ကိန္း၊ ဒြိဳက္မက္နီးလ္တို႔နဲ႔ ျပန္လည္
လက္တြဲခြင့္ရမွာျဖစ္ပါတယ္။
အဲဗာတန္အသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ တစ္ခါမွ
တန္းမဆင္းခဲ့ရတာေၾကာင့္ ေရွာင္ဒိုက္ရွ္အေနနဲ႔ အသင္းကို ပရီးမီးယားလိဂ္မွာ
ဆက္လက္ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ရမွာပါ။
ဒါေပမဲ့လည္း ေရွာင္ဒိုက္ရွ္ရဲ႕ အဲဗာတန္နည္းျပဘဝအစပိုင္းမွာကတည္းက
ပြဲက်ပ္ေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ရမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ(၄)ရက္မွာ
အာဆင္နယ္(အိမ္)၊ (၁၃)ရက္မွာ လီဗာပူးလ္(အေဝး)တို႔နဲ႔ ကစားရမွာျဖစ္ပါတယ္။