အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့အပြင် သမိုင်းဝင် မှတ်တမ်းဆိုးတစ်ခုပါ ပိုင်ဆိုင်ခဲ့ရတဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြအာတီတာဟာ အဲဗာတန်ကို ပရီးမီးယားလိဂ်

အဝေးကွင်း (၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးအာဆင်နယ်နည်းပြ
အဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့က ပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်
အသင်းနဲ့ ဂွတ်ဒ်ဆင်ပ့ါခ်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး နည်းပြသစ်ရှောင်ဒိုက်ရှ်နဲ့
ပွဲထွက်လာတဲ့ အဲဗာတန်ကို အသာမယူနိုင်ဘဲ ထောင့်ကန်ဘောကနေ
နောက်ခံလူတာကောစကီး သွင်းယူခဲ့တဲ့ဂိုးကြောင့် (၁-ဝ)ဂိုးနဲ့
ရှုံးနိမ့်ခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလ(၂၂)ရက်နောက်ပိုင်း
ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာဖြစ်သလို နည်းပြသစ်ရှောင်ဒိုက်ရှ်ဟာ

သူ့ရဲ့ ပထမဆုံးပွဲမှာပဲ (၁၀၅)ရက်ကြာ နိုင်ပွဲပျောက်နေတဲ့ မှတ်တမ်းဆိုးကို
အဆုံးသတ်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက အာဆင်နယ်ကို စတင်ကိုင်တွယ်ခဲ့သူ
အာတီတာဟာ အဲဗာတန်နဲ့ ပထမဆုံးရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်
အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ရာသီက (၂-၁)ဂိုး၊ ဒီရာသီမှာ
(၁-ဝ)ဂိုးတွေနဲ့ ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စက်တင်ဘာလတုန်းက မန်ချက်စတာ
ယူနိုက်တက်ကို ရှုံးနိမ့်အပြီး (၄)လအကြာမှာ ပရီးမီးယားလိဂ်
ဒုတိယမြောက်ရှုံးပွဲတွေ့ခဲ့တာဖြစ်သလို ဒီနေ့ကစားမယ့် စပါး-မန်စီးတီးပွဲမှာ

မန်စီးတီးအနိုင်ရင်မယ်ဆိုရင် ဒီနှစ်သင်းကြားအမှတ်ကွာဟမှုက
(၂)မှတ်သာရှိတော့မှာပါ။

[Zawgyi]

အာဆင္နယ္အသင္းနည္းျပအာတီတာဟာ အဲဗာတန္ကို ပရီးမီးယားလိဂ္
အေဝးကြင္း (၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးအာဆင္နယ္နည္းျပ
အျဖစ္ မွတ္တမ္းဆိုး ပိုင္ဆိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ မေန႔က ပရီးမီးယားလိဂ္ပြဲအျဖစ္ အဲဗာတန္
အသင္းနဲ႔ ဂြတ္ဒ္ဆင္ပ့ါခ္မွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး နည္းျပသစ္ေရွာင္ဒိုက္ရွ္နဲ႔
ပြဲထြက္လာတဲ့ အဲဗာတန္ကို အသာမယူႏိုင္ဘဲ ေထာင့္ကန္ေဘာကေန
ေနာက္ခံလူတာေကာစကီး သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ (၁-ဝ)ဂိုးနဲ႔

ရႈံးနိမ့္ခဲ့ပါတယ္။

အဲဗာတန္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလ(၂၂)ရက္ေနာက္ပိုင္း

ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲျပန္ရွာေတြ႕ခဲ့တာျဖစ္သလို နည္းျပသစ္ေရွာင္ဒိုက္ရွ္ဟာ
သူ႔ရဲ႕ ပထမဆုံးပြဲမွာပဲ (၁၀၅)ရက္ၾကာ ႏိုင္ပြဲေပ်ာက္ေနတဲ့ မွတ္တမ္းဆိုးကို
အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလက အာဆင္နယ္ကို စတင္ကိုင္တြယ္ခဲ့သူ
အာတီတာဟာ အဲဗာတန္နဲ႔ ပထမဆုံးရင္ဆိုင္ရတဲ့ ပရီးမီးယားလိဂ္
အေဝးကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို ၿပီးခဲ့တဲ့ရာသီက (၂-၁)ဂိုး၊ ဒီရာသီမွာ
(၁-ဝ)ဂိုးေတြနဲ႔ ဆက္တိုက္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ စက္တင္ဘာလတုန္းက မန္ခ်က္စတာ
ယူႏိုက္တက္ကို ရႈံးနိမ့္အၿပီး (၄)လအၾကာမွာ ပရီးမီးယားလိဂ္

ဒုတိယေျမာက္ရႈံးပြဲေတြ႕ခဲ့တာျဖစ္သလို ဒီေန႔ကစားမယ့္ စပါး-မန္စီးတီးပြဲမွာ
မန္စီးတီးအႏိုင္ရင္မယ္ဆိုရင္ ဒီႏွစ္သင္းၾကားအမွတ္ကြာဟမႈက
(၂)မွတ္သာရွိေတာ့မွာပါ။