အဲဗာတန်ကလေးငယ် ပျော်ရအောင် အလံတိုင်ကြီး ပေါင်ကြားထဲညှပ်ပြခဲ့တာများလား နူနက်ဇ်

အိမ်ကွင်း ၂ ပွဲဆက်အနိုင်နဲ့ ပြန်လည်နိုးထလာခဲ့တဲ့ လီဗာပူးလ်ဟာ ဒီရာသီအဝေးကွင်းနိုင်ပွဲပျောက်မှုကိုတော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဂွတ်ဒီဆင်ပါ့ခ်မှာ မာဆေးဆိုက်ပြိုင်ဘက်အဲဗာတန်ကို သရေသာကစားနိုင်ခဲ့ပါတယ်။

မန်ယူကိုရှုံးခဲ့တဲ့ ကြိုးကြာနီတွေအတွက် နောက်ထပ် အဝေးကွင်းအမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။ နူနက်ဇ်၊ ဒိုင်ယက်ဇ်နဲ့ ဆာလက်တို့ကန်ချက်တွေ ဂိုးတိုင်တွေနဲ့သာ မိတ်ဆက်ခဲ့တာ၊ အဲဗာတန်ကွင်းလယ်လူအိုနာနာရဲ့ခြေထောက်ကို

နင်းခဲ့တဲ့ဗန်ဒိုက် အနီကတ်အပြမခံခဲ့ရတာ စတဲ့ လီဗာပူးလ်အကြောင်း ပြောစရာတွေများခဲ့တဲ့ညမှာ ငိုအားထက်ရယ်အားသန်စရာအဖြစ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။ ပွဲပယ်ပြစ်ဒဏ်စေ့လို့ ပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့

တိုက်စစ်မှူးနူနက်ဇ်ပါပဲ။ ဖာမီနိုလောက် အသင်းအပေါ်အကျိုးမပြုနိုင်ဘူးလို့ ဝေဖန်ခံရတာတစ်မျိုး၊ အခွင့်အရေးရတော့လည်း တိုင်ထိအောင်ကန်တာတစ်ဖုံနဲ့ ဥရုဂွေးတိုက်စစ်မှူးရဲ့အကယ်ဒမီညဟာ

အလံတိုင်ခွတဲ့ဇာတ်ဝင်ခန်းနဲ့ ရွှေစင်ရုပ်ဆွတ်ခူးသွားခဲ့တာပါ။ ထောင့်ကန်ဘောအလံတိုင်နားမှာ တော်ဖီနောက်ခံလူပက်တာဆန်နဲ့ ဘောလုံးယှဉ်လုရင်း နူနက်ဇ်လဲကျသွားခဲ့ပါတယ်။ ပေါင်ကြားထဲမှာ အလံတိုင်ကြီးညပ်နေတာကြောင့်

ကို့ရို့ကားယားဖြစ်နေတဲ့ လီဗာပူးလ်တိုက်စစ်မှူးကိုကြည့်ပြီး အဲဗာတန်ကလေးငယ်တစ်ယောက် လက်ညှိုးတစ်ထိုးထိုးနဲ့ရယ်မောနေတဲ့မြင်ကွင်းဟာ ပျော်စရာတကယ်ကောင်းခဲ့တာပါ။

အဲဒီကလေးဟာ သူလဲကျသွားတဲ့နေရာနားရောက်နေတာတော့ ဥရုဂွေးသား ကံဆိုးတာပါပဲ။ ပွဲလုံခြုံရေးတာဝန်ယူထားသူတောင် နူနက်ဇ်ကို အားနာလို့ထင်ပါရဲ့။ ပြုံးတုံ့တုံ့နဲ့ မျက်နှာလွှဲသွားခဲ့ရှာပါတယ်။

(zawgyi)

အိမ္ကြင္း ၂ ပြဲဆက္အႏိုင္နဲ႔ ျပန္လည္ႏိုးထလာခဲ့တဲ့ လီဗာပူးလ္ဟာ ဒီရာသီအေဝးကြင္းႏိုင္ပြဲေပ်ာက္မႈကိုေတာ့ အဆုံးမသတ္ႏိုင္ခဲ့ပါဘူး။ ဂြတ္ဒီဆင္ပါ့ခ္မွာ မာေဆးဆိုက္ၿပိဳင္ဘက္အဲဗာတန္ကို သေရသာကစားႏိုင္ခဲ့ပါတယ္။

မန္ယူကိုရႈံးခဲ့တဲ့ ႀကိဳးၾကာနီေတြအတြက္ ေနာက္ထပ္ အေဝးကြင္းအမွတ္ေတြ ဆုံးရႈံးခဲ့ရတာပါ။ ႏူနက္ဇ္၊ ဒိုင္ယက္ဇ္နဲ႔ ဆာလက္တို႔ကန္ခ်က္ေတြ ဂိုးတိုင္ေတြနဲ႔သာ မိတ္ဆက္ခဲ့တာ၊ အဲဗာတန္ကြင္းလယ္လူအိုနာနာရဲ႕ေျခေထာက္ကို

နင္းခဲ့တဲ့ဗန္ဒိုက္ အနီကတ္အျပမခံခဲ့ရတာ စတဲ့ လီဗာပူးလ္အေၾကာင္း ေျပာစရာေတြမ်ားခဲ့တဲ့ညမွာ ငိုအားထက္ရယ္အားသန္စရာအျဖစ္တစ္ခုလည္း ရွိခဲ့ပါေသးတယ္။ ပြဲပယ္ျပစ္ဒဏ္ေစ့လို႔ ျပန္လည္ပြဲထြက္ခြင့္ရခဲ့တဲ့

တိုက္စစ္မႉးႏူနက္ဇ္ပါပဲ။ ဖာမီႏိုေလာက္ အသင္းအေပၚအက်ိဳးမျပဳႏိုင္ဘူးလို႔ ေဝဖန္ခံရတာတစ္မ်ိဳး၊ အခြင့္အေရးရေတာ့လည္း တိုင္ထိေအာင္ကန္တာတစ္ဖုံနဲ႔ ဥ႐ုေဂြးတိုက္စစ္မႉးရဲ႕အကယ္ဒမီညဟာ အလံတိုင္ခြတဲ့ဇာတ္ဝင္ခန္းနဲ႔

ေ႐ႊစင္႐ုပ္ဆြတ္ခူးသြားခဲ့တာပါ။ ေထာင့္ကန္ေဘာအလံတိုင္နားမွာ ေတာ္ဖီေနာက္ခံလူပက္တာဆန္နဲ႔ ေဘာလုံးယွဥ္လုရင္း ႏူနက္ဇ္လဲက်သြားခဲ့ပါတယ္။ ေပါင္ၾကားထဲမွာ အလံတိုင္ႀကီးညပ္ေနတာေၾကာင့္

ကို႔႐ို႕ကားယားျဖစ္ေနတဲ့ လီဗာပူးလ္တိုက္စစ္မႉးကိုၾကည့္ၿပီး အဲဗာတန္ကေလးငယ္တစ္ေယာက္ လက္ညႇိဳးတစ္ထိုးထိုးနဲ႔ရယ္ေမာေနတဲ့ျမင္ကြင္းဟာ ေပ်ာ္စရာတကယ္ေကာင္းခဲ့တာပါ။ အဲဒီကေလးဟာ

သူလဲက်သြားတဲ့ေနရာနားေရာက္ေနတာေတာ့ ဥ႐ုေဂြးသား ကံဆိုးတာပါပဲ။ ပြဲလုံၿခဳံေရးတာဝန္ယူထားသူေတာင္ ႏူနက္ဇ္ကို အားနာလို႔ထင္ပါရဲ႕။ ၿပဳံးတုံ႔တုံ႔နဲ႔ မ်က္ႏွာလႊဲသြားခဲ့ရွာပါတယ္။