အောင်ပွဲခံပုံစံ အသစ်နဲ့ အူဘာမီယန်

အူဘာမီလန်ဟာ သူ့ရဲ့ပထမဆုံးအယ်ကလက်စီကိုပွဲစဉ်မှာပဲ အကောင်းဆုံး

ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။ အဲဒီအာဆင်နယ်တိုက်စစ်မှုးဟောင်းဟာ

ရီးရဲလ်ကို ဘာနေဗျူးမှာ ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်း၊

၁ ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဇာဗီရဲ့ပြန်လည်တည်ဆောက်နေတဲ့

ဘာစီလိုနာမှာ သူ့ရဲ့အရေးပါမှုကို ပြနိုင်ရာလည်း ရောက်ခဲ့တာပါ။

အဲဒီပွဲမှာ ဒုတိယဂိုးသွင်းပြီးချိန်မှာတော့ အူမာမီယန်ဟာ ထောင့်ကန်ဘော

အလံတိုင်နားကိုသွားပြီး အမူအယာတစ်မျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီဂါဘွန်သားဟာ ဂျပန်ကာတွန်းရုပ်သံစီးရီးတစ်ခုဖြစ်တဲ့

Dragon Ball Z ထဲက အဓိကဇာတ်ဆောင်ကို ရည်ညွှန်းပြီး အောင်ပွဲခံခဲ့တာပါ။

အူဘာမီယန်ဟာ Dragon Ball Z ထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ Goku ရဲ့

ချက်ချင်းပါဝါပြောင်းလိုက်တဲ့ အမူအယာမျိုးလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာလည်း အဲဒီဘာစီလိုနာကြယ်ပွင့်က Dragon Ball Z ထဲက

ပုံစံအတိုင်း အတိအကျလုပ်ပြီး အောင်ပွဲခံခဲ့တာလို့ အတည်ပြုခဲ့တာပါ။

အူဘာမီလန်ဟာ Dragon Ball Z ဂျပန်ကာတွန်းစီးရီးကို ကြိုက်နှစ်သက်လွန်းလို့

တက်တူးတောင် ထိုးထားပါသေးတယ်။ သူဟာ အရင်ကလည်း

စူပါဟီးရိုးဇာတ်ကောင်တွေဖြစ်တဲ့ Bkack Panther နဲ့ Spider-Man

မျက်နှာဖုံးတွေဝတ်ပြီး အောင်ပွဲခံခဲ့ဖူးတာပါ။

အဲဒါကြောင့်လည်း ရီးရဲလ်ကွင်းလယ်ကြယ်ပွင့်တိုနီခရူးစ်ရဲ့ဝေဖန်မှုနဲ့

ကြုံခဲ့ဖူးသေးတယ်။ အူဘာမီယန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ရောက်လာတာ

ဖြစ်ပေမယ့် အချိန်တိုလေးအတွင်းမှာ ဘာစီလိုနာအတွက်

ပြိုင်ပွဲအရပ်ရပ် ၉ ဂိုးသွင်းပေးထားတာပါ။

zawgyi

ေအာင္ပြဲခံပုံစံ အသစ္နဲ႔ အူဘာမီယန္

အူဘာမီလန္ဟာ သူ႔ရဲ႕ပထမဆုံးအယ္ကလက္စီကိုပြဲစဥ္မွာပဲ အေကာင္းဆုံ

းေျခစြမ္းျပကစားႏိုင္ခဲ့တာပါ။ အဲဒီအာဆင္နယ္တိုက္စစ္မႈးေဟာင္းဟာ

ရီးရဲလ္ကို ဘာေနဗ်ဴးမွာ ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္း၊

၁ ဂိုးဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ဇာဗီရဲ႕ျပန္လည္တည္ေဆာက္ေနတဲ့

ဘာစီလိုနာမွာ သူ႔ရဲ႕အေရးပါမႈကို ျပႏိုင္ရာလည္း ေရာက္ခဲ့တာပါ။

အဲဒီပြဲမွာ ဒုတိယဂိုးသြင္းၿပီးခ်ိန္မွာေတာ့ အူမာမီယန္ဟာ ေထာင့္ကန္ေဘာ

အလံတိုင္နားကိုသြားၿပီး အမူအယာတစ္မ်ိဳးနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီဂါဘြန္သားဟာ ဂ်ပန္ကာတြန္း႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့

Dragon Ball Z ထဲက အဓိကဇာတ္ေဆာင္ကို ရည္ၫႊန္းၿပီး ေအာင္ပြဲခံခဲ့တာပါ။

အူဘာမီယန္ဟာ Dragon Ball Z ထဲက အဓိကဇာတ္လိုက္ျဖစ္တဲ့ Goku ရဲ႕

ခ်က္ခ်င္းပါဝါေျပာင္းလိုက္တဲ့ အမူအယာမ်ိဳးလုပ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာလည္း အဲဒီဘာစီလိုနာၾကယ္ပြင့္က Dragon Ball Z ထဲက

ပုံစံအတိုင္း အတိအက်လုပ္ၿပီး ေအာင္ပြဲခံခဲ့တာလို႔ အတည္ျပဳခဲ့တာပါ။

အူဘာမီလန္ဟာ Dragon Ball Z ဂ်ပန္ကာတြန္းစီးရီးကို ႀကိဳက္ႏွစ္သက္လြန္းလို႔

တက္တူးေတာင္ ထိုးထားပါေသးတယ္။ သူဟာ အရင္ကလည္း

စူပါဟီး႐ိုးဇာတ္ေကာင္ေတြျဖစ္တဲ့ Bkack Panther နဲ႔ Spider-Man

မ်က္ႏွာဖုံးေတြဝတ္ၿပီး ေအာင္ပြဲခံခဲ့ဖူးတာပါ။

အဲဒါေၾကာင့္လည္း ရီးရဲလ္ကြင္းလယ္ၾကယ္ပြင့္တိုနီခ႐ူးစ္ရဲ႕ေဝဖန္မႈနဲ႔

ႀကဳံခဲ့ဖူးေသးတယ္။ အူဘာမီယန္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီကမွ ေရာက္လာတာ

ျဖစ္ေပမယ့္ အခ်ိန္တိုေလးအတြင္းမွာ ဘာစီလိုနာအတြက္

ၿပိဳင္ပြဲအရပ္ရပ္ ၉ ဂိုးသြင္းေပးထားတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*