မနေ့ညက ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲမှာ လီဗာပူးအတွက် ကစားသမားသစ်
လူးဝစ်ဒီယက်ဇ်က ခြေစွမ်းကောင်းပြသခဲ့ပါတယ်။ ပေါ်တိုကစားသမားဟောင်းဟာ
ပြိုင်ဘက်ဟောင်းနဲ့အတွေ့မှာ လီဗာပူးအတွက် ထူးရှယ်ခြေစွမ်းပြခဲ့ပြီး
ကိုယ်တိုင်တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး လီဗာပူးကို ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်တက်ရောက်စေဖို့ အခြေအနေကောင်းဖန်တီးပေးခဲ့ပါတယ်။
ဒီယက်ဇ်ဟာ ဇန်နဝါရီကမှ လီဗာပူးကိုရောက်လာခဲ့ပေမယ့်လည်း
ချက်ချင်းခြေစွမ်းပြနေကာ အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိလာခဲ့ပါတယ်။
ပေါ်တိုကစားသမားဟောင်းက လီဗာပူးအတွက် ဂိုးသွင်းယူပေးပြီးနောက်
ဘင်ဖီကာပရိသတ်တွေရှေ့မှာ အားပါးတရအောင်ပွဲသွားခံပြခဲ့ပြီး ပြိုင်ဘက်
ပရိသတ်တွေက သူ့ကိုအော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။ ဒီယက်ဇ်တစ်ယောက်
ပထမဆုံးချန်ပီယံလိဂ်ဂိုးသွင်းယူနိုင်ပြီးနောက်အောင်ပွဲခံနေစဉ်သံချောင်းဖြင့်
ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒိုင်ယက်ဇ်ဟာလီဗာပူးကစားဖော်များနှင့်
ပြန်လည့်လာနေစဉ်မှာသံချောင်းဖြင့်ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။
ကံကောင်းတာကတော့အဲဒီသံချောင်းကဒိုင်ယက်ဇ်ကိုမထိခိုက်ခဲ့သလို
ဘယ်လီဗာပူးကစားသမားကိုမှမထိခိုက်ခဲ့ပါဘူး။
ဒါ့အပြင် လီဗာပူးနောက်ခံလူအင်ဒီရောဘတ်ဆင်ဟာလည်းဘင်ဖီကာပရိသတ်များရဲ့
မီးခြစ်ဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
zawgyi
အောင်ပွဲခံကောင်းလို့ သံချောင်းနဲ့တောင် ပစ်ပေါက်ခံခဲ့ရတဲ့ လူးဝစ်ဒီယက်ဇ်
Leave a Reply