အေဘရာဟမ်၊ လူကာကူတို့နဲ့ ဆက်စပ်နေတဲ့ မယုံနိုင်ဖွယ် အီတလီရဲ့ ကျရှုံးမှု

အေဘရာဟမ်နဲ့ လူကာကူတို့ရဲ့စီးရီးအေဂိုးသွင်းစံချိန်တွေဟာ အီတလီအသင်း

ကမ္ဘာ့ဖလားကျရှုံးမှုရဲ့လက္ခဏာတွေပဲလို့ အင်္ဂလန်အသင်းနည်းပြဟောင်း

ကာပယ်လိုက ယုံကြည်နေပါတယ်။ အီတလီဟာ ပြီးခဲ့တဲ့ ၈ လလောက်ကမှ

ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့် အသင်းငယ်လေးမြောက်မက်ဆီဒိုးရီးယားကို

မမျှော်လင့်ဘဲရှုံးပြီး ကာတာကမ္ဘာ့ဖလားနဲ့ ဝေးခဲ့တာပါ။

ဒါပေမဲ့ ကာပယ်လိုကတော့ အဲဒီအရင်မှာ သတိပေးလက္ခာတွေရှိနေခဲ့တာလို့

အခိုင်အမာဆိုခဲ့ပါတယ်။ ကာပယ်လိုဟာ အတိတ်နဲ့ပစ္စုပ္ပန်က ချဲလ်ဆီး

တိုက်စစ်မှုးတွေရဲ့ မကြာသေးခင်စီးရီးအေရာသီတွေမှာ အောင်မြင်မှုနဲ့နှိုင်းယှဉ်ပြီး

ထောက်ပြခဲ့တာပါ။ သူပြောခဲ့တဲ့အထဲမှာ နာပိုလီမှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့

နိုင်ဂျီးရီးယားသာအိုဆင်ဟမ်လည်း ပါဝင်ပါတယ်။ ချဲလ်ဆီးမှာ လူပိုလိုဖြစ်ခဲ့တဲ့

အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက ရိုးမားကိုရောက်လာခဲ့ပြီး ဒီရာသီစီးရီးအေမှာ

ဂိုး ၂၀ ကျော်သွင်းထားပြီးပါပြီ။ အဲဒီအင်္ဂလန်သားဟာ ပြီးခဲ့တဲ့အပတ်ကလည်း

ရိုးမားဂန္ထဝင်တစ်ယေက်ဖြစ်တဲ့ ဘာတစ္စတူတာရဲ့စံချိန်ကို ချိုးနိုင်ခဲ့သေးတာပါ။

လူကာကူကလည်း ပြီးခဲ့တဲ့ရာသီက ဂိုးပေါင်းများစွာသွားပြီး စီးရီးအေမှာ

အင်တာဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ တစ်ကျော့ပြန်

ချဲလ်ဆီးကစားသမားဘဝမှာ ပေးရတဲ့ဈေးနဲ့ မတန်ဖြစ်နေပြီး မကြာသေးခင်

ပွဲတွေမှာ နည်းပြတူချယ်ရဲ့ခေါက်ထားခြင်းကိုတောင် ခံခဲ့ရတာပါ။

ဒါကြောင့်လည်း ကာပယ်လိုက”ဗစ်တာအိုဆင်ဟမ်၊ လူကာကူနဲ့

အေဘရာဟမ်တို့ဟာ ပြည်ပရပ်ခြားက သာအဆင့်တိုက်စစ်မှုးတွေပါပဲ။

ဒီလိုကစားသမားတွေက အီတလီမှာ ချန်ပီယံဖြစ်လာပါတယ်။

ဒါက မေးခွန်းအချို့ထုတ်စေသင့်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ေအဘရာဟမ္၊ လူကာကူတို႔နဲ႔ ဆက္စပ္ေနတဲ့ မယုံႏိုင္ဖြယ္ အီတလီရဲ႕ က်ရႈံးမႈ

ေအဘရာဟမ္နဲ႔ လူကာကူတို႔ရဲ႕စီးရီးေအဂိုးသြင္းစံခ်ိန္ေတြဟာ အီတလီအသင္း

ကမာၻ႔ဖလားက်ရႈံးမႈရဲ႕လကၡဏာေတြပဲလို႔ အဂၤလန္အသင္းနည္းျပေဟာင္း

ကာပယ္လိုက ယုံၾကည္ေနပါတယ္။ အီတလီဟာ ၿပီးခဲ့တဲ့ ၈ လေလာက္ကမွ

ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ေပမယ့္ အသင္းငယ္ေလးေျမာက္မက္ဆီဒိုးရီးယားကို

မေမွ်ာ္လင့္ဘဲရႈံးၿပီး ကာတာကမာၻ႔ဖလားနဲ႔ ေဝးခဲ့တာပါ။

ဒါေပမဲ့ ကာပယ္လိုကေတာ့ အဲဒီအရင္မွာ သတိေပးလကၡာေတြရွိေနခဲ့တာလို႔

အခိုင္အမာဆိုခဲ့ပါတယ္။ ကာပယ္လိုဟာ အတိတ္နဲ႔ပစၥဳပၸန္က ခ်ဲလ္ဆီး

တိုက္စစ္မႈးေတြရဲ႕ မၾကာေသးခင္စီးရီးေအရာသီေတြမွာ ေအာင္ျမင္မႈနဲ႔ႏႈိင္းယွဥ္ၿပီး

ေထာက္ျပခဲ့တာပါ။ သူေျပာခဲ့တဲ့အထဲမွာ နာပိုလီမွာ ဂိုးသြင္းေျခစြမ္းျပေနတဲ့

ႏိုင္ဂ်ီးရီးယားသာအိုဆင္ဟမ္လည္း ပါဝင္ပါတယ္။ ခ်ဲလ္ဆီးမွာ လူပိုလိုျဖစ္ခဲ့တဲ့

ေအဘရာဟမ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ႐ိုးမားကိုေရာက္လာခဲ့ၿပီး ဒီရာသီစီးရီးေအမွာ

ဂိုး ၂၀ ေက်ာ္သြင္းထားၿပီးပါၿပီ။ အဲဒီအဂၤလန္သားဟာ ၿပီးခဲ့တဲ့အပတ္ကလည္း

႐ိုးမားဂႏၴဝင္တစ္ေယက္ျဖစ္တဲ့ ဘာတစၥတူတာရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့ေသးတာပါ။

လူကာကူကလည္း ၿပီးခဲ့တဲ့ရာသီက ဂိုးေပါင္းမ်ားစြာသြားၿပီး စီးရီးေအမွာ

အင္တာဗိုလ္စြဲေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ တစ္ေက်ာ့ျပန္

ခ်ဲလ္ဆီးကစားသမားဘဝမွာ ေပးရတဲ့ေဈးနဲ႔ မတန္ျဖစ္ေနၿပီး မၾကာေသးခင္

ပြဲေတြမွာ နည္းျပတူခ်ယ္ရဲ႕ေခါက္ထားျခင္းကိုေတာင္ ခံခဲ့ရတာပါ။

ဒါေၾကာင့္လည္း ကာပယ္လိုက”ဗစ္တာအိုဆင္ဟမ္၊ လူကာကူနဲ႔

ေအဘရာဟမ္တို႔ဟာ ျပည္ပရပ္ျခားက သာအဆင့္တိုက္စစ္မႈးေတြပါပဲ။

ဒီလိုကစားသမားေတြက အီတလီမွာ ခ်န္ပီယံျဖစ္လာပါတယ္။

ဒါက ေမးခြန္းအခ်ိဳ႕ထုတ္ေစသင့္တာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*