အေစီမီလန်ရဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို ယူနိုက်တက် ခေါ်ယူနိုင်တော့မယ် . . .

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီတောင်ပံတိုက်စစ်

ကစားသမား ရာဖေးလီယိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ခေါ်ယူနိုင်ဖို့
မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ရာဖေးလီယိုဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွှဲနေပြီး ဂါနာကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ အုပ်စု
အဖွင့်ပွဲတုန်းက လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သလို ဆွစ်ဇာလန်နဲ့
ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရာဖေးလီယိုဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက်လည်း ခြေစွမ်းပြကစားနေပြီး
ပြိုင်ပွဲစုံပွဲပေါင်း(၂၀)ကစား၊ (၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ နာမည်ကျော်
အားကစားဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ယူနိုက်တက်အသင်းဟာ

ရာဖေးလီယိုကို လာမယ့်ဇန်နဝါရီလအတွင်း ခေါ်ယူနိုင်ဖို့ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖာဘရစ်ဇီယိုရိုမာနိုရဲ့ သတင်းထုတ်ပြန်ချက်အရ ယူနိုက်တက်အသင်းဟာ ရာဖေးလီယိုကို

ယူရိုသန်း(၇၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိတော့မှာဖြစ်ပြီး အောင်မြင်မှုအပေါ် မူတည်ပြီး
ပေးချေရမယ့် ဆုကြေးငွေအပါအဝင် ယူရိုသန်း(၉၀)အထိ ကုန်ကျဖို့ရှိသလို တစ်ပတ်ကို
ယူရို(၃၀၀,၀၀၀)နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်,ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအစီမီလန္အသင္းရဲ႕ ေပၚတူဂီေတာင္ပံတိုက္စစ္
ကစားသမား ရာေဖးလီယိုကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း ေခၚယူႏိုင္ဖို႔
ေမွ်ာ္လင့္ခ်က္ရွိေနၿပီျဖစ္ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ရာေဖးလီယိုဟာ လက္ရွိက်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းနဲ႔အတူ ပါဝင္ဆင္ႏႊဲေနၿပီး ဂါနာကို (၃-၂)ဂိုးနဲ႔အႏိုင္ရတဲ့ အုပ္စု
အဖြင့္ပြဲတုန္းက လက္ေ႐ြးစင္ကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူခဲ့သလို ဆြစ္ဇာလန္နဲ႔

ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ရာေဖးလီယိုဟာ ဒီရာသီမွာ ေအစီမီလန္အသင္းအတြက္လည္း ေျခစြမ္းျပကစားေနၿပီး

ၿပိဳင္ပြဲစုံပြဲေပါင္း(၂၀)ကစား၊ (၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၉)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ နာမည္ေက်ာ္
အားကစားဂ်ာနယ္လစ္ျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက ယူႏိုက္တက္အသင္းဟာ
ရာေဖးလီယိုကို လာမယ့္ဇန္နဝါရီလအတြင္း ေခၚယူႏိုင္ဖို႔ရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဖာဘရစ္ဇီယို႐ိုမာႏိုရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ယူႏိုက္တက္အသင္းဟာ ရာေဖးလီယိုကို
ယူ႐ိုသန္း(၇၀)နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိေတာ့မွာျဖစ္ၿပီး ေအာင္ျမင္မႈအေပၚ မူတည္ၿပီး
ေပးေခ်ရမယ့္ ဆုေၾကးေငြအပါအဝင္ ယူ႐ိုသန္း(၉၀)အထိ ကုန္က်ဖို႔ရွိသလို တစ္ပတ္ကို
ယူ႐ို(၃၀၀,၀၀၀)နဲ႔ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္,ခ်ဳပ္ဆိုသြားမယ္လို႔ သိရပါတယ္။