အေဂျက်ဇ်က နေ့ခင်းကြောင်တောင် ဓားပြတိုက်သွားတာလို့ မန်ယူပရိသတ်အချို့ ဝေဖန်ရှုတ်ချ

အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီဟာ ယူနိုက်တက်ရဲ့ဒီနွေဈေးကွက် ၅ ဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အတွက် အေဂျက်ဇ်နဲ့ညှိနှိုင်းမှုအားလုံး အောင်မြင်သွားပြီလို့ ယူနိုက်တက်က

တရားဝင်သတင်းထုတ်ပြန်ထားသလို ကာယကံရှင်ကလည်း ဆေးစစ်မှုတောင်ပြီးသွားခဲ့ပါပြီ။ ယူနိုက်တက်ဟာ အန်တိုနီအတွက် ကနဦး ပေါင် ၈၀.၇၅ သန်းပေးချေရမှာဖြစ်ပြီး အပိုဆုကြေးအပါအဝင် ပေါင် ၄.၂၅ သန်း

ထပ်ပေးရမယ်လို့ BBC သတင်းဌာနက ဖေါ်ပြပါတယ်။ ဘရာဇီးလ်သားဟာ မန်ယူသမိုင်းမှာ ဒုတိယမြောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်လာသလို ပရီးမီးယားလိဂ်ရဲ့လစာအမြင့်မားဆုံး ကစားသမားတစ်ယောက်လည်း

ဖြစ်လာတော့မှာပါ။ နည်းပြတန်းဟတ် အလိုချင်ဆုံးကစားသမားတစ်ယောက်ကို ခေါ်ယူပေးလိုက်နိုင်တာဖြစ်ပေမယ့် တစ်ချို့ပရိသတ်တွေဆီက ပြန်ကြားရတဲ့အသံတွေကတော့ မကောင်းပါဘူး။ အေဂျက်ဇ်ရဲ့ဘဏ်အကောင့်ထဲကို

ယူရို သန်း ၁၀၀ လောက် ရောက်သွားစေမယ့်ခေါ်ယူမှုအတွက် သရဲနီပရိသတ်အချို့က သဘောမကျဖြစ်နေကြပါတယ်။ “ ယူနိုက်တက်ဟာ သမိုင်းမှာ အဆိုးရွားဆုံးအပြောင်းအရွှေ့ကို ၂ ကြိမ်တိုင်တိုင်ဖန်တီးတဲ့ တစ်ခုတည်းသောအသင်းပဲ ” လို့

ပရိသတ်တစ်ယောက်က ၂၀၁၉ မှာ မက်ဂွိုင်းယားကို လက်စတာကနေ ပေါင် ၈၅ သန်းနဲ့ခေါ်ယူခဲ့တာကိုရည်ရွယ်ပြီး တွစ်တာမှာရေးသားထားပါတယ်။ နောက်တစ်ယောက်ကလည်း “ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအပြောင်းအရွှေ့ ၁၀ ခု။

နံပါတ် ၁ – မန်ယူကို အန်တိုနီ ယူရို သန်း ၁၀၀ နဲ့ပြောင်းရွှေ့ခြင်း ” လို့ ရေးသားထားပါတယ်။ ဒါ့အပြင် “ ဒီလူက ယူရို သန်း ၁၀၀ ဆိုရင် ဘောလုံးတော့နွံနစ်ပြီ ” ၊ “ အေဂျက်ဇ်က နေ့ခင်းကြောင်တောင် ဓားပြတိုက်သွားတာပါ ” စတဲ့ မှတ်ချက်တွေလည်း ရှိနေပါတယ်။

(zawgyi)

ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီဟာ ယူႏိုက္တက္ရဲ႕ဒီေႏြေဈးကြက္ ၅ ဦးေျမာက္ ကစားသမားေခၚယူမႈ ျဖစ္လာခဲ့ပါတယ္။ ဘရာဇီးလ္လက္ေ႐ြးစင္အတြက္ ေအဂ်က္ဇ္နဲ႔ညႇိႏႈိင္းမႈအားလုံး ေအာင္ျမင္သြားၿပီလို႔ ယူႏိုက္တက္က

တရားဝင္သတင္းထုတ္ျပန္ထားသလို ကာယကံရွင္ကလည္း ေဆးစစ္မႈေတာင္ၿပီးသြားခဲ့ပါၿပီ။ ယူႏိုက္တက္ဟာ အန္တိုနီအတြက္ ကနဦး ေပါင္ ၈၀.၇၅ သန္းေပးေခ်ရမွာျဖစ္ၿပီး အပိုဆုေၾကးအပါအဝင္ ေပါင္ ၄.၂၅ သန္း

ထပ္ေပးရမယ္လို႔ BBC သတင္းဌာနက ေဖၚျပပါတယ္။ ဘရာဇီးလ္သားဟာ မန္ယူသမိုင္းမွာ ဒုတိယေျမာက္ ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံးကစားသမားျဖစ္လာသလို ပရီးမီးယားလိဂ္ရဲ႕လစာအျမင့္မားဆုံး

ကစားသမားတစ္ေယာက္လည္း ျဖစ္လာေတာ့မွာပါ။ နည္းျပတန္းဟတ္ အလိုခ်င္ဆုံးကစားသမားတစ္ေယာက္ကို ေခၚယူေပးလိုက္ႏိုင္တာျဖစ္ေပမယ့္ တစ္ခ်ိဳ႕ပရိသတ္ေတြဆီက ျပန္ၾကားရတဲ့အသံေတြကေတာ့ မေကာင္းပါဘူး။

ေအဂ်က္ဇ္ရဲ႕ဘဏ္အေကာင့္ထဲကို ယူ႐ို သန္း ၁၀၀ ေလာက္ ေရာက္သြားေစမယ့္ေခၚယူမႈအတြက္ သရဲနီပရိသတ္အခ်ိဳ႕က သေဘာမက်ျဖစ္ေနၾကပါတယ္။ “ ယူႏိုက္တက္ဟာ သမိုင္းမွာ အဆိုး႐ြားဆုံးအေျပာင္းအေ႐ႊ႕ကို ၂ ႀကိမ္တိုင္တိုင္ဖန္တီးတဲ့

တစ္ခုတည္းေသာအသင္းပဲ ” လို႔ ပရိသတ္တစ္ေယာက္က ၂၀၁၉ မွာ မက္ဂြိဳင္းယားကို လက္စတာကေန ေပါင္ ၈၅ သန္းနဲ႔ေခၚယူခဲ့တာကိုရည္႐ြယ္ၿပီး တြစ္တာမွာေရးသားထားပါတယ္။ ေနာက္တစ္ေယာက္ကလည္း

“ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးအေျပာင္းအေ႐ႊ႕ ၁၀ ခု။ နံပါတ္ ၁ – မန္ယူကို အန္တိုနီ ယူ႐ို သန္း ၁၀၀ နဲ႔ေျပာင္းေ႐ႊ႕ျခင္း ” လို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ “ ဒီလူက ယူ႐ို သန္း ၁၀၀ ဆိုရင္ ေဘာလုံးေတာ့ႏြံနစ္ၿပီ ” ၊ “ ေအဂ်က္ဇ္က ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္သြားတာပါ ” စတဲ့ မွတ္ခ်က္ေတြလည္း ရွိေနပါတယ္။