အေဂျက်စ်အသင်းက တပည့်ဟောင်းကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ အဲရစ်တန်ဟက် ဆန္ဒရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်အသင်း ကြယ်ပွင့်တစ်ဦးကို

ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့
ဂါနာလူငယ်ကြယ်ပွင့် ခူဒက်စ်ကို ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာ အေဂျက်စ်နည်းပြအဲရစ်တန်ဟက်
အပါအဝင် နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အန်တိုနီ၊ လီဆန်ဒရို
မာတီနက်ဇ်တို့ကို ခေါ်ယူခဲ့သလို အဲဒီမတိုင်ခင်ကလည်း ၂၀၂၀ ခုနှစ်တုန်းက
ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုလည်း ခေါ်ယူခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ သူ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ခူဒက်စ်ကို ဇန်နဝါရီ
အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အသင်းဆီ ခေါ်ယူချင်နေတယ်လို့
Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။

အသက်(၂၂)နှစ်သာရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခူဒက်စ်ဟာ
ဒီရာသီမှာ အေဂျက်စ်အသင်းအတွက် တိုက်စစ်မှူးအဖြစ်ပြောင်းလဲကစားနေပြီး

ပြိုင်ပွဲစုံ(၂၁)ပွဲကစား၊ (၁၀)ဂိုးသွင်းယူခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂါနာအသင်းအတွက် ခြေစွမ်းပြ

ကစားခဲ့ပြီး (၃)ပွဲကစား၊ (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ
အေဂျက်စ်နည်းပြဘဝမှာ ၂၀၂၀ ခုနှစ်တုန်းက ခူဒက်စ်ကို မစ်ဂျေးလန်ကနေ
ပေါင်(၈)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခု သူ့တပည့်ဟောင်းကို ပြန်ခေါ်ချင်ရင်
ပေါင်သန်း(၄၀)အထိ အသုံးပြုရဖို့ရှိပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအဂ်က္စ္အသင္း ၾကယ္ပြင့္တစ္ဦးကို
ထပ္မံေခၚယူသြားဖို႔ ျပင္ဆင္ေနၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့
ဂါနာလူငယ္ၾကယ္ပြင့္ ခူဒက္စ္ကို ပစ္မွတ္ထားေနပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီရာသီအစမွာ ေအဂ်က္စ္နည္းျပအဲရစ္တန္ဟက္
အပါအဝင္ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ အန္တိုနီ၊ လီဆန္ဒ႐ို

မာတီနက္ဇ္တို႔ကို ေခၚယူခဲ့သလို အဲဒီမတိုင္ခင္ကလည္း ၂၀၂၀ ခုႏွစ္တုန္းက
ကြင္းလယ္လူ ဗန္ဒီဘိခ္ကိုလည္း ေခၚယူခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာ သူ႔တပည့္ေဟာင္းတစ္ဦးျဖစ္သူ ခူဒက္စ္ကို ဇန္နဝါရီ
အေျပာင္းအေ႐ႊ႕ကာလအတြင္း ယူႏိုက္တက္အသင္းဆီ ေခၚယူခ်င္ေနတယ္လို႔
Daily Star သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ခူဒက္စ္ဟာ
ဒီရာသီမွာ ေအဂ်က္စ္အသင္းအတြက္ တိုက္စစ္မႉးအျဖစ္ေျပာင္းလဲကစားေနၿပီး
ၿပိဳင္ပြဲစုံ(၂၁)ပြဲကစား၊ (၁၀)ဂိုးသြင္းယူခဲ့ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဂါနာအသင္းအတြက္ ေျခစြမ္းျပ
ကစားခဲ့ၿပီး (၃)ပြဲကစား၊ (၂)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အဲရစ္တန္ဟက္ဟာ
ေအဂ်က္စ္နည္းျပဘဝမွာ ၂၀၂၀ ခုႏွစ္တုန္းက ခူဒက္စ္ကို မစ္ေဂ်းလန္ကေန

ေပါင္(၈)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အခု သူ႔တပည့္ေဟာင္းကို ျပန္ေခၚခ်င္ရင္
ေပါင္သန္း(၄၀)အထိ အသုံးျပဳရဖို႔ရွိပါတယ္။