
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယ်သာလန်လိဂ်ပွဲစဉ်အဖြစ် အေဂျက်စ်နဲ့
ဖီယင်နုအသင်းတို့ကစားတဲ့ပွဲမတိုင်ခင် အမ်စတာဒမ်ကွင်းထဲက
ပွဲကြည့်စင်တစ်ခုမှာ မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ပွဲမစခင် နှစ်ဖက်ကစားသမားတွေ ကိုယ့်ကွင်းဘက်ခြမ်းမှာနေရာယူအပြီး
ပွဲကြည့်စင်အောက်ဆုံးတန်းတစ်နေရာမှာ မီးလောင်ကျွမ်းနေတာဖြစ်ပြီး
အခြေအနေမဆိုးရွားခင် ကွင်းလုံခြုံရေးတာဝန်ရှိသူတွေက အချိန်မီ
မီးသတ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမီးလောင်ရတဲ့အကြောင်းရင်းကို အတိအကျ
မသိရသေးပေမယ့် မီဒီယာတွေကတော့ ပရိသတ်တွေထဲကပစ်လိုက်တဲ့
မီးရှူးမီးပန်းတစ်ခုဟာ ပွဲကြည့်စင်ရှေ့မှာချိတ်ဆွဲထားတဲ့အလံပေါ်ကို
မတော်တဆကျပြီးတော့ မီးလောင်တာဖြစ်တယ်လို့ဖော်ပြခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူရှိ၊ မရှိမသိရသေးဘဲ အေဂျက်စ်-
ဖီယင်နုတို့ရဲ့ De Klassieker ဒါဘီပွဲကိုတော့ ပုံမှန်အတိုင်းကျင်းပနိုင်ခဲ့ပြီး
အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက်
အေဂျက်စ်အသင်းက(၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အေဂျက်စ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံလိဂ်ရှုံးထွက်
(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရပေမယ့် ပြည်တွင်းလိဂ်ပြိုင်ပွဲမှာတော့
တည်ငြိမ်မှုရှိနေဆဲဖြစ်ပြီး ဖီယင်နုအသင်းကို(၁၁)မှတ်ဖြတ်ထားနိုင်သလို၊
ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ PSV အသင်းထက်(၂)မှတ်အကွာနဲ့
ထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
zawgyi
ေအဂ်က္စ္က(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပြဲစဥ္မတိုင္ခင္ ပြဲၾကည့္စင္မွာ အႀကီးအက်ယ္ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြား
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယ္သာလန္လိဂ္ပြဲစဥ္အျဖစ္ ေအဂ်က္စ္နဲ႔
ဖီယင္ႏုအသင္းတို႔ကစားတဲ့ပြဲမတိုင္ခင္ အမ္စတာဒမ္ကြင္းထဲက
ပြဲၾကည့္စင္တစ္ခုမွာ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ပါတယ္။
ပြဲမစခင္ ႏွစ္ဖက္ကစားသမားေတြ ကိုယ့္ကြင္းဘက္ျခမ္းမွာေနရာယူအၿပီး
ပြဲၾကည့္စင္ေအာက္ဆုံးတန္းတစ္ေနရာမွာ မီးေလာင္ကြၽမ္းေနတာျဖစ္ၿပီး
အေျခအေနမဆိုး႐ြားခင္ ကြင္းလုံၿခဳံေရးတာဝန္ရွိသူေတြက အခ်ိန္မီ
မီးသတ္ႏိုင္ခဲ့ပါတယ္။ အဲဒီလိုမီးေလာင္ရတဲ့အေၾကာင္းရင္းကို အတိအက်
မသိရေသးေပမယ့္ မီဒီယာေတြကေတာ့ ပရိသတ္ေတြထဲကပစ္လိုက္တဲ့
မီးရႉးမီးပန္းတစ္ခုဟာ ပြဲၾကည့္စင္ေရွ႕မွာခ်ိတ္ဆြဲထားတဲ့အလံေပၚကို
မေတာ္တဆက်ၿပီးေတာ့ မီးေလာင္တာျဖစ္တယ္လို႔ေဖာ္ျပခဲ့ၾကပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူရွိ၊ မရွိမသိရေသးဘဲ ေအဂ်က္စ္-
ဖီယင္ႏုတို႔ရဲ႕ De Klassieker ဒါဘီပြဲကိုေတာ့ ပုံမွန္အတိုင္းက်င္းပႏိုင္ခဲ့ၿပီး
အျပန္အလွန္သြင္းဂိုးေတြနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ၿပီးတဲ့ေနာက္
ေအဂ်က္စ္အသင္းက(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ေအဂ်က္စ္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ခ်န္ပီယံလိဂ္ရႈံးထြက္
(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရေပမယ့္ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာေတာ့
တည္ၿငိမ္မႈရွိေနဆဲျဖစ္ၿပီး ဖီယင္ႏုအသင္းကို(၁၁)မွတ္ျဖတ္ထားႏိုင္သလို၊
ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ PSV အသင္းထက္(၂)မွတ္အကြာနဲ႔
ထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။
Leave a Reply