အူမကြီးကင်ဆာရောဂါကြောင့် ဘရာဇီးလ်ဂန္ထဝင်ပီလီ အသက်(၈၂)နှစ်အရွယ်မှာ ကွယ်လွန်

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့

ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီး ပီလီဟာ ကင်ဆာရောဂါကြောင့် အသက်(၈၂)နှစ်
အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ပီလီဟာ အူမကြီးကင်ဆာရောဂါကြောင့် တစ်ကိုယ်လုံးရောင်ရမ်းပြီးတော့ နှလုံးက
ကောင်းကေင်းအလုပ်မလုပ်တော့တဲ့အတွက် နိုဝင်ဘာလ(၃၀)ရက်က ဆေးရုံ
တင်ပို့ခဲ့ရပြီး အစောပိုင်းမှာ သူ့ကျန်းမာရေးအခြေအနေအပေါ် မစိုးရိမ်ဖို့ ပရိသတ်တွေကို
အသိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်ကတည်းက ပီလီရဲ့ ကျန်းမာရေး
အနေအထားဟာ အားရစရာမရှိဘဲ ခန္ဓာကိုယ်အတွင်းပိုင်းက အရေးပါတဲ့
အင်္ဂါအစိတ်အပိုင်းတွေဟာ ကင်ဆာရောဂါကြောင့် စတင်ပျက်စီးလာသလို ဆေးလည်း

မတိုးတော့တဲ့အတွက် အခုဆိုရင် သူ ချစ်ရတဲ့မိသားစုနဲ့ ဘောလုံးလောကကို
ကျောခိုင်းထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။

ပီလီရဲ့ သမီးဖြစ်သူ Kely Nascimento က သူမရဲ့ Instagram မှာ ‘မိသားစုအတွက်
အဖေ ဆောင်ရွက်ပေးခဲ့တဲ့ အရာအားလုံးအတွက် အဖေ့ကို သမီးတို့ ကျေးဇူးတင်ပါတယ်။
အဖေ့ကို သမီးတို့ တစ်သက်လုံး ချစ်သွားမှာပါ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ
(Rest in peace)’ဆိုပြီးတော့ Post တင်ခဲ့ပါတယ်။

ပီလီဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ဆန်းတို့စ်၊ နယူးယော့ခ်ကော့စ်မို့စ်
အသင်းတွေနဲ့အတူ အမှတ်ပေးဖလားအပါအဝင် ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေ
ရယူနိုင်ခဲ့ပါတယ်။

အထူးခြားဆုံးအောင်မြင်မှုကတော့ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို
၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွေမှာ (၃)ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့တာဖြစ်ပြီး ဘောလုံးသမား

ဘဝတစ်လျှောက် သွင်းဂိုး(၁,၀၀၀)ကျော် သွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။

ပီလီ ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က သူ့ရဲ့ အောင်ပွဲခံ

ဓာတ်ပုံနဲ့အတူ ‘RIP Pele’ဆိုပြီးတော့ Post တင်ခဲ့သလို ဘာပေ၊ နေမာ၊ အူစိန်ဘော့၊
ဂယ်ရီလိုင်နီကာ၊ ဆာဂျော့ဖ်ဟတ်စ်စတဲ့ နာမည်ကျော်တွေကလည်း ဝမ်းနည်းကြောင်းစကား
ပြောခဲ့ကြပါတယ်။

[Zawgyi]

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရတဲ့
ဘရာဇီးလ္ဂႏၴဝင္ကစားသမားႀကီး ပီလီဟာ ကင္ဆာေရာဂါေၾကာင့္ အသက္(၈၂)ႏွစ္
အ႐ြယ္မွာ ကြယ္လြန္သြားၿပီျဖစ္ပါတယ္။

ပီလီဟာ အူမႀကီးကင္ဆာေရာဂါေၾကာင့္ တစ္ကိုယ္လုံးေရာင္ရမ္းၿပီးေတာ့ ႏွလုံးက
ေကာင္းေကင္းအလုပ္မလုပ္ေတာ့တဲ့အတြက္ ႏိုဝင္ဘာလ(၃၀)ရက္က ေဆး႐ုံ
တင္ပို႔ခဲ့ရၿပီး အေစာပိုင္းမွာ သူ႔က်န္းမာေရးအေျခအေနအေပၚ မစိုးရိမ္ဖို႔ ပရိသတ္ေတြကို

အသိေပးခဲ့ပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့တစ္ပတ္ေက်ာ္ေလာက္ကတည္းက ပီလီရဲ႕ က်န္းမာေရး

အေနအထားဟာ အားရစရာမရွိဘဲ ခႏၶာကိုယ္အတြင္းပိုင္းက အေရးပါတဲ့
အဂၤါအစိတ္အပိုင္းေတြဟာ ကင္ဆာေရာဂါေၾကာင့္ စတင္ပ်က္စီးလာသလို ေဆးလည္း
မတိုးေတာ့တဲ့အတြက္ အခုဆိုရင္ သူ ခ်စ္ရတဲ့မိသားစုနဲ႔ ေဘာလုံးေလာကကို
ေက်ာခိုင္းထြက္ခြာသြားခဲ့ရၿပီျဖစ္ပါတယ္။

ပီလီရဲ႕ သမီးျဖစ္သူ Kely Nascimento က သူမရဲ႕ Instagram မွာ ‘မိသားစုအတြက္
အေဖ ေဆာင္႐ြက္ေပးခဲ့တဲ့ အရာအားလုံးအတြက္ အေဖ့ကို သမီးတို႔ ေက်းဇူးတင္ပါတယ္။
အေဖ့ကို သမီးတို႔ တစ္သက္လုံး ခ်စ္သြားမွာပါ။ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစ

(Rest in peace)’ဆိုၿပီးေတာ့ Post တင္ခဲ့ပါတယ္။

ပီလီဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝမွာ ဆန္းတို႔စ္၊ နယူးေယာ့ခ္ေကာ့စ္မို႔စ္

အသင္းေတြနဲ႔အတူ အမွတ္ေပးဖလားအပါအဝင္ ႀကီးမားတဲ့ဆုဖလားေအာင္ျမင္မႈေတြ
ရယူႏိုင္ခဲ့ပါတယ္။

အထူးျခားဆုံးေအာင္ျမင္မႈကေတာ့ ဘရာဇီးလ္အသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆုကို
၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုႏွစ္ေတြမွာ (၃)ႀကိမ္တိုင္တိုင္ဆြတ္ခူးခဲ့တာျဖစ္ၿပီး ေဘာလုံးသမား
ဘဝတစ္ေလွ်ာက္ သြင္းဂိုး(၁,၀၀၀)ေက်ာ္ သြင္းယူႏိုင္တဲ့ စံခ်ိန္မွတ္တမ္းေကာင္း ပိုင္ဆိုင္ခဲ့ပါတယ္။

ပီလီ ကြယ္လြန္သြားတာနဲ႔ပတ္သက္ၿပီး ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္က သူ႔ရဲ႕ ေအာင္ပြဲခံ
ဓာတ္ပုံနဲ႔အတူ ‘RIP Pele’ဆိုၿပီးေတာ့ Post တင္ခဲ့သလို ဘာေပ၊ ေနမာ၊ အူစိန္ေဘာ့၊
ဂယ္ရီလိုင္နီကာ၊ ဆာေဂ်ာ့ဖ္ဟတ္စ္စတဲ့ နာမည္ေက်ာ္ေတြကလည္း ဝမ္းနည္းေၾကာင္းစကား
ေျပာခဲ့ၾကပါတယ္။