အူဘာမီယန်းဘရိတ် ရော်နယ်ဒိုအတွက် ချဲလ်ဆီးနဲ့ပြန်ဆွေးနွေးမယ့် ဂျော့မန်ဒက်စ်

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ဟာ ချဲလ်ဆီးနဲ့ပြန်လည်ဆွေးနွေးလိမ့်မယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖေါ်ပြပါတယ်။ ချဲလ်ဆီးပိုင်ရှင်သစ်တော့ဒ်ဘိုးလီနဲ့ ဂျော့်မန်ဒက်စ်တွေ့ဆုံခဲ့ကြတဲ့နောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို

ပေါ်တူဂီကြယ်ပွင့်ရောက်တော့မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တော့ဒ်ဘိုးလ်ီဟာ ရွှေဘောလုံး ၅ ဆုရှင်ကို အတော်လေးလိုချင်နေတယ်လို့ သတင်းထွက်ခဲ့တာပါ။

ဒါပေမဲ့ နည်းပြတူချယ်က အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကို မလိုချင်တာကြောင့် အပြောင်းအရွှေ့သတင်းလည်း တိုးတိတ်သွားခဲ့ပါတယ်။ မန်ယူနည်းပြဟောင်းတစ်ဦးဖြစ်သူ ရန်းနစ်ခ်ကလည်း ရော်နယ်ဒိုကိုမခေါ်ဖို့

ဂျာမန်လုပ်ဖော်ကိုင်ဖက်တူချယ်ကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာ ချဲလ်ဆီးဟာ ဘာစီလိုနာကထွက်ခွာမယ့် အူဘာမီယန်းဘက်လှည့်သွားခဲ့ပါတယ်။ တူချယ်ကလည်း ဒေါ့တ်မန်မှာလက်တွဲခဲ့ဖူးတဲ့ ဂါဘွန်သားနဲ့ပြန်လည်

အလုပ်လုပ်ချင်နေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးက အူဘာမီယန်းကို တစ်နှစ်စာချုပ်နဲ့သာကမ်းလှမ်းဖို့ ပြင်ဆင်နေတာကြောင့် ဆွေးနွေးမှုကတုံ့ဆိုင်းသွားခဲ့ပြန်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ကိုယ်စားလှယ်ဟာ

သူ့တိုက်စစ်မှူးအတွက် လန်ဒန်ကလပ်နဲ့ပြန်လည်ဆွေးနွေးဖို့ ရှိနေတယ်လို့ Independent သတင်းစာကလည်း ဖေါ်ပြပါတယ်။ တူချယ်က လက်ခံမလား၊ အသင်းပိုင်ရှင်နဲ့ လွန်ဆွဲကြမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

ဒါပေမဲ့ မန်ယူနည်းပြတန်းဟတ်ကတော့ ရော်နယ်ဒိုရဲ့အနာဂတ်အတွက် အာမခံချက်မပေးနိုင်ဘူးလို့ ပြောထားပါပြီ။ ချဲလ်ဆီးဟာ အူဘာမီယန်းနဲ့ ရော်နယ်ဒိုအပြင် ပဲလေ့စ်တောင်ပံတိုက်စစ်မှူးဇာဟာကိုလည်း စိတ်ဝင်စားနေပါတယ်။

(zawgyi)

မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ဟာ ခ်ဲလ္ဆီးနဲ႔ျပန္လည္ေဆြးေႏြးလိမ့္မယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖၚျပပါတယ္။ ခ်ဲလ္ဆီးပိုင္ရွင္သစ္ေတာ့ဒ္ဘိုးလီနဲ႔ ေဂ်ာ့္မန္ဒက္စ္ေတြ႕ဆုံခဲ့ၾကတဲ့ေနာက္

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေပၚတူဂီၾကယ္ပြင့္ေရာက္ေတာ့မယ္ဆိုတဲ့ သတင္းေတြ ၿပီးခဲ့တဲ့လက ထြက္ေပၚခဲ့ပါတယ္။ အထူးသျဖင့္ ေတာ့ဒ္ဘိုးလ္ီဟာ ေ႐ႊေဘာလုံး ၅ ဆုရွင္ကို အေတာ္ေလးလိုခ်င္ေနတယ္လို႔ သတင္းထြက္ခဲ့တာပါ။

ဒါေပမဲ့ နည္းျပတူခ်ယ္က အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို မလိုခ်င္တာေၾကာင့္ အေျပာင္းအေ႐ႊ႕သတင္းလည္း တိုးတိတ္သြားခဲ့ပါတယ္။ မန္ယူနည္းျပေဟာင္းတစ္ဦးျဖစ္သူ ရန္းနစ္ခ္ကလည္း ေရာ္နယ္ဒိုကိုမေခၚဖို႔

ဂ်ာမန္လုပ္ေဖာ္ကိုင္ဖက္တူခ်ယ္ကို တိုက္တြန္းခဲ့ပါတယ္။ အဲဒီေနာက္မွာ ခ်ဲလ္ဆီးဟာ ဘာစီလိုနာကထြက္ခြာမယ့္ အူဘာမီယန္းဘက္လွည့္သြားခဲ့ပါတယ္။ တူခ်ယ္ကလည္း ေဒါ့တ္မန္မွာလက္တြဲခဲ့ဖူးတဲ့ ဂါဘြန္သားနဲ႔ျပန္လည္ အလုပ္လုပ္ခ်င္ေနပါတယ္။

ဒါေပမဲ့ ခ်ဲလ္ဆီးက အူဘာမီယန္းကို တစ္ႏွစ္စာခ်ဳပ္နဲ႔သာကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာေၾကာင့္ ေဆြးေႏြးမႈကတုံ႔ဆိုင္းသြားခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒိုရဲ႕ကိုယ္စားလွယ္ဟာ

သူ႔တိုက္စစ္မႉးအတြက္ လန္ဒန္ကလပ္နဲ႔ျပန္လည္ေဆြးေႏြးဖို႔ ရွိေနတယ္လို႔ Independent သတင္းစာကလည္း ေဖၚျပပါတယ္။ တူခ်ယ္က လက္ခံမလား၊ အသင္းပိုင္ရွင္နဲ႔ လြန္ဆြဲၾကမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

ဒါေပမဲ့ မန္ယူနည္းျပတန္းဟတ္ကေတာ့ ေရာ္နယ္ဒိုရဲ႕အနာဂတ္အတြက္ အာမခံခ်က္မေပးႏိုင္ဘူးလို႔ ေျပာထားပါၿပီ။ ခ်ဲလ္ဆီးဟာ အူဘာမီယန္းနဲ႔ ေရာ္နယ္ဒိုအျပင္ ပဲေလ့စ္ေတာင္ပံတိုက္စစ္မႉးဇာဟာကိုလည္း စိတ္ဝင္စားေနပါတယ္။