အူဒီးနီဒစ်နဲ့ပွဲမှပဲ ဟက်ထရစ်သွင်းတော့ကွာဆိုပြီး အပေးအယူတည့်နေကြတဲ့ မော်ရင်ညိုနဲ့ ဒိုင်ဘာလာ

မနေ့ည ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၄ မှာ ရိုးမားဟာ တန်းတက်အသင်း မွန်ဇာကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ မော်ရင်ညိုရဲ့အသင်းအတွက် တိုက်စစ်မှူးဒိုင်ဘာလာက ပထမပိုင်းမှာကတည်းက ၂ ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းမှာ

အိုင်ဘာနက်ဇ်က တစ်ဂိုးထပ်သွင်းပေးခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် ရိုးမားဟာ ဆာဆူအိုလိုနဲ့ သရေကျသွားတဲ့ အေစီမီလန်ကိုကျော်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ အမှတ်ရစရာဖြစ်ရပ်တစ်ခုကတော့ မော်ရင်ညိုရဲ့လက်တွေကို ဒိုင်ဘာလာ နမ်းရှုံ့သွားခဲ့တာပါပဲ။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပွဲချိန် ၆၅ မိနစ်မှာ အဲလ်ရှောရေးနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဟက်ထရစ်ရဖို့ အခွင့်အရေးရှိနေတဲ့ကစားသမားတစ်ယောက်

လူစားလဲခံရရင် နည်းပြအပေါ်ပေါက်ကွဲတတ်တာမျိုး ဒိုင်ဘာလာမှာ မတွေ့ခဲ့ရဘဲ စပါယ်ရှယ်ဝမ်းအပေါ် မြတ်မြတ်နိုးနိုးရှိနေခဲ့တာပါ။ ဒီပုံရိပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့သလို သူတို့နှစ်ယောက်

တီးတိုးပြောခဲ့ကြတာတွေကိုလည်း ပရိသတ်တွေ သိချင်နေကြပါတယ်။ ဒါကို ပေါ်တူဂီသားက ပြန်လည်ဖောက်သည်ချပေးခဲ့ပါတယ်။ “ ပြီးခဲ့တဲ့ရာသီတုန်းက ဒီနေရာမှာ ဂျူဗင်တပ်လာကစားတုန်းကလည်း သူ လူစားလဲခံခဲ့ရပါတယ်။

အဲဒီတုန်းက မင်းဟာ သိပ်ကောင်းတဲ့ကောင်လေးလို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီညမှာလည်း ဒီလိုပဲပြောခဲ့တာပါ။ ကျွန်တော်တို့ ပြုံးမိခဲ့ကြတာက ဒီကွင်းမှာပဲ သူဂိုးသွင်းနိုင်ခဲ့တာကို သတိရသွားတာကြောင့်ဖြစ်ပါတယ်။

ကွင်းထဲမှာဆက်ရှိနေသေးရင် ဟက်ထရစ်ရနိုင်တယ်လို့ သူကပြောပါသေးတယ်။ အူဒီးနီးစ်နဲ့ပွဲမှ ဆက်လုပ်ကြတာပေါ့လို့ သူ့ကို ကျွန်တော်ပြန်ပြောခဲ့တာပါ ” မော်ရင်ညိုက DAZN သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

(zawgyi)

မေန႔ည ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္ ၄ မွာ ႐ိုးမားဟာ တန္းတက္အသင္း မြန္ဇာကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ေမာ္ရင္ညိဳရဲ႕အသင္းအတြက္ တိုက္စစ္မႉးဒိုင္ဘာလာက ပထမပိုင္းမွာကတည္းက ၂ ဂိုးသြင္းေပးခဲ့ၿပီး ဒုတိယပိုင္းမွာ

အိုင္ဘာနက္ဇ္က တစ္ဂိုးထပ္သြင္းေပးခဲ့တာပါ။ ဒီႏိုင္ပြဲေၾကာင့္ ႐ိုးမားဟာ ဆာဆူအိုလိုနဲ႔ သေရက်သြားတဲ့ ေအစီမီလန္ကိုေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒီပြဲရဲ႕ အမွတ္ရစရာျဖစ္ရပ္တစ္ခုကေတာ့

ေမာ္ရင္ညိဳရဲ႕လက္ေတြကို ဒိုင္ဘာလာ နမ္းရႈံ႕သြားခဲ့တာပါပဲ။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ပြဲခ်ိန္ ၆၅ မိနစ္မွာ အဲလ္ေရွာေရးနဲ႔ လူစားလဲခံခဲ့ရပါတယ္။ ဟက္ထရစ္ရဖို႔ အခြင့္အေရးရွိေနတဲ့ကစားသမားတစ္ေယာက္ လူစားလဲခံရရင္

နည္းျပအေပၚေပါက္ကြဲတတ္တာမ်ိဳး ဒိုင္ဘာလာမွာ မေတြ႕ခဲ့ရဘဲ စပါယ္ရွယ္ဝမ္းအေပၚ ျမတ္ျမတ္ႏိုးႏိုးရွိေနခဲ့တာပါ။ ဒီပုံရိပ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ေရပန္းစားခဲ့သလို သူတို႔ႏွစ္ေယာက္ တီးတိုးေျပာခဲ့ၾကတာေတြကိုလည္း

ပရိသတ္ေတြ သိခ်င္ေနၾကပါတယ္။ ဒါကို ေပၚတူဂီသားက ျပန္လည္ေဖာက္သည္ခ်ေပးခဲ့ပါတယ္။ “ ၿပီးခဲ့တဲ့ရာသီတုန္းက ဒီေနရာမွာ ဂ်ဴဗင္တပ္လာကစားတုန္းကလည္း သူ လူစားလဲခံခဲ့ရပါတယ္။ အဲဒီတုန္းက မင္းဟာ

သိပ္ေကာင္းတဲ့ေကာင္ေလးလို႔ သူ႔ကို ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ ဒီညမွာလည္း ဒီလိုပဲေျပာခဲ့တာပါ။ ကြၽန္ေတာ္တို႔ ၿပဳံးမိခဲ့ၾကတာက ဒီကြင္းမွာပဲ သူဂိုးသြင္းႏိုင္ခဲ့တာကို သတိရသြားတာေၾကာင့္ျဖစ္ပါတယ္။

ကြင္းထဲမွာဆက္ရွိေနေသးရင္ ဟက္ထရစ္ရႏိုင္တယ္လို႔ သူကေျပာပါေသးတယ္။ အူဒီးနီးစ္နဲ႔ပြဲမွ ဆက္လုပ္ၾကတာေပါ့လို႔ သူ႔ကို ကြၽန္ေတာ္ျပန္ေျပာခဲ့တာပါ ” ေမာ္ရင္ညိဳက DAZN သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။