အုပ်စုနောက်ဆုံးပွဲမှာ မက်ဆီ ပယ်နယ်တီလွဲခဲ့တာက အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ နမိတ်ကောင်းဖြစ်ခဲ့ . .

ပိုလန်အသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ အာဂျင်တီးနား

နာမည်ကျော်ကစားသမား မက်ဆီဟာ ပယ်နယ်တီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။
ပွဲချိန်မိနစ်(၃၀)ကျော်မှာ အာဂျင်တီးနားအသင်း အငြင်းပွားစရာ ပယ်နယ်တီရခဲ့ပြီး
ပိုလန်ဂိုးသမား ဆဇက်စနီ ဘောလုံးကို ထွက်ပုတ်ဖို့ ကြိုးစားတာကနေ မက်ဆီရဲ့
မျက်နှာကို လက်နဲ့ မတော်တဆထိခဲ့မိတာကြောင့် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးတော့
ပယ်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

ဒီပယ်နယ်တီကို မက်ဆီ ကန်သွင်းခဲ့ပေမယ့် ဆဇက်စနီက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးပယ်နယ်တီ(၃)ကြိမ်ထဲက (၂)ကြိမ်အထိ

လွဲချော်ခဲ့တာကြောင့် ၁၉၆၆ ကနေ လက်ရှိအချိန်အထိ ဂါနာအသင်း နာမည်ကျော်
တိုက်စစ်မှူးဟောင်း အဆာမိုဂျန်(၄ကြိမ်မှာ ၃ကြိမ်လွဲ)ပြီးရင် ပယ်နယ်တီလွဲချော်မှု
အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပိုလန်နဲ့ပွဲမှာ မက်ဆီ ပယ်နယ်တီလွဲခဲ့ပေမယ့် ထူးခြားတဲ့ အစဉ်အလာမှတ်တမ်းအရ
အာဂျင်တီးနားအသင်း ဒီနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကို မျှော်လင့်ခွင့်ရှိနေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အာဂျင်တီးနားအသင်း အုပ်စုတတိယပွဲမှာ
ပယ်နယ်တီလွဲချော်တဲ့အကြိမ်တိုင်း ဗိုလ်စွဲနိုင်ခဲ့လို့ဖြစ်ပါတယ်။

၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုတတိယပွဲမှာ အာဂျင်တီးနားတို့ ပယ်နယ်တီရခဲ့ပြီး
ဂန္ထဝင်တိုက်စစ်မှူး မာရီယိုကမ်းပတ်စ် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘဲ အဲဒီနှစ်မှာ

အာဂျင်တီးနားအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘူလ်ဂေးရီးယားကို

(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဂျင်တီးနားအသင်း ပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို
မာရာဒိုနာ လွဲချော်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အနောက်ဂျာမနီကို (၃-၂)ဂိုးနဲ့ အနိုင်ယူပြီးတော့
ဒုတိယမြောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

ထူးခြားတာက အာဂျင်တီးနားအသင်းမှာ ဂန္ထဝင်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့
မာရီယိုကမ်းပတ်စ်နဲ့ မာရာဒိုနာတို့ဟာ အုပ်စုတတိယပွဲမှာ ပယ်နယ်တီအခွင့်အရေးကို
တိုက်တိုက်ဆိုင်ဆိုင် လွဲချော်ခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံး ချန်ပီယံဆုရရှိခဲ့တာပါပဲ။ အခုလည်း
အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလား

အုပ်စုတတိယပွဲမှာ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် ကံကြမ္မာတစ်ပတ် ပြန်လည်ပြီး
အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံဆုကို တတိယအကြိမ် ရယူနိုင်မလားဆိုတာကတော့ . . .

[Zawgyi]

ပိုလန္အသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာ အာဂ်င္တီးနား
နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ပယ္နယ္တီအခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့ပါဘူး။
ပြဲခ်ိန္မိနစ္(၃၀)ေက်ာ္မွာ အာဂ်င္တီးနားအသင္း အျငင္းပြားစရာ ပယ္နယ္တီရခဲ့ၿပီး
ပိုလန္ဂိုးသမား ဆဇက္စနီ ေဘာလုံးကို ထြက္ပုတ္ဖို႔ ႀကိဳးစားတာကေန မက္ဆီရဲ႕
မ်က္ႏွာကို လက္နဲ႔ မေတာ္တဆထိခဲ့မိတာေၾကာင့္ ဒိုင္လူႀကီးက VAR ျပန္ၾကည့္ၿပီးေတာ့

ပယ္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

ဒီပယ္နယ္တီကို မက္ဆီ ကန္သြင္းခဲ့ေပမယ့္ ဆဇက္စနီက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေနာက္ဆုံးပယ္နယ္တီ(၃)ႀကိမ္ထဲက (၂)ႀကိမ္အထိ
လြဲေခ်ာ္ခဲ့တာေၾကာင့္ ၁၉၆၆ ကေန လက္ရွိအခ်ိန္အထိ ဂါနာအသင္း နာမည္ေက်ာ္
တိုက္စစ္မႉးေဟာင္း အဆာမိုဂ်န္(၄ႀကိမ္မွာ ၃ႀကိမ္လြဲ)ၿပီးရင္ ပယ္နယ္တီလြဲေခ်ာ္မႈ
အမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပိုလန္နဲ႔ပြဲမွာ မက္ဆီ ပယ္နယ္တီလြဲခဲ့ေပမယ့္ ထူးျခားတဲ့ အစဥ္အလာမွတ္တမ္းအရ
အာဂ်င္တီးနားအသင္း ဒီႏွစ္ ကမာၻ႔ဖလားခ်န္ပီယံဆုကို ေမွ်ာ္လင့္ခြင့္ရွိေနပါၿပီ။
ဘာျဖစ္လို႔လဲဆိုေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းမွာ အာဂ်င္တီးနားအသင္း အုပ္စုတတိယပြဲမွာ

ပယ္နယ္တီလြဲေခ်ာ္တဲ့အႀကိမ္တိုင္း ဗိုလ္စြဲႏိုင္ခဲ့လို႔ျဖစ္ပါတယ္။

၁၉၇၈ ကမာၻ႔ဖလားၿပိဳင္ပြဲ၊ အုပ္စုတတိယပြဲမွာ အာဂ်င္တီးနားတို႔ ပယ္နယ္တီရခဲ့ၿပီး

ဂႏၴဝင္တိုက္စစ္မႉး မာရီယိုကမ္းပတ္စ္ ဂိုးဝင္ေအာင္ မသြင္းႏိုင္ခဲ့ဘဲ အဲဒီႏွစ္မွာ
အာဂ်င္တီးနားအသင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ၊ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ဘူလ္ေဂးရီးယားကို
(၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အာဂ်င္တီးနားအသင္း ပယ္နယ္တီရခဲ့ၿပီး ဒီပယ္နယ္တီကို
မာရာဒိုနာ လြဲေခ်ာ္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ အေနာက္ဂ်ာမနီကို (၃-၂)ဂိုးနဲ႔ အႏိုင္ယူၿပီးေတာ့
ဒုတိယေျမာက္ ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ျပန္ပါတယ္။

ထူးျခားတာက အာဂ်င္တီးနားအသင္းမွာ ဂႏၴဝင္ကစားသမားေတြအျဖစ္ သတ္မွတ္ခံထားရတဲ့
မာရီယိုကမ္းပတ္စ္နဲ႔ မာရာဒိုနာတို႔ဟာ အုပ္စုတတိယပြဲမွာ ပယ္နယ္တီအခြင့္အေရးကို
တိုက္တိုက္ဆိုင္ဆိုင္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ႏွစ္ေယာက္စလုံး ခ်န္ပီယံဆုရရွိခဲ့တာပါပဲ။ အခုလည္း

အာဂ်င္တီးနားအသင္းရဲ႕ ဂႏၴဝင္အျဖစ္ သတ္မွတ္ခံထားရတဲ့ မက္ဆီဟာ ကမာၻ႔ဖလား
အုပ္စုတတိယပြဲမွာ ပယ္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္ ကံၾကမၼာတစ္ပတ္ ျပန္လည္ၿပီး
အာဂ်င္တီးနားတို႔ ကမာၻ႔ဖလားခ်န္ပီယံဆုကို တတိယအႀကိမ္ ရယူႏိုင္မလားဆိုတာကေတာ့ . . .