အုပ်စုက ထွက်ရဖို့ နီးစပ်ခဲ့တယ်ဆိုတာ ကြိုသိရင် နှလုံးရောဂါဖောက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ အင်းနရစ် ဝန်ခံ

စပိန်အသင်းနည်းပြအင်းနရစ်က သူတို့အသင်း ကမ္ဘာ့ဖလားအုပ်စုကနေ လှည့်ပြရဖို့

လက်မတင်ကလေး နီးစပ်ခဲ့တယ်ဆိုတာ ကြိုတင်သိမယ်ဆိုရင် နှလုံးရောဂါ
ထဖောက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဟောင်း စပိန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂျပန်ကို (၂-၁)ဂိုးနဲ့
ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း စပိန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ လှည့်ပြန်ရမယ့်
အခြေအနေဆိုးနဲ့ ရင်ဆိုင်ရဖို့ သီသီလေးလွဲခဲ့တာဖြစ်ပြီး တစ်ဖက်က ဂျာမနီနဲ့

ကော်စတာရီကာပွဲမှာ ကော်စတာရီကာအသင်းက မိနစ်(၇၀)မှာ (၂-၁)ဂိုးနဲ့အနိုင်
ရနေတာကြောင့် စပိန်က ဂျပန်ကို ရှုံး၊ ကော်စတာရီကာက ဂျာမနီကို နိုင်သွားမယ်ဆိုရင်
စပိန်နဲ့ ဂျာမနီ အုပ်စုကထွက်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ တိုက်စစ်ကစားသမားဟာဗတ်ဇ်က (၂)ဂိုး
သွင်းယူခဲ့သလို ဖူလ်ခရက်ဂ်က စတုတ္ထဂိုးသွင်းယူခဲ့တာကြောင့် စပိန်တို့

ကံကောင်းထောက်မစွာနဲ့ပဲ ရှုံးထွက်(၁၆)သင်းအဆင့် တက်ခွင့်ရခဲ့တာပါ။ ဂျပန်နဲ့ပွဲအပြီး
ESPN နဲ့ အင်တာဗျူးမှာ အင်းနရစ်က “ကျွန်တော်တို့ အုပ်စုက ထွက်ရမယ့်အခြေအနေ
ဖြစ်ခဲ့တာလား . . .

တခြားပွဲကို ကျွန်တော် အာရုံမစိုက်နိုင်တော့ ဘယ်အချိန်မှာ အဲဒီလိုဖြစ်ခဲ့တာလဲဗျ။
ကျွန်တော် လုံး၀ မသိခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်တို့အသင်း အုပ်စုကထွက်ရနိုင်တယ်ဆိုတာ
ကြိုသိရင် နှလုံးရောဂါတောင်ဖြစ်သွားနိုင်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။ စပိန်အသင်းဟာ
လာမယ့်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့

အနိုင်ရခဲ့ရင် ကွာတားဖိုင်နယ်မှာ ပေါ်တူဂီနဲ့ ဆုံတွေ့နိုင်တဲ့အခြေအနေရှိပါတယ်။

[Zawgyi]

စပိန္အသင္းနည္းျပအင္းနရစ္က သူတို႔အသင္း ကမာၻ႔ဖလားအုပ္စုကေန လွည့္ျပရဖို႔

လက္မတင္ကေလး နီးစပ္ခဲ့တယ္ဆိုတာ ႀကိဳတင္သိမယ္ဆိုရင္ ႏွလုံးေရာဂါ
ထေဖာက္တဲ့အထိ ျဖစ္သြားႏိုင္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံေဟာင္း စပိန္အသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဂ်ပန္ကို (၂-၁)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့ေပမယ့္ ဒုတိယေနရာနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။
ဒါေပမဲ့လည္း စပိန္အသင္းဟာ ကမာၻ႔ဖလားအုပ္စုအဆင့္ကေန လွည့္ျပန္ရမယ့္
အေျခအေနဆိုးနဲ႔ ရင္ဆိုင္ရဖို႔ သီသီေလးလြဲခဲ့တာျဖစ္ၿပီး တစ္ဖက္က ဂ်ာမနီနဲ႔

ေကာ္စတာရီကာပြဲမွာ ေကာ္စတာရီကာအသင္းက မိနစ္(၇၀)မွာ (၂-၁)ဂိုးနဲ႔အႏိုင္
ရေနတာေၾကာင့္ စပိန္က ဂ်ပန္ကို ရႈံး၊ ေကာ္စတာရီကာက ဂ်ာမနီကို ႏိုင္သြားမယ္ဆိုရင္
စပိန္နဲ႔ ဂ်ာမနီ အုပ္စုကထြက္ရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ဒုတိယပိုင္းမွာ လူစားဝင္လာတဲ့ တိုက္စစ္ကစားသမားဟာဗတ္ဇ္က (၂)ဂိုး
သြင္းယူခဲ့သလို ဖူလ္ခရက္ဂ္က စတုတၳဂိုးသြင္းယူခဲ့တာေၾကာင့္ စပိန္တို႔

ကံေကာင္းေထာက္မစြာနဲ႔ပဲ ရႈံးထြက္(၁၆)သင္းအဆင့္ တက္ခြင့္ရခဲ့တာပါ။ ဂ်ပန္နဲ႔ပြဲအၿပီး
ESPN နဲ႔ အင္တာဗ်ဴးမွာ အင္းနရစ္က “ကြၽန္ေတာ္တို႔ အုပ္စုက ထြက္ရမယ့္အေျခအေန
ျဖစ္ခဲ့တာလား . . .

တျခားပြဲကို ကြၽန္ေတာ္ အာ႐ုံမစိုက္ႏိုင္ေတာ့ ဘယ္အခ်ိန္မွာ အဲဒီလိုျဖစ္ခဲ့တာလဲဗ်။
ကြၽန္ေတာ္ လုံး၀ မသိခဲ့ပါဘူး။ တကယ္လို႔ ကြၽန္ေတာ္တို႔အသင္း အုပ္စုကထြက္ရႏိုင္တယ္ဆိုတာ
ႀကိဳသိရင္ ႏွလုံးေရာဂါေတာင္ျဖစ္သြားႏိုင္ပါတယ္”ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။ စပိန္အသင္းဟာ
လာမယ့္ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ ေမာ္႐ိုကိုနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး တကယ္လို႔

အႏိုင္ရခဲ့ရင္ ကြာတားဖိုင္နယ္မွာ ေပၚတူဂီနဲ႔ ဆုံေတြ႕ႏိုင္တဲ့အေျခအေနရွိပါတယ္။